ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဝန်းသို၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၇ /၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ် ကွက်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။ သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်ပါတီတာဝန်ခံ ဦးအောင်ကျော်ဇံက အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထိန်မင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၁ဝ၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ယခုလ ၁၄ ရက်အထိဖြစ်ကြောင်း သိရသည်။

Read more

မက်ဆီသာလျှင် ကမ္ဘာ့အကောင်းဆုံးဖြစ်ဟု စပိန်နည်းပြ လူးဝစ်အင်းနရစ် ပြော

ခရိုအေးရှားအသင်း ခေါင်းဆောင် လူကာမိုဒရစ်၏ ပါရမီကို စပိန်နည်းပြ လူးဝစ်အင်းနရစ်က အသိအမှတ်ပြု သော်လည်း အာဂျင်တီးနားလက်ရွေးစင် မက်ဆီသည် ကမ္ဘာပေါ်ရှိ ဘောလုံးသမားတိုင်းထက် ခြေတစ်လှမ်းသာ ကြောင်း အခိုင်အမာပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ဝိုင်းမော် စက်တင်ဘာ ၁၁

ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီများ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံး၌ ကျင်းပသည်။

Read more

မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် နည်းပြဖြစ်လာတဲ့ မာရာဒိုနာ

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာ ဟာ မက္ကဆီကိုကလပ် ဒိုရာဒေါ့စ် အသင်းနည်းပြ ဖြစ်လာခဲ့ပါပြီ။ အဲဒီလို ဒိုရာဒေါ့စ် နည်းပြဖြစ် လာပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံကို သွားရောက် ခဲ့တဲ့အချိန်မှာလည်း မာရာဒိုနာကို မက္ကဆီကို ပရိသတ်တွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ ကြတာကိုလည်း မီဒီယာတွေက ဖော်ပြထားပါတယ်။

Read more

အောင်လအန်ဆန်နှင့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့် ပြိုင်ဘက်ထွက်ပေါ်

MMA ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန် ဆန်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်  ပြိုင်ဘက်ကို One Championship က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

Read more

ကမ္ဘာ့လူဦးရေ သန်း ၈၀၀ ကျော်မှာ အစားအစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ

ရာမ၊ စက်တင်ဘာ ၁၂

၂၀၁၇ ခုနှစ်တွင် အစားအစာပြတ်လပ်ခြင်းနှင့် အာဟာရချို့တဲ့သော လူဦးရေဟာ မြင့်တက်ခဲ့ပြီး  ၈၂၁ သန်းအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။

အထူးသဖြင့် တောင်အမေရိကနဲ့ အာဖရိကတို့မှာ အာဟာရချို့တဲ့မှု ပိုများကြောင်း အစားအစာလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

Read more

အမေရိကန်ကို အရေးယူဖို့ WTO မှာ တရုတ် တင်ပြမည်

Photo: AP Photo/Mark Schiefelbein

အမေရိကန်ပြည်ထောင်စုက ပို့ကုန်တွေအပေါ်မှာ ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိမယ့် အခွန်ငွေနဲ့ ကုန်သွယ်မှုဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေ ချမှတ်ခွင့်ပြုဖို့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံက လာမယ့်အပတ်မှာ တင်ပြတောင်းဆိုမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

Read more

မုန်တိုင်းကြောင့် ဖြစ်လာမည့် ပျက်စီးမှုများအတွက် အစွမ်းကုန်ကူညီမည်ဟု ထရမ့် ပြော

ကယ်ရိုလိုင်းနားပြည်နယ်ကို ဝင်ရောက်နိုင်ချေရှိတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးမှုတွေ အတွက် ပြည်ထောင်စုအစိုးရက အစွမ်းကုန် ကူညီသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ငွေကြေးဘယ်လောက်ပဲကုန်ကုန် ကူညီသွားမယ်လို့ သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ထိပ်တန်းအရာရှိတွေ၊ သဘာဝဘေးအန္တရာယ် စီမံရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

Read more

၁၉၈၁ နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်ပွဲ ရုရှား စတင်

ရုရှားနိုင်ငံမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက်ပိုင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်ပွဲ၊ Vostok 2018 ကို အင်္ဂါနေ့က စတင်ပြုလုပ်ပါတယ်။ စစ်သည်အင်အား ၃သိန်းကျော်၊ လေယာဉ်ပျံ အစင်း ၁ဝဝဝ ကျော်၊ ရုရှားရေတပ်ဖွဲ့ကြီး ၂ ခု၊ တင့်ကား ၃၆ဝဝဝ ခန့် ပါဝင်ပါတယ်။ ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်ပွဲမှာ တရုတ်နဲ့ မွန်ဂိုးလီးယား တပ်ဖွဲ့တွေလည်း ပါဝင်ပါလိမ့်မယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့ အရင်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုလောက် ကြီးမားတဲ့ လေ့ကျင့်ပွဲမျိုး မရှိခဲ့ပါဘူး။

Read more

Alibaba ပူးတွဲ မတည်သူ ကုဋေကြွယ်သူဌေးကြီး Jack Ma နောက်နှစ်အနားယူတော့မည်

တရုတ်နိုင်ငံက ကမ္ဘာကျော် အွန်လိုင်း စီးပွါးရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ Alibaba ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Jack Ma ဟာ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

Read more