ရခိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီအဆင့်ဆင့် အသစ်ပြန်လည်ဖွဲ့စည်း

ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်များနှင့် ပါတီကော်မတီများ ကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မတီများကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြို့နယ်ကော်မတီ များကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းရန် ယခုလအတွင်း ကော်မတီဝင် ရွေးချယ်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီရခိုင်ပြည်နယ် အတွင်းရေးမှူးဒေါက်တာစန်းရွှေက ပြောသည်။
”ရခိုင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီကို ပြုပြင်ပြောင်းလဲမှုတွေလုပ် နေပါတယ်။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်စတဲ့ကော်မတီအဆင့်ဆင့်ကို ပြန် လည်ရွေးချယ်ပြီးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အခုတော့ ရပ်ကျေးကော် မတီဝင်တွေကို ရွေးချယ်ပြီးသွားပါပြီ။ ဒီလအတွင်းမှာတော့ မြို့နယ်အဆင့် ကော်မတီဝင်ရွေးချယ်ပွဲတွေ လုပ်ပါမယ်”ဟု ၄င်းကပြောသည်။ အသစ် ပြန်လည်ဖွဲ့စည်းမည့်ကော်မတီများအတွက် ကော်မတီဝင်များ ရွေးချယ်ရာတွင် သင့်တော်မည့် လူပုဂ္ဂိုလ်များကို အဆိုပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

Read more

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှ ၂ နာရီခွဲအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်၊ ဗဟို အလုပ်အမှု ဆောင် ဦးမြင့်စိုး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်း ရှိခရိုင်မြို့နယ်များမှ အတွင်းရေးမှူး များနှင့်ကော်မတီဝင်များ၊ ပါတီ အဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့ စည်းရေးကြီးကြပ်မှုကော်မတီဝင်များ စုစုပေါင်း ၁၄ဝခန့် တက်ရောက်ခဲ့သည်။

Read more

မွန်ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေး ကြီးကြပ်ရေး ကော်မတီ များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအုန်းမြင့် သည် ဇွန်လ(၇)၊ နေ့လယ် (၁၂) နာရီအချိန်မှ မွန်းလွဲ(၂) နာရီ (၃၀)မိနစ် အချိန်ထိ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ နှင့် မြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ကြီးကြပ်ရေးကော်မတီများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့်မှ မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် သိသင့်သိထိုက်သည်များအား ရှင်းလင်း ပြောကြားခဲ့သည်။

Read more

သံတွဲပြည်ခိုင်ဖြိုး ပါတီညီလာခံကျင်းပရေး ညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရပ်/ကျေး ပါတီခေါင်းဆောင်များ ကတိသစ္စာ ခံယူပွဲ အခမ်းအနားကို (ဇွန်လ ၇) ရက် နေ့လည် (၁၂) နာရီအချိန်က သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်တွင်းရှိနေအိမ်နှင့် လမ်းများအား ခြင်ဆေး ဖြန်းခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူပေါင်း၍ ဇွန်လ (၇) ရက်က အမှတ်(၁၁)ရပ်ကွက်၊ အာသာဝတီ လမ်း၊ သရဖီလမ်း၊ ABM ဝင်း နောက်လမ်းသွယ် (၁)၊ (၂)၊ (၃)၊ မှန်ပင်ဘုန်းကြီးကျောင်း နောက်လမ်း များရှိ လူနေအိမ်များအား ခြင်ဆေးဖြန်းခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

မိုးကုတ်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြည်ခိုင်ဖြိုးပါတီက ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များက မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် တက်ရောက်ပညာသင်ကြားနေ သောကလေးငယ်များ ခြင်အန္တရာယ် ကင်းဝေးပြီး မိုးဦးကာလတွင်ဖြစ် ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကိုဆောင် ရွက်လျက်ရှိရာ ယခုလ ၅ ရက် နံနက်ပိုင်းကရှမ်းတောအလယ်တန်း ကျောင်းစာသင်ခန်းများနှင့်ကျောင်း ဝင်းအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

Read more

လာမည့်ရာသီတွင် အသုံးပြုမည့် ပရီးမီးယားလိဂ်ဘောလုံးပုံစံ အွန်လိုင်းတွင် ပေါက်ကြား

Ball_0

လာမည့်ရာသီ ပရီမီးယားလိဂ်တွင် အသုံးပြုမည့် ဘောလုံးပုံစံဟုယူဆရသည့် ဓါတ်ပုံမှာ အွန်လိုင်းတွင်ပေါက်ကြား ပျံ့နှံ့နေသည်။

၂၀၁၆-၁၇ ဘောလုံးရာသီတွင်အသုံးပြုဖွယ်ရှိသည့် Nike Ordem 4 ဟုအမည်ရသော ယင်းဘောလုံး၏ ပုံစံမှာ လိုဂိုအသစ်ကို အပြာ၊ အစိမ်းနှင့် ခရမ်းကွက်များ ရောစပ်ဝန်းရံထားပြီး အနက်လိုင်းကွက်များပါရှိသည့် ပုံစံဖြစ်သည်။

ယင်းဘောလုံးပုံစံနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုရခြင်းမရှိသေးသကဲ့သို့ ပရီးမီးယားလိဂ်အနေဖြင့် ပွဲစဉ်ဇယား ပေါက်ကြားမှုအတွက်လည်း အတည်ပြုရန် ဖိအားပေးခံခဲ့ရပြီးဖြစ်သည်။

Read more

မော်ရင်ဟိုလက်ထက် ပထမဆုံး ခေါ်ယူလိုက်သည့် ကစားသမား

Eric-Bailly-Getty-Images

ဗီလာရီးရဲလ်ကစားသမား အဲရစ်ဘေလီကို မန်ယူအသင်းက ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့ နောက် မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

Read more

ဆရီနာဝီလျံ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ်ဖြစ်လာ

2016-06-07-220321

ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၂၀၁၆ ပြင်သစ်အိုးပင်းတွင် ဒုတိယဆုယူအပြီး

 

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ရှရာဗိုပါကို ကျော်ဖြတ်ကာ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ် ဖြစ်လာတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Read more

ဒီမာရီယာခြေစွမ်းပြပြီး ချီလီကို အာဂျင်တီးနား အနိုင်ယူ

16949841498

မက်ဆီ မပါဝင်သော်လည်း အာဂျင်တီးနားက ဒီမာရီယာ၏ ခြေစွမ်းပြမှုနှင့်အတူ ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်နှစ်   ကိုပါအမေရိက ဖလားဗိုလ်လုပွဲ ရှုံးနိမ့်မှုအတွက် လက်စားပြန်ချေနိုင်ခဲ့သည်။

ကျောဒဏ်ရာကြောင့် မက်ဆီမပါဝင်နိုင်သော်လည်း အာဂျင်တီးနားတွင် ဒီမာရီယာခြေစွမ်း ပြခဲ့ပြီး အဖွင့်ဂိုးသွင်းယူကာ ဘန်နီကာသွင်းယူသော ဂိုးကို ဖန်တီးပေးခဲ့သည့် ချီလီအသင်းဘက်သို့ ၎င်းသွင်းယူခဲ့သောဂိုးမှာ ယင်းပွဲ မတိုင်မီ ကွယ်လွန်သွားသည့် အဘွားအတွက် ရည်ရွယ်သွင်းယူသော ဂိုးဖြစ်ကြောင်း ဒီမာရီယာက ပြောကြားသည်။

Read more