အေရွ႕ေတာင္အာရွေဘာ္လီေဘာဖလားၿပိဳင္ပြဲ ျမန္မာဝင္ယွဥ္မည္

အေရွ႕ေတာင္အာရွေဘာ္လီေဘာဖလားၿပိဳင္ပြဲ ျမန္မာဝင္ယွဥ္မည္
========================
(၆) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွေဘာ္လီေဘာဖလားၿပိဳင္ပြဲ (6th SEA V Cup) ကို ျမန္မာအမ်ိဳးသားလက္ေ႐ြးစင္ ေဘာ္လီေဘာအသင္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

(၆) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွေဘာ္လီေဘာဖလားၿပိဳင္ပြဲ (6th SEA V Cup) ကို ဇူလိုင္ ၁၅ ရက္ကေန ၁၉ ရက္အထိ ဖိလစ္ပိုင္ႏိုင္ငံ၊ ကြန္ဒြန္ၿမိဳရွိ ကြန္ဒြန္အရီနာမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ၿပိဳင္ပြဲကို အေရွ႕ေတာင္အာရွေဒသတြင္းမွ အိမ္ရွင္ဖိလစ္ပိုင္၊ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ ကေမာၻဒီးယား အမ်ိဳးသားလက္ေ႐ြးစင္ ေဘာ္လီေဘာအသင္း (၆) သင္း ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ေၾကာင္း သိရပါတယ္။

ၿပိဳင္ပြဲဝင္အသင္း (၆) သင္းကို ပထမအဆင့္ အေနျဖင့္ (၃) သင္း (၂) အုပ္စု က်င္းပမွာျဖစ္ၿပီး ဒုတိယအဆင့္အေနျဖင့္ အဆင့္သတ္မွတ္ခ်က္ပြဲမ်ား ဆက္လက္က်င္းပျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အုပ္စုခြဲေဝထားမႈအရ အုပ္စု (A) မွာ အိမ္ရွင္ဖိ လစ္ပိုင္၊ အင္ဒိုနီးရွား၊ ကေမာၻဒီးယာ၊ အုပ္စု (B) မွာ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္အသင္းတို က်ေရာက္ေနလ်က္ရွိေၾကာင္း သိရပါတယ္။ ၿပိဳင္ပြဲကို အေရွ႕ေတာင္အာရွေဒသတြင္းမွ ထိပ္ဆုံးရပ္တည္မႈရ အမ်ိဳးသားေဘာ္လီေဘာအသင္း (၆) သင္းျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာအမ်ိဳးသားေဘာ္လီေဘာအသင္းဟာ အုပ္စုပြဲစဥ္မ်ားအျဖစ္ ဇူလိုင္ ၁၆ ရက္တြင္ ထိုင္းအသင္း၊ ဇူလိုင္ ၁၇ ရက္တြင္ ဗီယက္နမ္အသင္းတိုနဲ႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ေၾကာင္း သိရပါတယ္။ အုပ္စုပတ္လည္ပြဲမ်ားကို ဇူလိုင္ ၁၅၊ ၁၆၊ ၁၇ ရက္မ်ားမွာ က်င္းပသြားမွာျဖစ္ၿပီး ဇူလိုင္ ၁၈ ရက္တြင္ အုပ္စု (A) ပထမရအသင္းနဲ႔ အုပ္စု (B) ဒုတိယရအသင္း၊ အုပ္စု (A) ဒုတိယရအသင္းနဲ႔ အုပ္စု (B) ပထမရအသင္း၊ အုပ္စု (A) တတိယရအသင္းနဲ႔ အုပ္စု (B) တတိယရအသင္းတို အဆင့္သတ္မွတ္ခ်က္ပြဲမ်ားအျဖစ္ ဆက္လက္ယွဥ္ၿပိဳင္ကစားရ မွာျဖစ္ေၾကာင္း သိရပါတယ္။ ၿပိဳင္ပြဲေနာက္ဆုံးေန႔ျဖစ္တဲ့ ဇူလိုင္ ၁၉ ရက္တြင္ အဆင့္သတ္မွတ္ခ်က္ပြဲမ်ားမွ အႏိုင္ရအသင္း အခ်င္းခ်င္း ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၅ ထိုင္းဆီးဂိမ္းစ္ အမ်ိဳးသားေဘာ္လီေဘာ္ၿပိဳင္ပြဲတြင္ ထိုင္းအသင္းက ေ႐ႊတံဆိပ္၊ အင္ဒိုနီးရွားအသင္းက ေငြတံဆိပ္၊ ဖိလစ္ပိုင္အသင္းက ေၾကးတံဆိပ္ဆုမ်ား ရရွိထားၿပီး ျမန္မာအသင္းက အဆင့္ ၅ ရရွိခဲ့ပါတယ္။ #Eleven


အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ မြန်မာဝင်ယှဉ်မည်
========================
(၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို မြန်မာအမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

(၆) ကြိမ်မြောက် အရှေ့တောင်အာရှဘော်လီဘောဖလားပြိုင်ပွဲ (6th SEA V Cup) ကို ဇူလိုင် ၁၅ ရက်ကနေ ၁၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ကွန်ဒွန်မြိုရှိ ကွန်ဒွန်အရီနာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အမျိုးသားလက်ရွေးစင် ဘော်လီဘောအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင်အသင်း (၆) သင်းကို ပထမအဆင့် အနေဖြင့် (၃) သင်း (၂) အုပ်စု ကျင်းပမှာဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အဆင့်သတ်မှတ်ချက်ပွဲများ ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) မှာ အိမ်ရှင်ဖိ လစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယာ၊ အုပ်စု (B) မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်အသင်းတို ကျရောက်နေလျက်ရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ ထိပ်ဆုံးရပ်တည်မှုရ အမျိုးသားဘော်လီဘောအသင်း (၆) သင်းဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသားဘော်လီဘောအသင်းဟာ အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၁၆ ရက်တွင် ထိုင်းအသင်း၊ ဇူလိုင် ၁၇ ရက်တွင် ဗီယက်နမ်အသင်းတိုနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။ အုပ်စုပတ်လည်ပွဲများကို ဇူလိုင် ၁၅၊ ၁၆၊ ၁၇ ရက်များမှာ ကျင်းပသွားမှာဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် အုပ်စု (A) ပထမရအသင်းနဲ့ အုပ်စု (B) ဒုတိယရအသင်း၊ အုပ်စု (A) ဒုတိယရအသင်းနဲ့ အုပ်စု (B) ပထမရအသင်း၊ အုပ်စု (A) တတိယရအသင်းနဲ့ အုပ်စု (B) တတိယရအသင်းတို အဆင့်သတ်မှတ်ချက်ပွဲများအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရ မှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၁၉ ရက်တွင် အဆင့်သတ်မှတ်ချက်ပွဲများမှ အနိုင်ရအသင်း အချင်းချင်း ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ် အမျိုးသားဘော်လီဘော်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ ဖိလစ်ပိုင်အသင်းက ကြေးတံဆိပ်ဆုများ ရရှိထားပြီး မြန်မာအသင်းက အဆင့် ၅ ရရှိခဲ့ပါတယ်။ #Eleven