ဖလံ​တော​ကျေးရွာမှ မဲဆန္ဒရှင်မိဘပြည်​သူများနှင့်​ ပြည်​ခိုင်​ဖြိုးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းတို့ ​ဆွေ့ဆုံပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍နှုတ်​ခွန်းဆက်​စကား ​ပြောကြား

မင်းဘူး၊ စက်​တင်​ဘာ ၁၀

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြို​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေးသည်​ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်း​ဒေသကြီး ပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်းနှင့်​ ​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ လိုက်​ပါလျက်​ ယ​နေ့ မွန်းလွဲ၂ နာရီခွဲ အချိန်​တွင်​ မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​​မြေအမှတ်​(၂)ရှိ ဖလံ​တော​ကျေးရွာသို့ သွား​ရောက်​ခဲ့
ကြောင်း သိရသည်​။

Read more

ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးရွေးချယ်ရန် ဆန်ခါတင် ၅၅ ဦးစာရင်းထုတ်ပြန်

ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ်(FIFA) နှင့် (FIFPro) ၊ ကမ္ဘာ့ အကောင်းဆုံးဘောလုံးများသမဂ္ဂ တို့ သည် ၂ဝ၁၈ ခုနှစ် ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးအတွက် ဆန်ခါတင်စာရင်းဝင် ကစားသမား ၅၅ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Read more

ဆူဇူကီးပြိုင်ပွဲအုပ်စုကျော်ဖြတ်ရန် ပထမအဆင့် ကြိုးစားမည်ဟု မြန်မာနည်းပြချုပ်ဆို

၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

 

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် ပထမအဆင့်အနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားမည် ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ 

၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် ဗီယက်နမ်၊မလေး ရှား၊ ကမ္ဘောဒီးယား၊ လာအိုအ သင်းတို့နှင့် ကျရောက်နေသည်။ 

Read more

MMA ကစားသမား အောင်လအန်ဆန် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရမည်

ONE Championship မှ ကြီးမှူးကျင်းပလျက်ရှိသည့်MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာနိုင်ငံသား အောင်လ အန်ဆန်သည် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

Read more

လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်းဌာနချုပ်ကို သေနတ်သမားများ စီးနင်းတိုက်ခိုက်

လစ်ဗျားအစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်းဌာနချုပ်ကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယင်းအနီးတွင် မီးသတ်ကားများနှင့် လူများကို တွေ့ရစဉ် (Hani Amara/REUTERS)

 

တနင်္လာနေ့က လစ်ဗျားမြို့တော် ထရီပိုလီရှိ အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) ဌာနချုပ်သို့ သေနတ် သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

Read more

ရုရှမှာ ပင်စင်သက်တိုးမြှင့်တာကို ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာ

ရုရှနိုင်ငံမှာ ဒေသန္တရရွေးကောက်ပွဲတွေအတွက် မဲပေးနေချိန် လူထုမနှစ်သက်တဲ့ ပင်စင်သက်တိုးမြှင့်တာကို စက်တင်ဘာ ၉ ရက်မှာ လူထောင်ပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြကြပါတယ်။

အကျဉ်းကျနေတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နိုင်းက နိုင်ငံတစ်လွှား ဆန္ဒပြမှုတွေ ဆင်နွှဲဖို့ ဆော်သြထားတာလည်း ဖြစ်ပြီး ရဲက ဖမ်းဆီးထားသူပေါင်း ၁၅၀ ထက်မနည်း ရှိနေပြီလည်း ဖြစ်ပါတယ်။

Read more

ဝါရှင်တန်က ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ရုံးကို ပိတ်ပစ်မယ်လို့ အမေရိကန် ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ ၁၁

ဝါရှင်တန်မှာ အခြေစိုက်ထားတဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO ရုံးကို ပိတ်ပစ်မယ်လို့ အမေရိကန်က စက်တင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

အစ္စရေးနဲ့ တိုက်ရိုက်အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းရေးတွေ စတင်ဖို့ လုပ်ဆောင်ခြင်း မရှိလို့ စွပ်စွဲကာ ခုလို ကြေညာလိုက်ခြင်းလည်း ဖြစ်ပါတယ်။

Read more

စက်သုံးဆီဈေးနှုန်းများစံချိန်တင်မြင့်တက်မှု အိန္ဒိယနိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြ

နယူးဒေလီ စက်တင်ဘာ ၁ဝ

အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းတွင် ကန့်ကွက်ဆန္ဒပြမှုကို အတိုက်အခံပါတီက ဦးဆောင်၍ ပြုလုပ်ရာ ဆန္ဒပြသူများက မော်တော်ကား တာယာများကို မီးရှို့ခြင်း၊ ဓာတ်ဆီဆိုင်များကို ဖျက်ဆီးခြင်း၊ လမ်းများနှင့် ရထားလမ်းများကို ပိတ်ဆို့ခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

မဟာ​အောင်​​မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

(၁၀.၉.၂၀၁၈) ရက်​​နေ့ နံနက်​ (၉) နာရီအချိန်​တွင် မဟာ​အောင်​​မြေမြို့နယ်ပါတီရုံးခန်းမ၌ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်​သန်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား(၁၅၀) ဦးခန့်​ တက်ရောက်ခဲ့ကြောင်းသိရသည်။


Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – စက်တင်ဘာ ၁၀

Read more