ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ချောင်းဆုံ၊ သြဂုတ်၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​အောင်​ကြည်​သိန်း၊ ပါတီဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာနန္ဒာလှမြင့်​နှင့်​ ပြည်​နယ်​ ပါတီကော်မတီဝင်များ၊ခရိုင်ပာတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်​ ၊မြို့နယ်များမှပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​​ကျေးရွာပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​လူငယ်များ သြဂုတ်လ၂၃ ရက်နေ့ ည​နေ ၄ နာရီခွဲ အချိန်၌ ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ​ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

Read more

ဒီလီအလီရဲ့  နှစ်ဆပိုခက်သော လက်ဟန် အမူအရာ ဒုတိယအကြိမ် ထပ်မံထွက်ပေါ်

စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒီလီအလီသည် ရာသီအဖွင့် နယူး ကာဆယ်ကို အနိုင်ရသည့်ပွဲစဉ်တွင် မျက်လုံးရှေ့လက်ချောင်းများကို အဝိုင်းပုံသဏ္ဌာန်တစ်ခုလုပ်ကာ ခက်ခက်ခဲခဲ ပုံစံဖြင့် အောင်ပွဲခံခဲ့ရာ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး တစ်ကမ္ဘာ လုံးလိုက်လုပ်ကြသလို ပေါ့ဂ်ဘာ၊ ပိုချက်တီနို၊ နေမာတို့သာမက အမေရိကန် ဘောလုံးလိဂ် (NFL) နှင့် အမေရိကန် ဘတ်စကက်ဘောလိဂ် (NBA) အသိုင်း အဝိုင်းမှကစားသမားများပါ လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။

Read more

မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း မိတ်ဆွေတွေကို ဇီဒန်းဖွင့်ဟ

ရီးရဲလ်နည်းပြဟောင်းဇီဒန်းက မန်ယူအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း မိတ်ဆွေတွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းအမှုဆောင်ဒု-ဥက္ကဋ္ဌအက်ဝုဒ်ဝပ်၊ ကွင်းလယ်လူ ပေါ့ဘာတို့နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းမှာ ကြီးမားတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မော်ရင်ညိုအနေနဲ့လည်း မန်ယူအသင်းမှာ လက်ရှိပြဿနာတွေကို ရပ်တန့်ဖို့ကြိုးစားချိန်မှာ လာမယ့် တနင်္လာနေ့မှာလည်း စပါးကို အိမ်ကွင်းမှာ အရေးကြီးပွဲ ကစားသွားရမှာပါ။ မန်ယူအသင်းကတော့ နည်းပြမော်ရင်ညိုကို ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ထားပြီး ဇီဒန်းကို အစားထိုးခန့်အပ်ဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုထားပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ မန်ယူအတွင်း လူတစ်ဦးက “ရာထူးလစ်လပ်မှုမရှိဘဲ ကျွန်တော်တို့ ဘာကြောင့် ဇီဒန်းနဲ့ ဆွေးနွေးရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

Read more

လီဗာပူးလ်ကို ပေါင် (၂)ဘီလျံနဲ့ ၀ယ်ယူဖို့ ကြိုးစားခဲ့တဲ့ အာရပ်သူဌေး ရှိတ်ခါလက်

မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဟာ လီဗာပူးအသင်းကိုပေါင် ၂ ဘီလီယံနဲ့ဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

ရှိတ်ခါလတ် ဆိုသူဟာ ၂၀၁၇ တုန်းက လီဗာပူကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပယ်ချခံခဲ့ရပါတယ်။ အဲဒီတုန်းက လီဗာပူးကသာ လက်ခံလိုက်ရင် ဘောလုံးသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးသော ၀ယ်ယူမှုဖြစ်လာမယ်လို့လည်း သိရပါတယ်။

Read more

VAR သာရှိခဲ့ရင် နောက်ဆုံးချန်ပီယံလိဂ်ဖလား ၂ ကြိမ်ကို ရီးရဲလ်မက်ဒရစ် မရနိုင်ဘူးလို့ ဗီဒဲလ်က ပြော

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR စနစ်ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ သူတို့ရခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ် ဖလား ၂ ကြိမ်ကိုရနိုင်မှာ မဟုတ်ဖူးလို့ ဘာစီလိုနာကွင်းလယ်လူ ဗီဒဲလ်က ပြောလိုက်ပါတယ်။

ချီလီလက်ရွေးစင် ဗီဒဲလ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကိုပြောင်းလာတဲ့သူဖြစ်ပြီး သူ့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်ကို တိုက်ခိုက်ပြောကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဗီဒဲလ်ဟာ ဘိုင်ယန်နဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီကွာတားဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်တို့မှာ ရီးရဲလ်ကိုရင်ဆိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

Read more

တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

တိုင်ဖွန်းမုန်တိုင်း ဆူးလီဟာ တောင်ကိုရီးယားနိုင်ငံကို သြဂုတ် ၂၃ ရက်မှာ ချဉ်းကပ်လာတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပါတယ်။ မုန်တိုင်းကြောင့် ဂင်ပိုလေဆိပ်က လေယာဉ်ခရီးစဉ် ၂၈၀ နီးပါးနဲ့ ဂျယ်ဂျူးလေဆိပ်က လေယာဉ်ခရီးစဉ် ၃၉၀ နီးပါး အပါအဝင် ခရီးစဉ် ၈၀၀ နီးပါး ဖျက်သိမ်းထားတယ်လို့ တောင်ကိုရီးယား လေဆိပ်များ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောပြီး အဓိကလေဆိပ်ကြီးတွေကိုလည်း ယာယီပိတ်ထားပါတယ်။

Read more

ပါတီတွင်း အာဏာလုပွဲမှာ သြစတြေးလျ ၀န်ကြီးချုပ် ဖယ်ရှားခံရ

သြစတြေးလျ အာဏာရ လစ်ဘရယ်ပါတီတွင်း အာဏာလုပွဲမှာ ၀န်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ် ဖယ်ရှားခံရပြီး လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆန်က ၀န်ကြီးချုပ်အဖြစ် မဲအနိုင်ရပါတယ်။

ပါတီတွင်း မဲပေးမှုမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒက်တန်ထက် အဖယ်ရှားခံ ၀န်ကြီးချုပ် တန်းဘူးလ်ရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ မော်ရစ်ဆန်ဟာ ၄၅-၄၀ မဲရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ နိုလာမာရီနိုက အတည်ပြုပါတယ်။ သုံးနှစ်နီးပါး ၀န်ကြီးချုပ် တာဝန်ယူခဲ့သူ ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်တဲ့ တန်းဘူးလ်ကတော့ ပါတီတွင်း မဲယှဉ်ပြိုင်မှုမှာ မပါဝင်ခဲ့ပါဘူး။

Read more

ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည်

ဟာဝိုင်ယီကျွန်းကနေ တရုတ်ပြည်ကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းကို လေးနှစ်ကြာ ပြေးဆွဲ နေရာကနေ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

ဟာဝိုင်ယီကျွန်း ဟိုနိုလူလူ လေဆိပ်ကနေ ဘေဂျင်းအထိ တိုက်ရိုက်ပျံသန်းနေတဲ့ အဲဒီလေကြောင်းလိုင်းကို လာမယ့် အောက်တိုဘာလမှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီလေကြောင်းလိုင်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး၊ တပတ်ကို သုံးရက် ပျံသန်းနေတာပါ။

Read more

လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်သုံးဦးက ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သမ္မတ ဒူတာတေး က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်စ် တို့ လက်မှတ်ရေးထိုးထားတဲ့ စာတစောင်လက်ခံရရှိထားပြီး၊ အဲဒီစာထဲမှာ ဖိလစ်ပိုင်စစ်တပ် ခေတ်မီ တပ်မတော် ဖြစ်လာရေးအတွက် အမေရိကန်အစိုးရက အစွမ်းကုန် ထောက်ခံ နေတယ်ဆိုတာ ထပ်မံ အတည်ပြုကြောင်း ရေးသားထားတယ်လို့ ဒူတာတေး က ပြောပါတယ်။

Read more

တောင်ကိုရီးယား တရားရုံး က သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၅နှစ်ချမှတ်

တရားရုံးသို့ ခေါ်ဆောင်လာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၄ ရက်

တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

Read more