ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်ကို တရုတ်အသုံးပြုတော့မည်

13307389_1714241008816400_6029622815116609191_n(2)

ပေကျင်း ဇွန် ၁

တရုတ်နိုင်ငံသည် ၄င်း၏ ပထမဆုံး ကိုယ်ပျောက်တိုက်လေယာဉ်J-20 ကို စမ်းသပ်မှုများပြုလုပ်နေပြီး ယင်း စစ်လေယာဉ်ကို မကြာခင်အသုံးပြုတော့ မည်ဖြစ် ကြောင်း လေကြောင်းတပ်ဖွဲ့က ပြောသည်။ 

Read more

ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတအဖြစ် သင့်တော်သူဖြစ်ကြောင်း မြောက်ကိုရီးယား ထောက်ခံ

s4.reutersmedia

ဆိုးလ်၊ ဇွန် ၁

အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရန် သေချာသလောက်ရှိနေသော ဒေါ်နယ်ထရန့် အား မြောက်ကိုရီးယားအစိုးရက   ထောက်ခံအားပေးလိုက်ပြီး ထရန့်မှာ အနာဂတ်ကာလကို ကြိုတင်မှန်းဆနိုင်သော သမ္မတလောင်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်လဲ  ဒီမိုကရက်တစ်ဘက်မှ ဟီလာရီ ကလင်တန်ကိုမူ ပြုံးယမ်းအစိုးရက ဝေဖန်တိုက်ခိုက်သွားကြောင်း သိရသည်။

Read more

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

EyWwB5WU57MYnKOuiE21NFcGB531hCT54GGXaYgCzaoqEaXlpFtJtn

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းပထုန်မြို့မှာ ဒီကနေ့မနက်က လေယာဉ်ငယ်တစီးပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၃ ဦးလုံး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ထိုင်းအစိုးရပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းသိပ္ပံဌာနက လေ့ကျင့်ရေး လေယာဉ်ငယ် တစီးဖြစ်ပြီး လေယာဉ်မောင်းသင်ကြားစဉ် ဒီကနေ့မနက် ၅ နာရီလောက် ပျက်ကျသွားတာလို့  နခွန်ပထုန်ရဲတပ်ဖွဲ့ အထူးစုံစမ်းဆေးရေးဌာန ဒုညွှန်မှူး ဗိုလ်မှူးကြီး မာနုပ် မန့်ယိန်းက သတင်းထောက်တွေကို ပြောပါတယ်။

Read more

သံတွဲပြည်ခိုင်ဖြိုး ဆရာ/ဆရာမ၊ ကျောင်းသား/သူများအတွက် သွားရာက်လှူဒါန်း

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ စုပေါင်း၍ ယနေ့ ( ဇွန်လ ၂ ရက်) နံနက် (၁၁) နာရီအချိန်က နန်းချောင်းကျေးရွာရှိစုရှိ အ.မ.က နန်းချောင်း, အ.မ.က အထက်နန်းချောင်း, အ.မ.က နန်းရာကုန်း ကျောင်းများရှိ ဆရာ ဆရာမများ အတွက် လုံချည်များ၊ ကျောင်းသား ကျောင်းသူ(၁၆၂)ဦးအတွက် ဗလာ စာအုပ်ဒါဇင် (၇၂) ဒါဇင်အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

“သင်တန်းမှ ရရှိ လာသော အသိပညာများ၊ အတွေ့အကြုံများဖြင့် နိုင်ငံ အတွက် မွန်မြတ်တည်ကြည်သော စိတ်ကောင်း၊ စေတနာအမှန်ဖြင့် ဆောင်ရွက်သွားကြရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဆင်းပွဲ အခမ်းအနား ကို ဇွန်လ (၁) ရက် ညနေ (၄) နာရီခွဲ အချိန်က ပါတီဌာနချုပ်ရုံး သင်တန်း ကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

Read more

ပါတီဗဟိုအကြံပေး ဦးသိန်းဇော် ဟိုပင်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး (ကချင်ပြည်နယ် တာဝန်ခံ) သီရိပျံချီ ဦးသိန်းဇော်နှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် ဇွန်လ (၁) ရက် နံနက် (၁၀) နာရီအချိန်က ဟိုပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သို့ရောက်ရှိကာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဗဟိုအကြံပေးနှင့်အဖွဲ့သည် ဟိုပင်မြို့ရှိ (၁၀၈)တောင် အမြင့်ဆောင်သည့် မြောက်ရွှေတိဂုံ ဘုရားကြီးသို့ ရောက်ရှိဖူးမြှော်ကာ ဘုရားကြီးရွှေထီးတော်ကပ်လှူရန်အတွက် အလှူတော်ငွေကျပ် ငါးသိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Read more

သံတွဲပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီ ရွေးချယ်တာဝန်ပေးအပ်ပွဲ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ဆင့် စည်းရုံးရေးမှူးနှင့် ဒုစည်းရုံးရေးမှူး ရွေးချယ်တာဝန်ပေးအပ်ပွဲအခမ်အနားကို မေလ (၃၁) ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ရာ ကျောက်ကြီးဇုံရှိ (၁၁) အုပ်စုအတွက် အပြီးသတ်ရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။

စဓဗဝ


Read more

သပိတ်ကျင်းမြို့နယ် ပုတီးဖြုကျေးရွာပါတီ ရွေးချယ်တင်မြှောက်ပွဲနှင့် မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ် ပုတီးဖြူကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို ဇွန်လ (၁) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ဒုခေါင်းဆောင် ဦးထွန်းတင့်၊ စီးပွားရေးတာဝန်ခံ ဦးမြင့်စိုး၊ ပါတီကော်မတီဝင် ဦးကျော်သိန်းစိုး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေးပါတီကော်မတီဝင်များ တက်ရောက်ခဲကြပြီး ပါတီ မူဝါဒများနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

Read more

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၁) ရက် နေ့လည်(၁၂) နာရီမှ မွန်းလွဲ (၂:၅၀) ချိန်ထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များတက်ရောက်ကာ မြို့နယ်အဆင့် ပါတီ မျက်နှာစုံညီ ပြုလုပ်မည့်ကိစ္စရပ်များနှင့် ပါတီရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများမှ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Read more

မြန်အောင်၌ ပြည်သူ့အကျိုးဆောင်ရွက်မည့် အမာခံပါတီကေဒါများရွေးချယ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ရှားတောကျေးရွာ အုပ်စုအမာခံပါတီဝင်များ အပြီး သတ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့က ရှားတောကျေးရွာရှိ ပါတီဝင်ဦးဝင်းအောင်၏ နေအိမ်၌ ကျင်းပခဲ့သည်။
ရွေးချယ်တင်မြှောက်ပွဲသို့ မြန် အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွဲ ဖက်အတွင်းရေးမှူးဦးတင်ဝင်း၊မြို့မ တိုက်နယ်တာဝန်ခံ ဦးနေဝင်းဇော်၊ အမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်ယဉ် မြတ်သူ၊ရပ်မိရပ်ဖများနှင့် ပါတီဝင် များတက်ရောက်ခဲ့ကြသည်။ ရှေး ဦးစွာ ဦးနေဝင်းဇော်က ကြိုတင် နှုတ်ခွန်းဆက်စကားပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ရွေးချယ်တင်မြှောက်ခြင်းဆိုင် ရာများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အခမ်းအနားတက် ရောက်လာကြသော ရပ်မိရပ်ဖများ နှင့် ပါတီဝင်များက ကျေးရွာအုပ်စု ခေါင်းဆောင်နှင့်ဒုတိယခေါင်းဆောင် တို့ကိုရွေးချယ်ပေးခဲ့ကြပြီး အလုပ် သမားခေါင်းဆောင်၊ တောင်သူ လယ်သမားခေါင်းဆောင်၊ အမျိုး သမီးအဖွဲ့ခေါင်းဆောင်နှင့် လူငယ် အဖွဲ့ခေါင်းဆောင်များကိုလည်းရွေး ချယ်ပေးခဲ့ကြသည်။

Read more