၆ လက်မ screen နှင့် Snapdragon 652 ပါဝင်သည့် ZTE nubia Z11 Max

ZTE သည် Z11 mini ပြီးနောက် Z11 စီးရီး၏ ဒုတိယမြောက်ထုတ်ကုန်ဖြစ်သော nubia Z11 Max ကို တရားဝင် မိတ်ဆက်ပြသခဲ့သည်။

Z11 Max တွင် ၆ လက်မ 1080p touchscreen နှင့် Gorilla Glass 3 ပါဝင်ပြီး ကျောဘက်တွင် 16MP ကင်မရာ နှင့် Sony IMX298 sensor, f/2.0 aperture, sapphire glass protection နှင့် dual-tone LED flash တို့ ပါဝင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး f/2.4 aperture နှင့် ၈၀ ဒီဂရီ wide-angle capture တို့ကို ထောက်ပံ့ပေးထားသည်။ (more…)


Read more

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ခြင်းကို ဇွန် ၉ ရက်မှစ၍ ရန်ကုန်မြို့၌ ပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များအနေဖြင့် ဇွန် (၉) ရက်မှစတင်၍ ရန်ကုန်မြို့ရှိ  Myanmar Peace Center ၌ တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးကြီးစိုင်းလက ဇွန် ၇ ရက်တွင် ပြောကြားသည်။

(more…)


Read more

မြန်မာနိုင်ငံရေး သတင်းအချက်အလက် မဏ္ဍိုင် ဝက်ဘ်ဆိုက် မိတ်ဆက်ပွဲ ကျင်းပမည်

ပြည်သူလူထုနှင့်အားလုံးသော ပါဝင်ပတ်သက်သူများအတွက် လို အပ်လျက်ရှိသည့် သတင်းအချက် အလက်များကို ထိရောက်အကျိုးရှိ စွာဖြန့်ဝေပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရေး သတင်းအချက် အလက် မဏ္ဍိုင်ဝက်ဘ်ဆိုက် မိတ်ဆက်ခြင်း အခမ်းအနားကို ယခုလ (၁၁) ရက် ၌ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(more…)


Read more

မလေးရှားရောက် မြန်မာလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံရပါက သက်ဆိုင်ရာ သံအရာရှိများထံ တိုင်ကြားနိုင်ကြောင်း သံရုံးထုတ်ပြန်

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားရေးရာ ပြဿနာများ၊ မတရားလုပ်ခ လစာဖြတ်တောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှိပါက အလုပ်သမား သံအရာရှိများထံ ဖုန်းဖြင့်သော် လည်းကောင်း၊ ကိုယ်တိုင်သော် လည်းကောင်း တိုင်ကြားနိုင်ပြီး ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ ပေးရန်မလိုကြောင်း ထုတ်ပြန်ချက် တစ်ရပ်ကို ဇွန် ၇ ရက်က ထုတ်ပြန်ခဲ့သည်။

(more…)


Read more

ပြည်ပသို့ တရားဝင်ငွေလွှဲမှု Western Union စတင်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တရားဝင်ငွေလွှဲပို့နိုင် မည့် ၀န်ဆောင်မှုလုပ်ငန်းကို အမေရိကန်အခြေစိုက် Western Union က ဇွန်လ ၇ရက်တွင် စတင် လိုက်ကြောင်း သတင်းရရှိ သည်။

(more…)


Read more

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ဇွန်လ ၁၁ ရက်ထုတ်ပြန်မည်

၂၀၁၅-၁၆ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းကို ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

‘‘အောင်စာရင်းက ပုံမှန်ဆို ဇွန်လ ပထမပတ် စနေနေ့မှာ ထွက်တယ်။ နည်းနည်းနောက်ကျ ရင် ဒုတိယပတ်စနေမှာ ထွက် လေ့ရှိတယ်။ ဇွန်လ ၁၁ ထွက်ဖြစ် မယ်။ အခုရက်ပိုင်းက နည်းနည်း စောသေးလို့ မထုတ်ပြန်သေးတာ ဖြစ်မယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲက ပြောသည်။

(more…)


Read more

ပြည်နယ်ပါတီ ဥက္ကဌ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ကော်မတီဝင်များနှင့် တွေ့ဆုံ

13394040_393201127521687_1619765359152741809_n

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအုန်းမြင့် သည် ယနေ့ ဇွန်(၈)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီချိန်မှ မွန်းလွဲ(၁၃:၃၀)နာရီချိန်ထိ မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

Read more

မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည်

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့ အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့ မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။
မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့ အလှပြင် ပစ္စည်းတွေကို တကူတက ရှာဖွေ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့ အုန်းရည်ကို
အသုံးပြု ဖြေရှင်းနိုင်ပါတယ်။

Read more

ပြည်နယ်တာဝန်ခံနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ တို့၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

13335852_1758632777688291_7400041584158033453_n

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်း အဝေးကို ဇွန်လ (၆) ရက် နေ့လည် (၁) နာရီခွဲ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဆိုင်းလမှ ပြည်နယ်ပါတီရုံး၌ပြုလုပ်ခဲ့သည့် ဗဟိုအကြံပေး ( ကချင်ပြည်နယ် တာဝန်ခံ) ဦးသိန်းဇော်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်းတို့၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

Read more

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုး ကျောင်းသား/သူများအား အဟာရဒါနနှင့် ဗလာစာအုပ်များ လှူဒါန်း

အမှတ်(၂) မဲဆန္ဒနယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ လမ်းညွန်မှုဖြင့် မြို့နယ်နှင့် ရပ်/ကျေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပူးပေါင်းကာ ဇွန်လ (၇) နေ့က ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်အုပ်စု၊ ရေကျော်ကြီးကျေးရွာ အမက ရေကျော်ကြီး ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ဗလာစာအုပ်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

Read more