ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂ဝဝ ဝင်ရောက်
ကျုံးပျော် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီသည် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို အထောင်တိုက် နယ် မဲဂရက်ကျေးရွာအုပ်စုတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့ရာ မဲဂရက်ကျေးရွာအုပ်စုမှ ပြည်သူ ၂ဝဝတို့မှ ပါတီသို့ဝင်ခွင့် ပြုရန်အတွက် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့သည်။ အခမ်း အနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ခဲ့သည်။













