ရန်ကုန် သြဂုတ် ၂ဝ ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။ ထိုတရားစခန်းတွင်ဆရာတော် ဘဒ္ဒန္တဦးသြဘာသအား အမှူးထား ၍ ဥက္ကဋ္ဌဦးသန်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌဦးဝင်းမော်ဦးနှင့်ဦးသန်းဝင်း အောင်၊အတွင်းရေးမှူးဦးသန်းထူး၊ ဦးကြည်သိန်းနှင့် အဖွဲ့ဝင်များမှ ဦးစီးပြီး ပြုလုပ်ခဲ့သည်။ ထိုတရား စခန်းပွဲတွင် ရန်ကုန်မြောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ အမျိုးသမီးတာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ အမျိုးသမီး ထုများ၊ လူငယ်ပါတီဝင်များက ခုနစ်ရက်ပတ်လုံး လုပ်အားဒါန ပေးလှူခဲ့ကြသည်။ တရားစခန်း အောင်ပွဲတွင် အာစိဏ္ဏကံယောဂီ များ၊ တရားစခန်းဝင် ယောဂီများ၊ လှိုင်သာယာမြို့နယ်တွင်းမှ ရပ်နီး ရပ်ဝေးစေတနာရှင်များမှ စုပေါင်း ၍ စာချစာသင်သံဃာတော် အရှင် သူမြတ်အပါး ၃ဝဝ တို့အား ဝါဆို သင်္ကန်းနှင့်နေ့ဆွမ်း၊ အချိုပွဲ၊ အာဟာရတို့ဖြင့် ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်ထံမှ လှူဖွယ် ပစ္စည်းများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။ မြင့်သိန်း(လှိုင်သာယာ)

သတင်းအဖွဲ့

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေစကြိုမြို့နယ် သာစည်ကျေးရွာအုပ်စု၌ ယခုလ ၁၉ ရက် နံနက် ၁ဝနာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် ကျောက်ခတ်ကျွန်းရွာနေ ကိုကျော်ဝင်းမြင့်၊ ယာတဲစုကျေးရွာနေ ကိုဆန်းလင်းနှင့် ယာတဲစုကျေးရွာနေ မမာလာကျော်တို့ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည်။

Read more

မိုးကုတ်ဝိပဿနာရိပ်သာတရားစခန်းအောင်ပွဲ ဝါဆိုသင်္ကန်းဆက်ကပ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခုနစ်ရက်ပတ်လုံးလုပ်အားဒါနလှူ

 

ရန်ကုန် သြဂုတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။

Read more

ကျေးရွာအုပ်စုများတွင် ပါတီဆိုင်းဘုတ်တင်ပွဲများပြုလုပ်

 

ကလေး သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်တွင် ရပ်ကွက်များ နှင့်ကျေးရွာအုပ်စု ၆၂ အုပ်စုရှိရာ ယခုအခါတွင် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၁၅ စု စုစုပေါင်း ၁၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် များ တင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

Read more

ဥက္ကလာပညီနောင်များအသင်း၏ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်မိသားစုပါဝင်လှူဒါန်း

 

မိတ္ထီလာ သြဂုတ် ၂ဝ

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် စည်သူရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ ဥက္ကလာပညီနောင်များ ဝေယျာဝစ္စ အသင်းမှဦးဆောင်၍ ဝါတွင်း ဥပုသ်နေ့တိုင်း ဝါဆိုသင်္ကန်းကပ် နှင့် သီလပေးတရားပွဲကို ကျင်းပ ခဲ့သည်။

Read more

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေနုတ်မြောင်းလုပ်အားပေးအာဟာရဒါနပြုလုပ်

 

ချောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးအမာခံ နယ်မြေလှည်းကြီးစုရပ် အမာခံပါတီဝင်များက ရေနုတ်မြောင်း ဖောက်လုပ်ရေးတွင် လုပ်အားပေးဆောင်ရွက်ခဲ့ပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဘဏ္ဍာရေးမှူးဒေါ်နွယ်နီနိုင်၊ မြို့နယ်ကော် မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်တို့က အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


Read more

မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သောက်ရေတွင်းလမ်းပြုပြင်ရန် အလှူငွေပေးအပ်

 

မလှိုင် သြဂုတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက မြင်းတွင်းကျေးရွာသောက်ရေခပ်လမ်းပြုပြင်ရန် အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြင်းတွင်းကျေး ရွာ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

Read more

ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂ဝရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခဲ့စဉ်။

SE

Read more

ပြည်သူတို့အခက်အခဲကြုံတွေ့မှုရှိမရှိ ပြည်သူ့အသံနားထောင်ရန် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးတွင်ပြောကြား

နတ်မောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၁ဝ နာရီ ကမြို့နယ်ကော်မတီဝင်များအစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက အဖွင့်အမှာစကားပြော ကြားခဲ့ရာ ပါတီဝင်များအနေဖြင့် ပြည်သူတို့၏အခက်အခဲ ကြုံတွေ့ နေမှုရှိမရှိ ပြည်သူတို့၏အသံများ သိစေဖို့ ပြည်သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ကိုင်ပေးကြပါရန် မိမိတို့ တတ်နိုင်သည်များကို ကူညီပေး ကြရန် ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်အချိန်ပဲရောက်ရောက် အမျိုးသားအကျိုးစီးပွားအတွက်ကို ရှေ့တန်းကရပ်ဆောင်ရွက်နေတဲ့ပါတီအမျိုးသားရေးကိုသစ္စာမဖောက်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူး သြဂုတ် ၂ဝ

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ ကဝမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရှိ ရေဘေးသင့်ဒေသများဖြစ်သော ငှက်ကျော်၊ ကံလှ၊ ကမ်းပြို၊ စာဖြူစုကျေးရွာများသို့သွားရောက်၍ ရေဘေးသင့်အိမ်ခြေ ၁၇၆ လုံးတွင်နေထိုင်ကြသော ပြည်သူများထံသို့ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်း ကြသည်။

Read more

LG ရဲ့ ခေါက်နိုင်တဲ့ Panel မူပိုင်ခွင့်အရေအတွက် Samsung ထက် ပိုမိုများပြား

ကိုရီးယားမှာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်အတွင်း ခေါက်နိုင်တဲ့ panel တွေနဲ့ ပတ်သက်တဲ့ စုစုပေါင်း မူပိုင်ခွင့် ၂၇၆ ခု လျှောက်တင်ခဲ့ကြောင်း ကိုရီးယားဉာဏမူပိုင်ခွင့်ရုံး (KIPO) က ပြောကြားခဲ့ပါတယ်။ အဲ့ဒီအထဲက မူပိုင်ခွင့် ၂၁၀ ကို ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Read more