လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

လိဂ်ဖလား (ကာရာဘောင်ဖလား) ပြိုင်ပွဲရဲ့ တတိယအဆင့်မဲခွဲပွဲကို သြဂုတ် ၂၀ ရက်က ပြုလုပ်ကျင်းပသွားခဲ့ရာ ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အန်ဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။

လိဂ်ဖလားလက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ အောက်စ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဖရန့်လမ်းပတ်ကိုင်တယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် မန်ယူနှင့် ဂျူဗင်တပ်တို့ တွေ့ဆုံ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းက အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မန်ယူနဲ့ ဂျူဗင်တပ်တို့ဟာ အုပ်စု အိတ်ခ်ျမှာ ဗလင်စီယာ၊ ယန်းဘွိုင်းစ်အသင်းတို့နဲ့ ကျရောက်ပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က အုပ်စု ဂျီမှာ ရိုးမား၊ စီအက်စ်ကေအေမော်စကို၊ ဗစ်တိုရီးယားပိုဇန်တို့ ယှဉ်ပြိုင်ရမှာပါ။

Read more

UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် ရရှိ

ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ မိုဒရစ်ဟာ နောက်ဆုံးဆန်ခါတင်စာရင်းမှာ ရီးယဲလ်မက်ဒရစ် အသင်းဖော်ဟောင်း စီရော်နယ်ဒို၊ လီဗာပူး တိုက်စစ်မှူး ဆာလက်တို့နဲ့ အတူယှဉ်ပြိုင်ခဲ့ရပါတယ်။

မိုဒရစ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး သုံးနှစ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး ခရိုအေးရှား အသင်းနဲ့ 2018 ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့်လည်း စီရော်နယ်ဒိုနဲ့ ဆာလက်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Read more

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

သြဂုတ် ၃၁

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘူးဆိုပါက ယင်းအဖွဲ့ကြီးကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားသွားကြောင်း သိရပါတယ်။

အဆိုပါ ခြိမ်းခြောက်စကားကိုတော့ ထရမ့်က သြဂုတ် ၃၀ ရက်နေ့က Bloomberg သတင်းဌာနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားသွားခြင်းလည်း ဖြစ်ပါတယ်။

Read more

အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနား

 

၂၀၁၈ -ခုနှစ် ၊ သြဂုတ်လ(၃၁) ၊ မိုင်းပျဉ်း

Read more

ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင် ရေပြာကျေးရွာ ပါတီဝင်လူငယ်များအား သွားရောက်တွေ့ ဆုံအားပေး

 

သြဂုတ်-၃၁

ပုဗ္ဗသီရိမြို့ နယ် သပြေကုန်းအုပ်စု ရေပြာကျေးရွာမှ ပါတီဝင်လူငယ်များ နှင့်တွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ (၃၁.၈.၂၀၁၈) ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

Read more

သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေး

 

(30-8-2018) နေ့ နေ့လည် (13:00) နာရီအချိန်တွင် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်​ ပြည်​ခိုင်​ဖြိုးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူး​ပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေးခဲ့ပါသည်။
အဆိုပါမျက်စိစမ်းသပ်​ကုသရေးပွဲတွင် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဥက္ကဋ္ဌ ဦးလွင်​ဦးနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ သန်​လျင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦ​ကျော်​မင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်​လူငယ်​များနှင့် အမျိုးသမီးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
အလင်း​ရောင်​​ဖောင်​​ဒေးရှင်​မှ ​ဒေါက်​တာ​နေလင်း ဦး​ဆောင်​​သော မျက်​စိဆရာဝန်​များက ​ဝေဒနာရှင်​ (၁၀၀) ​ကျော်​တို့အား စမ်းသပ်​ကုသ​ပေး​နေကြောင်း သိရှိရပါသည်။

Read more

အဓိဋ္ဌာန်ဆရာတော်ကြီး ၇၁ နှစ်ပြည့် မွေးနေ့ပွဲကျင်းပရာသို့ ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း လုပ်အားဒါနပါဝင်ကူညီ

 

၃၀ . ၈ . ၂၀၁၈ ​ရက်နေ့​ ပေါက်​​တောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​နယ်​​ကော်​မတီ ဦးထွန်း​အောင်​ခိုင်​၊ မြို့နယ်​ဥက္ကဋ္ဌ ဦးခင်​​မောင်​သိန်း၊ အမျိုးသမီး​ရေးရာတာဝန်​ခံနှင့်​အဖွဲ့ဝင်​များ၊ လူငယ်​​ရေးရာတာဝန်​ခံနှင့်​အဖွဲ့ဝင်​များသည်​​ လောကထိပ်​ပန်​ဘုရား၌ အဓိဋ္ဌာန်​ဆရာ​တော်​ကြီး ၇၁ နှစ်​ပြည့်​မွေး​နေ့ကျင်းပရာသို့ သွား​ရောက်​လှူဒါန်းပြီး လုပ်​အားဒါနပါဝင်​ကူညီခဲ့ကြသည်​၊

Rakhine USDP


Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မီကျောင်းရဲတိုက်နယ်ရှိ ပါတီခေါင်းဆောင်များ နှင့် တွေ့ဆုံ

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးဝင်းမောင် ၊ ဦးဝင်းခိုင်၊ ဦးတင်ဌေးအောင် တို့သည် မီကျောင်းရဲတိုက်ရှိ ပါတီခေါင်းဆောင်များ နှင့် ၃၀.၈.၂၀၁၈ နေ့ နေ့လည်(၁) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။

Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့ လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာတို့ရှိ ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများအား သွားရောက်တွေ့ဆုံ

 

(30-8-2018) နေ့ (16း00) နာရီအချိန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ အဘ ဦးအောင်သန်းထွဋ် (ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) သည် လောက်ကိုင်ခရိုင်ပါတီ ဥက္ကဌ ဦးခင်မောင်လွင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်နှင့် ကော်မတီဝင်များ လိုက်ပါပြီး လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာ တို့တွင် ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်အားပေးပြီး အိမ်ထောင်စု (၂၈) စု အတွက် အိမ်ထောင်စု (၁) စု လျှင် ယွမ်ငွေ (၅၀၀) နှင့် ဆန် (၂) အိတ်စီ ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Read more