၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြုပြီး အရွေးချယ်ခံမည့် ဦးဆီဟူးဒွေ့ သည် အဘ – ဦးချော်ဖာတီနှင့် အမိ – ဒေါ်ခူမာမဲတို့မှ ၂၉ . ၇ . ၁၉၆၈ ရက်နေ့တွင် ပူတာအိုမြို့ နယ် မူလာအွန်ကျေးရွာ ၌ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ဦးစီးရုံးအဖွဲ့ဝင်များအားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်တစ်ခုအပါအဝင်ဖြစ်သောကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားအား ပါတီဌာနချုပ်၊ပညာရေးဌာန
တွင်ကျင်းပရာ ဌာနချုပ်မှူးဦးသောင်းရွှေမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူ( ၁၇)ဦးနှင့် ဌာနမှူး၊ဒုဌာနမှူးများတက်ရောက်ခဲ့ကြပါသည်။


Read more

သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိ နှိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၆

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ပြည် ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်းက အမှာစကားချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်ကသင်တန်း ဆင်းအမှာစကားပြောကြားခဲ့သည်။

Read more

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာအုပ်စုပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

မိုးမိတ် စက်တင်ဘာ ၆

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် ခရိုင်ဘဏ္ဍာရေးမှူး ဦးစောဦး၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးတိုးတို့နှင့်အတူ ယမန်နေ့က လက်ခုတ်ပင် ကျေးရွာသို့သွားရောက်ပြီး အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ရေပူအင်းကျောင်း အဆင့်တိုးမြှင့်ရေးကိစ္စ ညှိနှိုင်းဆွေးနွေး ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသား​လွှတ်​​တော်​​နေရာ၌ ပါဝင်​ယှဉ်​ပြိုင်​မည့် ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

အမည်​ – ဦးစိုင်း​အောင်​ကြည်
လူမျိုး/ဘာသာ – ရှမ်း၊ ဗုဒ္ဓ
အသက်​ – ၅၇ နှစ်​(၂၀.၉.၁၉၆၁)
မွေးဇာတိ – ဆင်​ဖြူအင်း​ကျေးရွာ၊ ပန်းဦး​တောင်​အုပ်​စု၊ ပြင်​ဦးလွင်​မြို့နယ်​။
ပညာအရည်​အချင်း – LL,B
အလုပ်​အကိုင်​ – တရားလွှတ်​​တော်​​ရှေ့​နေ(မြန်​မာ့စီးပွား​ရေးဘဏ်​၊ က​မ္ဘောဇဘဏ်​၊ မြဝတီဘဏ်​နှင့်​ AGD ဘဏ်​များ၏​ရှေ့​နေ)
အဖအမည်​ – ဦးသြဘာ
အမိအမည်​ – ​ဒေါ်လှ
ဇနီးအမည်​ – ​ဒေါ်သီတာလွင်
သား/သမီး -အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းတတိယနှစ် အပါအဝင်သားသမီး (၄) ဦး
ပါတီတာဝန်​ – တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊ မန္တ​လေးတိုင်း​ဒေသကြီး။
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​မဲဆန္ဒနယ်​ – မန္တ​လေးတိုင်း​ဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်​​တော်
——————————————————————-

Read more

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းစစ်တောင်းမြစ်ကမ်းပါးရှိ ရေဘေးသင့်ရွာများသို့ သွားရောက်လှူဒါန်း

 

ဖြူး စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီးဒေါ်မြင့် မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစု ပေါင်းကာ ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေကြရသော သစ်ခြောက်ခင်ကျေးရွာအုပ်စု ကမ်းနား မြိုင်ရွာနှင့် ရှားပင်ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် မြို့နယ်အမှုဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များ အဖွဲ့က ယခုလ ၃ ရက် နံနက်တွင် မိသားစုများလက်ဝယ်အရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Read more

ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့်ပူးပေါင်း လေဘေးသင့်ပြည်သူများကိုလှူဒါန်းငွေပေးအပ်

 

ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။

Read more

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကလေးများဖွံ့ဖြိုးမှုမှန်ကန်ရေးအသိပညာပေးဟောပြော

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။

Read more