နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပခုက္ကူမြို့ ချောက်ကန်ရွာက ဒေသခံတွေ စကားဝိုင်းပြုလုပ်မည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချောက်ကန် ကျေးရွာ က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စကားဝိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မနက်ဖြန် သြဂုတ်လ ၉ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီစကားဝိုင်းကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ Information Committee ဖေ့ဘွတ်လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Read more







