ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်လူငယ်များ သောက်ရေကန်သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန် စက်တင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးမြို့နယ်ကော်မတီဝင်များနှင့် လူငယ်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီတွင် ဦးထွန်းအိုရပ်ကွက်ရှိ သောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ကော်မတီဝင် များ၊ ရပ်ကွက်နေပြည်သူများနှင့် ပါတီလှုပ်ရှားမှုအနေဖြင့်Youth Day အဖြစ် သောက်သုံးရေကန်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)

Read more

ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း

 

ပခုက္ကူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များနှင့် ယမန်နေ့ မွန်းတည့် ၁၂နာရီက မြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ်ပါတီကော်မတီဝင်များက တစ်လတာကာလအတွင်း တိုက်နယ် အလိုက် ကွင်းဆင်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးပြီး လိုအပ်ချက်များကို ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီမှ အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူများအား အာဟာရဒါနပြုလုပ်

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစုက မြို့သစ်ကြီးရပ်ကွက် အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူ ၁၅ဝ တို့အား စက်တင်ဘာ ၂ရက် နံနက်ပိုင်းတွင် အာဟာရဒါနအဖြစ် ကြာဆံချက်များ ကျွေးမွေးလှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

မြင်းခြံ စက်တင်ဘာ ၂

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

Read more

ကျောက်ကြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်သွားသောကျေးရွာအား ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

 

ကျောက်ကြီး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်း ဒေသ ညောင်ပင်ဆိပ်ကျေးရွာရှိအိမ်ခြေ ၁၆ဝ နှင့် လူဦးရေ ၈ဝဝ ကျော်တို့နေထိုင်လျက်ရှိသော အဆိုပါကျေးရွာတွင် စစ်တောင်း မြစ်ရေကြီးမှုကြောင့် နေအိမ်များစွာ နစ်မြုပ်သွားသောကြောင့် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မုန်း ဒေသတာဝန်ခံဦးကျော်ထွန်းမုန်း၊ ပါတီဥက္ကဋ္ဌ ဦးဇော်မင်းအောင် တို့က ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဒေသခံပြည်သူများ ထံသို့ ၂၅ ပြည်ဆံ့ဆန်အိတ် ၂ဝ၊ မားမားခေါက်ဆွဲထုပ်များ၊ ရေသန့်ဘူးကြီး ၁ဝဝ တို့အား ဗိုလ်မှူးကြီး ဦးသက်ထွန်း(ငြိမ်း) ပံ့ပိုးကူညီမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ ယမန်နေ့နံနက် ၈နာရီမှစတင် ကာ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့သည်။

Read more

ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအ

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာ ရှင်များစုပေါင်း၍ သနပ်ပင်မြို့နယ် ကျွဲဖြူချောင်းကျေးရွာတွင် ဒီရေ ဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ် သည့် အိမ်ထောင်စုပေါင်း ၃၅ဝ ကျော်အား ရေသန့်ဘူး၊ ခေါက်ဆွဲ ခြောက်၊ အဝတ်အထည်၊ အချိုရည် ဘူးနှင့် အခြားအိမ်သုံးပစ္စည်းများ ယနေ့မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

Read more

ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင် အသစ်များ ဝင်ရောက်ရန်အဆိုပြု ဗဟိုအတွင်းရေးမှူး တက်ရောက်ကြိုဆို

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သို့ ဝင်ရောက်ရန် ပါတီဝင်သစ် (၁၆၀၈) ဦးတို့က ပါတီဝင်အဆိုပြလွာများ စုပေါင်းပေးအပ်ခဲ့ပါသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ပါတီကော်မတီဝင်များလည်း တက်ရောက်ခ့ကြပါသည်။

Read more

အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပါတီရုံးတွင် ဆရာတော်သံဃာတော်ကြီးများအားပင့်ဖိတ်၍ နေ့ဆွမ်းကပ်လှူခဲ့ပြီး၊ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများလည်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

အောင်လံမြို့နယ် ပါတီကော်မတီအဖွဲ့ဝင်များ၊ ပါတီဝင်များနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး ၊ အတွင်းရေးမှူး ဦးဆန်းညွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ပြီး ဆရာတော်ကြီးများထံမှ တရာတော်များကို အတူတကွ နာယူခဲ့ ကြပါသည်။

Read more

ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပညာရည်ချွန်ဆုပေးပွဲဗဟိုအတွင်းရေးမှုးနှင့်ဗဟိုအလုပ်အမှုဆောင်များတက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကိုစက်တင်ဘာလ(၂)ရက်နံနက် (၉)နာရီကကျောက်တန်းပြည်ခိုင်ဖြိုးပါတီနှင့်TRI ပညာရေးဖေါင်ဒေးရှင်းတို့ပူးပေါင်း၍ကျာက်တန်းမြို့နယ်အာသောကာရာမပရိယတ္တိစာသင်တိုက်တွင်ကျင်းပကြောင်းသိရှိရသည်။
အဆိုပါပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်ရန်ကုန်တိုင်းပါတီအတွင်းရေးမှုးဦးသာဝင်းနှင့်တိုင်းပါတီကော်မတီဝင်များတောင်ပိုင်းခရိုင်ပါတီဥက္ကဌနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌဦးမောင်မောင်တာနှင့်မြို့နယ်ပါတီကော်မတီဝင်များပညာရည်ထူးခွန်ဆုရကျောင်းသားကျောင်းသူ(၁၉၁)ဦးနှင့်ကျောင်းသားမိဘများနှင့်TRI ပညာရေးဖေါင်ဒေးရှင်းမိသားစုများတက်ရောက်ကြသည်။

အစီအစဉ်အရနိုင်ငံတော်သီချင်းသီဆို၍အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာကြသည့်ပညာရည်ချွန်ဆုရရှိခဲ့ကြသည့်ပါတီဝင်မိသားစုများ၏သားသမီးများနှင့်တွေ့ဆုံရသည့်အတွက်များစွာဝမ်းသာမိပါကြောင်းပြည်ခိုင်ဖြိုးပါတီသည်လူငယ်လူရယ်မျိုးဆက်သစ်များကိုအစဉ်အမြဲမြေတောင်မြှောက်ချီးမြှင့်ခဲ့သည့်ပါတီဖြစ်ကြောင်းပါတီသည်လူ့စွမ်းအားအရင်းအမြစ်ပြည့်ဝပြီးအတွေ့အကြုံ မြင့်မားသည့်ပါတီဝင်များဖြင့်ဖွဲ့စည်းထားသည့်ပါတီဖြစ်၍ပါတီသည်နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ရန်အဆင်သင့်ရှိနေသည့်ပါတီဖြစ်ကြောင်းယနေ့ပညာရည်ထူးချွန်ဆုရရှိကြသည့်သားငယ်သမီးငယ်များသည်လည်းနောင်တချိန်နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အချိန်တွင်အရည်အသွေးပြည့်ဝသည့်လူငယ်လူရွယ်မျာ့းဖြစ်ရန်ကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။

ဆက်လက်၍TRI ပညာရေးဖေါင်ဒေးရှင်းမှပါတီဗဟိုကော်မတီဝင်ဦးအုန်းမြင့်မှပညာရည်ထူးချွန်ဆုချီးမြှင့်ရခြင်းအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက်ပါတီဗဟိုအတွင်းရေးမှုးနှင့်ပါတီဗဟိုအလုပ်အမှုဆောင်များတာဝန်ရှိပုဂ္ဂိုလ်များလူမှုရေးအဖွဲ့ဝင်များမှပညာရည်ထူးခွန်ဆုရရှိသည့်ပါတီဝင်မိသားစုများ၏သားသမီးများအားဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက်ဆုရရှိသည့်ကျောင်းသားကျောင်းသူများကိုယ်စားပန်းတောစံပြကျေးရွာမှ(၅)ဘာသာဂုဏ်ထူးရှင်မသက်ထက်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးထူးချွန်ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများနှင့်အမှတ်တရဓာတ်ပုံရိုက်ကြကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


Read more