ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁ဝ

Read more

သစ်သီးနှင့်ပန်းအလှပြင် သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁ဝ

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက အမျိုးသမီးညီလာခံ ကို ကြိုဆိုထောက်ခံသောအားဖြင့် သစ်သီးနှင့်ပန်းအလှပြင်သင်တန်း ကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄နာရီကကူးတို့ဆိပ်ရပ်ကွက်ခေမာ သီဝံကျောင်းတိုက်တွင် ပြုလုပ် ခဲ့သည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးရေးရာမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ဘုလလင် စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘုတလင် မြို့နယ် အမျိုးသမီး ရေးရာ ကော်မတီမှ ဦးဆောင်၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်ခြင်းကို ထန်း တောရွာ တာဝတိံသာကျောင်း တိုက်၌ယမန်နေနံနက်ပိုင်းတွင်ကျင်းပ ခဲ့သည်။

Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများ၊ ဗဟိုအမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်း အစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှဗဟိုကော်မတီဝင်ရန်ကုန် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များခရိုင်နှင့် မြို့နယ် ပါတီအမျိုးသမီးရေးရာတာဝန်ခံ များ တက်ရောက်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေးလူငယ်ရေးရာကော်မတီဝင်များ ပုံမှန်တွေ့ဆုံ

 

လေးမျက်နှာ စက်တင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမတွင် မြို့နယ် လူငယ် ရေးရာကော်မတီနှင့် ရပ်ကွက်/ ကျေးရွာလူငယ်ရေးရာ ကော်မတီ ဝင်များပုံမှန်တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့မွန်းတည့် ၁၂နာရီက ကျင်းပခဲ့သည်။

Read more

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆို မုံရွာမြို့နယ်ပါတီမှ နေ့ဆွမ်းဆက်ကပ် အာဟာရဒါ

 

မုံရွာ စက်တင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုး သမီးရေးရာအဖွဲ့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ(၂ဝ၁၈) အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့တွင် မုံရွာမြို့ နန္ဒဝန်အမှတ် (၆)ရပ်ကွက် တနယ်ပေါက်တော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၉ဝကျော်အား အာဟာရတိုက်ကျွေးခြင်းနှင့် ရဟန်းသံဃာတော် အရှင်သူမြတ် ၂၆ ပါး တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဝတ္ထုငွေ ထောက်ပံ့လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။

Read more

ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ကောလင်း စက်တင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ က ကျင်းပခဲ့သည်။

Read more

တောင်သူများဝင်ငွေတိုးတက်ရေးအကြံပြုဆွေးနွေးခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

လေးမျက်နှာ စက်တင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု ပန်းတောကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့်နှင့် ပါတီဝင်တောင်သူများတွေ့ဆုံ၍ ဝင်ငွေတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ရှေ့တန်းပြန်များအား ဂုဏ်ပြုကြိုဆို

 

ကြို့ပင်ကောက် စက်တင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းအနောက်ဘက် မဟာစန္ဒာသီဟဘုရားကြီး ရှေ့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်နယ်မြေ လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး အောင်ပွဲရပြန်လာသော ခလရ (၁) စိန်ကန့်လန့်(မင်းလှ)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးဆောင်သော ရှေ့တန်းပြန်အဖွဲ့များအား ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။

Read more