မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီအစည်းအဝေးအတွက် (အကြို) ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမတွင် တိုင်းဒေသကြီးကော်မတီဝင် ဦးရဲထွဋ်အောင်နှင့် ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်တို့သည် မိုးညိုမြို့နယ်အတွင်း အသစ် ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ(ကေဒါ)များနှင့် မေလ (၃၁) ရက် နံနက် ၁ဝ နာရီခွဲက တွေ့ဆုံ၍ မကြာမီကာလအတွင်း ကျင်းပတော့မည့် မြို့နယ် ပါတီ မျက်နှာစုံညီအတွက် (အကြို) ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်ဟုသိရသည်။

Read more

မန္တလေးတွင် ပြည်ခိုင်ဖြိုးပါတီလှုပ်ရှားမှုအသွင်ဖြင့် ဝမ်းရောဂါကာကွယ်ရေး ယင်နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မန္တလေးမြို့နှင့် နယ်မြို့များရှိ ရပ်ကွက်များ၊ ဈေးများနှင့် ယင် ပေါက်ဖွားမှု အဓိကကျသောနေရာများတွင် ပြည်ခိုင်ဖြိုးပါတီလှုပ်ရှား မှုအသွင်ဖြင့် မိုးရာသီကာလ ဝမ်း လျှောဝမ်းပျက်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ယင်နှိမ်နင်းရေး ဆေးဖျန်းခြင်း လုပ်ငန်းများကို မေ ၂၅ ရက်မှ စတင်၍ စုပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး H.E Mr. Alciders Partes အားလက်ခံတွေ့ဆုံ

_DSC6486 _DSC6499

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E Mr. Alciders Partes အား ယနေ့ ဇွန်လ (၁) ရက် နံနက် (၁၀) နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

 

_DSC6501

Read more

“၂ဝ၂ဝ ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ဖွဲ့စည်းရာ၌ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားရန်လိုအပ်ကြောင်း” ပါတီဗဟိုအကြံပေး ဦးသိန်းဇော် ပြောကြား

13343027_1758632801021622_9000052321201838326_n

“၂ဝ၂ဝ ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးတွင် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် ပါတီတွင်း စုဖွဲ့ မှုများ ကြိုတင်လုပ်ဆောင်ထားကြရန် လိုအပ်ကြောင်း၊ ယခုအစိုးရသစ်သည်၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်သူ ၁၁ သန်း၏ ထောက်ခံမှုကိုရရှိခဲ့ပြီး မိမိတို့ပါတီအနေဖြင့် ဒုတိယနေရာ၌ ပြည်သူခုနစ်သန်း၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း၊

ပါတီတွင်း ပြန်လည်ရွေးချယ်သည့်နေရာတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်၊ ကျေးရွာသည် အလွန်အရေးကြီးကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရာတွင် နယ်မြေ ဒေသနှင့် ကိုက်ညီရန်လည်း လိုအပ်ကြောင်း၊

Read more

“ပြည်သူများအကျိုးကို ယခင်ကလည်း ဆောင်ရွက်ခဲ့သလို ယခုလည်းဆောင်ရွက်လျက်ရှိ ဆက်လက် ၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

IMG_3598

“မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်၍ ပါတီက နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း၊ ဟင်္သာတသားတစ်ဦးဖြစ်၍ ဟင်္သာတမြို့ ဖွံ့ဖြိုး တိုးတက် ရေးနှင့်ပတ်သက်၍ ဝတ္တရားရှိကြောင်း၊

ပြည်သူများအကျိုးကို ယခင်ကလည်း ဆောင်ရွက်ခဲ့သလို ယခုလည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် ပြည်သူများအကျိုး ပိုမို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်နေကြောင်း၊ အခြေခံအားဖြင့် ရပ်/ကျေးစည်းရုံးရေးမှူးများဖြစ်ကြောင်း၊ ရပ်/ကျေး စည်းရုံး ရေးမှူးများရွေးချယ်ရာတွင် မိမိတို့ရပ်ကွက်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ Mr. Hedo Watanabe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

13339576_390597731115360_5162471719934656533_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ Mr; Hedio Watanabe နှင့် အဖွဲ့အား မေလ (၃၁) ရက် ညနေ (၄)နာရီ အချိန်က ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တတ်ရောက်ကြသည်။

Read more

ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ပါတီ ပြင်ဆင်ဖွဲ့စည်း

Aung Myay Tha San

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို မေလ (၃၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အကွက်စိပ်(၁၀)စိပ်ဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ရပ်ကွက် စည်းရုံးရေးမှူးအဖြစ် ဦးသန်းအောင် အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

Read more

ဂန့်ဂေါပြည်ခိုင်ဖြိုး ရပ်/ကျေးအစည်းအဝေးကျင်းပ

GG

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ရပ်/ကျေးပါတီညီလာခံကို ပြည်ခိုင်ဖြိုးပါတီရုံး၌ မေလ (၂၉) ရက် နံနက် (၈) နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် မဲဆန္ဒနယ်အမှတ်(၁) အခြေအနေနှင့် ပတ်သက်၍ တောင်ခင်ရန်းကျေးရွာ စည်းရုံး ရေးမှူး ဦးမောင်အုံးကလည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂) အခြေအနေနှင့် ပတ်သက်၍ ဇာဟော ကျေးရွာ စည်းရုံးရေးမှူး ဦးဘိုစိန်ကလည်းကောင်း သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြသည်။

Read more

တိုင်း၊ ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါတီကော်မတီများတွေ့ဆုံ

13243879_259956977727806_5727523511793717413_o

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင် ပါတီကော်မတီဝင်များသည် ပေါင်းတည်မြို့နယ် ပါတီကော်မတီဝင်များနှင့် မေလ (၃၀) ရက် နေ့လည် (၂) နာရီအချိန်က ပေါင်းတည်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ညှိနှိုင်း စည်းဝေးခဲ့ကြောင်း သိရသည်။

U Myo Aung

Read more