အနာဂတ်မြန်မာနိုင်ငံတော်အရေးဆွေးနွေးပွဲ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် မြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံး၌ ယနေ့မွန်းလွဲ ၁ နာရီ မှစတင်ကာ အနာဂတ်မြန်မာနိုင်ငံ တော်အရေးဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြ ပြီး ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်းက အဖွင့်အမှာစကားပြော ကြားပါသည်။

Read more

မအူပင်ပြည်ခိုင်ဖြိုးပါတီသင်တန်းဆင်းပွဲ လပတ်စည်းဝေးပွဲနှင့် လူငယ်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

မအူပင် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသည့် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ လပတ်ပုံမှန်အစည်း အဝေးနှင့် လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် မအူပင်ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကျင်းပ

 

ရန်​ကုန်​တိုင်း​ဒေသကြီး(​မြောက်​ပိုင်း)ခရိုင်​​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးခန်းမတွင်​ယ​နေ့မွန်းလွဲ၁နာရီကနိုင်​ငံ​ရေး​ဆွေး​နွေးပွဲကိုအင်​အား၁၀၀​ကျော်​ဖြင့်​ကျင်းပခဲ့သည်​။
အဆိုပါအခမ်းအနားသို့ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​-​​ရွှေပြည်​သာမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​​ကော်​မတီဝင်​များ-ရပ်​​ကျေးဥက္ကဌများနှင့်​ရပ်​​ကျေး​ကော်​မတီဝင်​များ- ​ရွှေပြည်​သာမြို့နယ်​စာ​ရေးဆရာများအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)နှင့်​တကွစိတ်​ပါဝင်​စားကြသည့်​ပြည်​သူများတက်​​ရောက်​ခဲ့ကြသည်​။

အစီအစဉ်​အရအခမ်းအနားကိုနိုင်​ငံ​တော်​သီချင်းဖြင့်​သီဆိုဖွင့်​လှစ်​ပြီးခရိုင်​အတွင်း​ရေးမှူးဦးမျိုး​ဇော်​ကအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးယခုဖြစ်​​ပေါ်​နေ​သောနိုင်​ငံ​ရေးကိစ္စများနှင့်​ပတ်​သက်​၍မြို့နယ်​ဥက္ကဌဦးလင်း​အောင်​​အောင်​နှင့်​မြို့နယ်​စာ​ရေးဆရာအသင်းဥက္ကဌဦးညီ​မေတ္တာ(အမရပူရ)တို့က​ဆွေး​နွေးချက်​များကိုကဏ္ဍအလိုက်​တစ်​ဦးစီသီးခြား​ဆွေး​နွေးခဲ့ကြပြီး၎င်း​ဆွေး​နွေးချက်​များအ​ပေါ်မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှပြန်​လည်​​ဖြေရှင်း​ပြောကြားသည်​။
ထို့​နောက်​​ဆွေး​နွေးချက်​များကိုသ​ဘောထားထုတ်​ပြန်​ကာဇာတိမာန်​သီချင်းဖြင့်​သီဆိုကာအခမ်းအနားကို​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်​။


Read more

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး(နည်းပြ)သင်တန်း သင်တန်းဆင်းပွဲအခမ်း အနားကျင်းပပြုလုပ်

 

မုံရွာ-ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေး (နည်းပြ)သင်တန်းကို တိုင်းပါတီရုံး၍ ၂၀-၆-၂၀၁၈ မှစ၍ ၃၀-၆-၂၀၁၈ရက်နေ့ထိ ၁၁ရက်ကြာ ဖွင့်လှစ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ပါတီဝင်သင်တန်းသားစုစုပေါင်း (၄၁)ဦးတတ်ရောက်ခဲ့ကြပြီး ဒီကနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၀၉:၃၀)မိနစ်အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

မှော်ဘီ၊ဇွန်၃၀

မှော်ဘီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး
ဆွေးနွေးပွဲကိုယနေ့ ဇွန်လ ၃၀ ရက် နံနက်(၉)နာရီတွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပခဲ့သည်။အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်းသီဆိုကာအခမ်းအနားဖွင့်လှစ်ခဲ့သည်။အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင်ဒေါက်တာနေလင်း၊တိုင်းပါတီနာယက၊ပထမအကြိမ်(မှော်ဘီမြို့နယ်)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်၊မြောက်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးဇော်နှင့်ခရိုင်ကော်မတီဝင်ဦးဝင်းစိုး၊မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊စာရေးဆရာ အမတ်ဒိန် နှင့်စာရေးဆရာ ဦးထွန်းလှိုင်(မြိုင်) နှင့်မှော်ဘီမြို့နယ်မှ ပါတီဝင် အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
#Phyowailinn


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၂၉.၆.၂၀၁၈ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးခွဲတွင်ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဦးဆောင်၍ ပြောရေးဆိုခွင့်ရှိသဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲအား ပြလုပ်ခဲ့ပါသည်။

Read more

ဘရာဇီး-မက္ကဆီကို၊ ဘယ်လ်ဂျီယံ-ဂျပန် ထိပ်တိုက်တွေ့ဆုံမည့်ည

ဘရာဇီး – မက္ကဆီကို 

(ည ၈ နာရီ ခွဲ) 

ဘရာဇီးအနေဖြင့် ယခုအချိန်ထိ ချန်ပီယံခြေစွမ်းမပြနိုင်သေးဘဲ ဆွစ်ဇာလန်၊ ကော်စတာ ရီကာနှင့်ပွဲတွင် ရုန်းကန်ခဲ့ရပြီး နေမာလည်း စွမ်းဆောင်ရည် ကောင်းမပြနိုင်သေးပေ။ သို့သော် ကော်တင်ဟိုက ဘရာဇီးအတွက် အကျိုးပြုနေသည်။

Read more

စပိန်လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့တဲ့ ဘောလုံးမှော်ဆရာ

စပိန်အသင်း ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာဟာ လက်ရွေးစင်ဘ၀ကနေ အနားယူပြီလို့ အတည်ပြု လိုက်ပါတယ်။

စပိန်ဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလား အိမ်ရှင်ရုရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးကာ
ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အသက် ၃၄ နှစ်ရှိတဲ့ အင်နီယေစတာကလည်း အနားယူလိုက်တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ မတိုင်ခင်ကတည်းက အင်နီယေစတာရဲ့ နောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတိုင်း သူအနားယူ လိုက်တာဖြစ်ပါတယ်။

Read more

အနာဂတ်ကိုဆုံးဖြတ်ရမယ့်အချိန်မဟုတ်သေးဘူးဆိုတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ လက်ရွေးစင် ဘ၀က အနားယူရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပေမယ့် ဒါတွေကို ပြောရမယ့်အချိန် မဟုတ်သေး ဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ 2022 ခုနှစ်မှာကျင်းပမယ့် ကာတာပြိုင်ပွဲရောက်ချိန်ဆိုရင် အသက် 37 နှစ်ရှိနေမှာဖြစ်လို့ လက်ရွေးစင်ကစားသမားအဖြစ် ဆက်ကစားနိုင်ဖို့က မသေချာပါဘူး။ ဒါကြောင့်လည်း သူအနားယူမယ့် သတင်းတွေကို မီဒီယာတွေက သုံးသပ်ဖော်ပြနေကြတာပါ။

Read more

ဟောင်ကောင်ကို တရုတ်အစိုးရ ချုပ်ကိုင်မှုအား လူထောင်ချီ ဆန္ဒပြ

ဇူလိုင်လ ၁ ရက်နေ့က  ဟောင်ကောင်မှာ လူထောင်ချီပြီး ဟောင်ကောင်အား တရုတ်အစိုးရ ချုပ်ကိုင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

နှစ်စဉ်ကျင်းပမြဲ ဟောင်ကောင် ဒီမိုကရေစီ ထောက်ခံပွဲဟာ ဒီနှစ်တော့ ပါဝင်သူ အရေအတွက် အနည်းဆုံး အနေအထားတခုကို ရောက်ရှိခဲ့ပါတယ်။

ဆန္ဒပြသူတချို့က ဒီမိုကရက်တစ်လှုပ်ရှားမှု အမှတ်လက္ခဏာအဖြစ် အဝါရောင်ထီးတွေနဲ့ ချီတက်ကြရာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားခဲ့ပါတယ်။

Read more