မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဝါခေါင်လပြည့်နေ့ အရုဏ်ဆွမ်းနှင့် တိုင်းရင်းဆေးများလောင်းလှူကုသိုလ်ပြု

 

ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းနှင့် ပြည်ခိုင်ဖြိုး ပါတီဝင် အင်အား ၁၅ဝ တို့က စုပေါင်းစုဆောင်း၍ ယမန်နေ့ (ဝါခေါင်လပြည့်နေ့) နံနက်တွင် ကျိုက်ဝိုင်းဘုရားလမ်းမပေါ် ဆွမ်း ခံကြွလာသည့် ဆရာတော်သံဃာ တော်အပါး ၁၅ဝ ကျော်တို့အား ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်အလို့ငှာ သာ သနာပြု ဆရာတော် သံဃာတော် များ သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေကြောင်း ရည်ရွယ်၍ ဆွမ်းထမင်း၊ ဆွမ်းဟင်း၊ တိုင်းရင်း ဆေးများနှင့် လှူဒါန်းဖွယ်ရာ ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဓါ ထက်သန်စွာဖြင့် ကုသိုလ်ကောင်း မှုပြုလှူဒါန်းခဲ့ကြကြောင်း သိရ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရခိုင်ပြည်နယ်တာဝန်ခံ အမ်းဒေသခံများ နှင့် ဒေသတွင်း လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး

 

စစ်တွေ သြဂုတ် ၂၇

Read more

စပါးကို ရှုံးခဲ့တဲ့ ပွဲမှာ အသင်းရဲ့ကစားပုံကို လက်ခုပ်တီးပြီး အားပေးခဲ့တဲ့ မန်ယူ နည်းပြမော်ရင်ဟို

ပြီးခဲ့တဲ့ တနင်္လာနေ့ က မန်ယူဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမဲ့ စပါးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ လိဂ် ၃ ပွဲကစားပြီး ချိန်မှာ ရှုံးပွဲ ၂ ပွဲအထိ ရှိသွားခဲ့ပါတယ်။

Read more

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

တောင်တွင်းကြီး သြဂုတ် ၂၇

တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်လှုပ်ရှားမှုအဖြစ်လစဉ် လပြည့်အခါနေ့တိုင်း တောင်တွင်းကြီးမြို့ပေါ်ရှိ စေတီပုထိုး၊ ရင်ပြင်တော်များအပေါ် စုပေါင်း သန့်ရှင်းရေး လုပ်အားဒါနများ ပြုလုပ်လျက်ရှိရာ ယမန်နေ့(ဝါခေါင်လပြည့်နေ့)တွင် ရွှေအင်းတောင် စေတီတော်၌ လူငယ်ပါတီဝင်အင်အား ၃၅ ယောက် ဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

သန်းတိုးအောင်(တောင်တွင်းကြီး)

Read more

တောင်ကိုရီးယားဘောလုံးအသင်း နိုင်ပွဲဆက်၍ ဆွန်ဟောင်မင်၏ ရွှေတံဆိပ်မျှော်လင့်ချက် ဆက်လက်ရှင်သန်

တောင်ကိုရီးယား ဘောလုံးအသင်းသည် တစ်ဦးလျော့ ဥဇဘက်ကစ္စတန်ကို နောက်ကျဂိုးဖြင့် ၄-၃ ဂိုးဖြင့် နိုင်ကာ အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ သြဂုတ် ၂၇ ရက် က တက်ရောက်ခဲ့၍ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်၏ စစ်မှု ထမ်းခြင်းမှ ကင်းလွတ်ရေး မျှော်လင့်ချက်ရှင်သန်ခဲ့သည်။

ဟွမ်အီဂျို၏ ဟက်ထရစ်ဂိုးဖြင့် အချိန်ပိုအထိ ကစားခဲ့ရာတွင် ဟွန်ဟီချန်က နောက်ဆုံးမိနစ်၌ ရသော ပင်နယ်တီကို ခေါင်းအေးအေးထား၍ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

Read more

မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမိသားစုများပါဝင်လောင်းလှူ

 

ရန်ကုန် သြဂုတ် ၂၇

နှစ် (၅ဝ)ပြည့်ရွှေရတုသဘင် တောင်ကြီးမြို့ မြို့လုံးကျွတ်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက တောင်ကြီးမြို့ တောင်ကျောင်းကြီး ဘုန်းတော်ကြီး ကျောင်းစုရပ်မှ ဗိုလ်ချုပ်အောင် ဆန်းလမ်းမတစ်လျှောက် သံဃာ တော်နှင့် သီလရှင်များ ဆွမ်းဆန် စိမ်းအလှူခြံ<ွကတော်မူရာ ရှမ်းပြည် နယ်(တောင်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ မိသားစုက ပါတီရုံးရှေ့တွင် မဏ္ဍပ် ထိုးပြီး ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပြည်နယ်အတွင်း ရေးမှူး ဦးခွန်သိန်းမောင်တို့က ဦး ဆောင်ပြီး ပြည်နယ်ပါတီကော် မတီများ၊ တောင်ကြီးခရိုင် ပါတီ ကော်မတီဝင်များ၊ တောင်ကြီးမြို့ နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်မှ ပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များက စုပေါင်း လောင်းလှူကြသည်။

Read more

မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မဘိမ်း သြဂုတ် ၂၇

မိုးမိတ်ခရိုင် ပါတီအတွင်း ရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ တို့သည် ယမန်နေ့က ပြင်လဟာ ရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ ခိုတာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်လွင်ဝင်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ် အိမ်မှူးများ၊ ဒေသခံပြည်သူ ၁၈ဝ တက်ရောက်ခဲ့ကြသည်။

Read more

ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီနဲ့ ပူးပေါင်းနေပြီဖြစ်တဲ့ ရော်နယ်လ်ဒို ဂျူနီယာ

ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သားအကြီးဆုံးဟာ ဂျူဗင်တပ်စ် လူငယ်အကယ်ဒမီ ယူ-၉ အသင်းနဲ့အတူ လေ့ကျင့်မှု စတင်နေပြီဖြစ်တယ်လို့ အီတလီမှ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Ballon d’Or ကမ္ဘာ့အကောင်းဆုံး (၅)ဆုရှင် အသက် ၃၃ နှစ် ရော်နယ်လ်ဒိုဟာ ဒီနွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ အီတလီချန်ပီယံ ဂျူဗင်တပ်စ်အသင်းဆီ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Read more

စလင်းပြည်ခိုင်ဖြိုးပါတီဆွမ်းဆန်စိမ်းလောင်းလှူ

 

စလင်း သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းအုပ်စု သမိုင်း ဝင်ရှင်ပင်ရွှေစောလူး စိန်ဖူးတော်တင်လှူပွဲအခမ်းအနားတွင် ယနေ့ နံနက် ၁၁နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ မြတ်စွာ ဘုရားရှင်နှင့် ပင့်သံဃာ ၅၄ ပါးကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ မြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင်ဦးဝင်းမြိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် ကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ သွားရောက်၍ ဆွမ်းဆန်စိမ်းများ ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ဂျာမနီမှာ လက်ယာစွန်းဝါဒီနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ ဆန္ဒပြထိပ်တိုက်တွေ့မှု ဖြစ်ပွား

ဘာလင်၊ သြဂုတ် ၂၈

ဂျာမနီနိုင်ငံ ကမ်နက်ဇ်မြို့မှာ လက်ယာစွန်းဝါဒီ ဆန္ဒပြသူတွေနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေကြား ဆန္ဒပြပွဲတစ်ရပ်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ဆီးရီးယားနဲ့ အီရတ် အမျိုးသားတွေ ကျုးလွန်တယ်လို့ စွပ်စွဲနေလျက်ရှိတဲ့ ဓားကိုင်သတ်ဖြတ်မှုတစ်ရပ် ဖြစ်ပွားပြီးနောက်မှာ လူအုပ်စုတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ပစ်မှတ်ထား ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

Read more