ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာ

ဆားဘီးယားနာမည်ကြီး တင်းနစ်ကစားသမား နိုဗတ် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ယူအက်စ်အိုးပင်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားတင်းနစ်သမား ဟွမ်မာတင် ဒယ်လ်ပိုထရိုကို အနိုင်ရခဲ့ပြီး သူ့ရဲ့ ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read more

ဆူဇူကီးပြိုင်ပွဲတွင် တောက်ပလာမည့် ကြယ်ပွင့် ကစားသမားစာရင်း၌ မောင်မောင်လွင်ပါဝင်

အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဆိုက်တွင် မောင်မောင်လွင်အကြောင်း ဖော်ပြထားစဉ်

အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲတွင် တောက်ပလာ မည့် ကြယ်ပွင့်ကစားသမား ငါးဦး စာရင်း၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း  တိုက်စစ်မှူး မောင်မောင်လွင် ပါဝင်လာသည်။

အဆိုပါ ကစားသမား ငါးဦး စာရင်းကို အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြ ထားပြီး မောင်မောင်လွင်နှင့်အတူ ဗီယက်နမ်ကစားသမား ငုယင်ကွမ်ဟိုင်း၊ မလေးရှားကစားသမား ဆာဖာဝီရာဆစ်၊ အင်ဒိုနီးရှား ကစားသမား စတီဖာနိုလီလီပယ်လီနှင့် ထိုင်းကစားသမား ဆူပက်ချော့ဆာရာချက်တို့   ပါဝင်ခဲ့ သည်။

Read more

မြောက်ကိုရီးယားစစ်ရေးပြပွဲ အခင်းအကျင်း သမ္မတထရမ့်ပ် ချီးကျူးပြောဆို

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနား

 

အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေ ထည့်သွင်း ပြသမထားတဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဟာ ကြီးကျယ်သလို ဒါဟာ သိပ်ကို အပြုသဘောဆောင်တဲ့ ကြေညာမှုတခုဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အရင် စစ်ရေးပြ အခမ်းအနားတွေမှာ မြောက်ကိုရီးယားက ဒီလိုလက်နက်တွေ ထည့်သွင်းပြသလေ့ ရှိပါတယ်။

Read more

အကြီးမားဆုံး သြစတြေးလျ ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံ ပထမအကြိမ် ပါဝင်

ဩစတြေးလျနိုင်ငံ၏ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုဖြစ်သော မဟာဗျူဟာ မြောက် ဒါဝင်ဆိပ်ကမ်းမြို့ ကမ်းလွန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ၂၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃,၀၀၀ကျော်ေ လ့ကျင့်စဉ် တရုတ်နိုင်ငံသည် ယင်းလေ့ကျင့်မှု၌ ပထမအကြိမ် ပါဝင်ဆင်နွှဲနေသည်။

Read more

ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄ သန်းရှိအထိရှိလာ

ယနေ့ ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄.၇ သန်းအထိရှိလာကြောင်း၊ ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း Israeli Hebrew University က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။

Read more

ဂျပန်မှာ ၀က်ဝမ်းကျရောဂါဖြစ်လို့ ၀က်ကောင်ရေ ရာနဲ့ချီ သုတ်သင်

နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်မှာ ၀က်ဝမ်းကျရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် တိရိစ္ဆာန်အကောင်ရေ ၆၀၀ ကျော်ကို သုတ်သင်သတ်ဖြတ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆက်လက်ပြီး ပြည်ပကို ၀က်သားတင်ပို့မှုကိုပါ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန်နိုင်ငံ အလယ်ပိုင်းက မွေးမြူရေးခြံတစ်ခုမှာ အဆိုပါ ကူးစက်မြန် ရောဂါ ဖြစ်ပွားမှုကြောင့် ၀က်ကောင်ရေ ၈၀ အထိ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပါတယ်။

Read more

ဆွီဒင်ရွေးကောက်ပွဲ လက်ယာစွန်းတွေ အသာရဖွယ်ရှိ

ဆွီဒင်ရွေးကောက်ပွဲကျင်းပနေ

 

ဆွီဒင်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွေကို အခု တနင်္ဂနွေနေ့ ကျင်းပနေပါပြီ။ Scandinavian ဒေသ တိုင်းပြည် တပြည်ဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လစ်ဘရယ်အယူအဆခိုင်မာ အားကောင်းပေမယ့်လို့ အခုရွေးကောက်ပွဲမှာတော့ အဲဒီ အခြေအနေ ပြောင်းသွားနိုင်ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်​အတွက်​ (တတိယ) အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့် တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်

 

(၇.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်​အတွက်​ (တတိယ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး (၇/၂၀၁၈) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၂၀၀၀) ဦးအတွက် ပါတီနှစ်စဉ်ကြေး(၂၀၀၀၀၀၀ိ/-) အား တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။
မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်​ပါတီများအ​နေဖြင့် ယခု (တတိယ) အကြိမ်​အထိ ပါတီဝင်​​ပေါင်း (၇၇၈၈) ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး (၇၇၈၈၀၀၀ိ/-) အား ​ပေးသွင်းပြီးဖြစ်​​ကြောင်း သိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။

Read more

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌနှင့်အဖွဲ့ သမိုင်းဝင်ဓါတ်လုံစေတီတော်တွင် ပါဝင်လုပ်အားဒါနပြု

 

၇ – ၉ – ၂၀၁၈ ရက်နေ့တွင် မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးကော်မတီများသည် မိုင်းယောင်းမြို့ သမိုင်းဝင်ဓါတ်လုံစေတီတော်ရင်ပြင်၌ ဆောက်လုပ်နေသော နှစ်ထပ်ဇရပ်ဆောင်ကွန်ကရစ် ကြမ်းခင်းလောင်းရာတွင် မိုင်းယောင်းမြို့နယ်မှ ဟိုခုံရပ်ကွက်လူထုများ၊ ယန်းမွန်းကျေးရွာမှလူထုများ၊ တာပေါက်ကျေးရွာမှလူထုများနှင့်အတူ ပါဝင်လုပ်အားပေးဒါနပြုကြပါသည်။


Read more