အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်သဖြင့် ဂျပန် ကန့်ကွက်

China-over-ship

ပေကျင်း၊ ဇွန် ၉

အရှေ့တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်ခဲ့သဖြင့် တိုကျိုရှိ တရုတ်သံအမတ်ကြီးအား ဂျပန်က ကန့်ကွက်ကြောင်း ပြောဆိုသည်။

အငြင်းပွားနေသည့် လူမနေသော ကျွန်းများကို ဂျပန်က ရှင်ကာကုကျွန်းစုဟု ခေါ်ကာ တရုတ်ဖက်က ဒိုင်အိုယု ကျွန်းစုများအဖြစ် ခေါ်သည်။

တစ်ချိန်တည်းတွင် ယင်းရေပြင်အတွင်း ရုရှရေတပ်သင်္ဘောများကိုလည်း တွေ့ရှိကြောင်း ဂျပန်ပြည်တွင်းများတွင် ဖော်ပြသည်။

Read more

မိုဆူးလ်မြို့အနီးတွင် အီရတ်တပ်ဖွဲ့များနှင့် အိုင်အက်စ်တို့တိုက်ခိုက် စစ်သွေးကြွ ၄၅ ဦးသေဆုံးဟု အီရတ် စစ်ဘက်ပြောကြား

45327527

မိုဆူးလ် ဇွန် ၈

အစ္စလာမ္မစ်နိုင်ငံတည်ထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ သိမ်းယူထားသော မိုဆူးလ်မြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများတွင် တည်ရှိသော အီရတ်လုံခြုံရေး တပ်ဖွဲ့ စခန်းများအား အိုင်အက်စ်စစ်သွေးကြွများ၏ တိုက်ခိုက် လာခြင်းကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ပြီး စစ်သွေးကြွ ၄၅ ဦး သေဆုံးသွားကြောင်း အီရတ်စစ်ဘက်က ပြောကြားသည်။

Read more

တဲလ်အယ်ဗစ်တွင် ပါလက်စတိုင်းနှစ်ဦး ပစ်ခတ်၍ လေးဦး သေဆုံး

Palestinian

တဲလ်အယ်ဗစ်၊ ဇွန် ၉

အစ္စရေးနိုင်ငံ တဲလ်အယ်ဗစ်မြို့ လဟာပြင်ဈေးနှင့် စားသောက်ဆိုင်များရှိရာ အရပ်တွင် ပါလက်စတိုင်းလက်နက်ကိုင် နှစ်ဦး ပစ်ခတ်၍ လူလေးဦးသေဆုံးကာ   ခြောက်ဦးဒဏ်ရာရကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။

အနောက်ဖက်ကမ်း ဟီဘရွန်းမြို့အနီးရှိ ပါလက်စတိုင်းရွာ ယတ်တာရွာမှ ၀င်ရောက်လာသည့် လက်နက်ကိုင်နှစ်ဦး ဖြစ်ကြောင်း ရဲက ပြောသည်။

Read more

အမေရိကန်နှင့် အိန္ဒိယလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်သဘောတူ

13415540_1717165838523917_1514212032687397166_o

ဝါရှင်တန် ဇွန် ၈

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်တွင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ရန် အမေရိကန် နှင့် အိန္ဒိယတို့က သဘောတူခဲ့သည်။ နှစ်နိုင်ငံသည် တရုတ်၏ ရေကြောင်း လှုပ်ရှားမှုများကို ထိန်းသိမ်းရန် သိသိ သာသာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် အင်္ဂါနေ့က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

Read more

စားသုံးရန်မသင့်သော အစားအသောက် ၂၈ မျိုး ဈေးများအတွင်း တွေ့ရှိ

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူးနှင့် နေပြည်တော်တို့ရှိ ဈေးများမှ အစားအသောက်များအား အများ ပြည်သူစားသုံးရန် သင့်မသင့်ကို FDA (Food And Drug Administration) က ရွေ့လျားဓာတ်ခွဲခန်းဖြင့် လှည့်လည်စစ်ဆေးခဲ့ရာ စားသုံးရန် မသင့်သော အစားအသောက် ၂၈ မျိုး တွေ့ရှိခဲ့ရကြောင်း FDA မှ သိရ သည်။

Read more

အနုပညာရှင်များဆီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းကျော် လိမ်လည်သွားသည့် အဆိုတော်ကဗျာဘွဲ့မှူးအကြောင်း စာနယ်ဇင်းရှင်းလင်း

ချွေးနှဲစာဖြင့် ရှာထားသည့် အနုပညာကြေးများကိုလိမ်လည် သွားသည့် ဂီတမှူး စောဘွဲ့မှူး၏ သမီးကြီးကဗျာဘွဲ့မှူးနှင့်ပတ်သက် ပြီး ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား လမ်းရှိ Orchid Hotel ၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါငွေကြေးအလွဲသုံးမှုတွင် အလိမ်ခံရသော အနုပညာရှင် များဖြစ်ကြသည့် အဆိုတော် မေခလာ ကျပ်သိန်း ၃ဝဝ၊ ဆုန် သင်းပါရ် ကျပ်သိန်း ၁၃ဝဝ၊ Lဆိုင်းဇီ ကျပ်၈၅သိန်း၊ ဘိုဖြူ ကျပ်သိန်း၁ဝဝ၊ ကော်နီ ကျပ်သိန်း ၁၈ဝ၊ အံ့မော်ဦး ကျပ်သိန်း၁ဝဝဝ၊ အဆိုတော်ီဖြိုး၏ဇနီး ကျပ်သိန်း ၈၅ဝ၊ ခရစ္စတိုဖာ ကျပ်သိန်း ၅ဝဝ၊ စောအယ်ခူး ကျပ်သိန်း ၆ဝဝ၊ ကျော်နေဝင်း ကျပ်သိန်း ၃ဝဝ၊ စလားရူဖန်း ကျပ်သိန်း၁ဝဝ၊ မိုးနှင်းသက် ကျပ်သိန်း ၂၅ဝဝ၊ ဝင်းပပအေး ကျပ်သိန်း ၁၂၅ဝ၊ နန္ဒာကျော်သူ ကျပ်သိန်း ၅ဝဝ၊ ဒေါ်စန္ဒာရတနာ ကျပ်သိန်း ၁၅ဝ၊ စင်ဒီ ကျပ်သိန်း ၃ဝဝ တို့ အလိမ် ခံရသည်။
လက်ရှိတွင် ကဗျာဘွဲ့မှူးသည် အမေရိကားကို ထွက်ပြေးတိမ်း ရှောင်နေကြောင်း သိရသည်။ ”ကျွန်မတို့ပိုက်ဆံတွေက ဘယ်သူ နဲ့မှ ဆက်စပ်ပြီးရလာတဲ့ ငွေ မဟုတ်ပါဘူး။ ပရိသတ်တွေက ချစ်လို့ပေးထားတဲ့ အနုပညာကြေး တွေပါ။ သူတို့နဲ့ ချစ်ငယ်တို့က အရမ်းခင်ရတဲ့ သူတွေပါ။ ကဗျာ ဘွဲ့မှူးဆိုတာလဲ ကျွန်မလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးပါ။ နောက် မျိုးမြင့်အောင်ဆိုတာလဲ ချစ်ငယ် တို့နဲ့ တအားရင်းနှီးတဲ့သူတွေပါ။ အဲ့ဒီလိုရင်းနှီးမှုကို အခွင့်အရေး ယူပြီး လုပ်သွားတာပါ။ သူ့အပေါ် ကောင်းတဲ့သူတွေကို သူလုပ်သွား တာပါ။ သူ့ကို လုပ်ငန်းစပ်တူ လုပ်ဖို့ ပေးအပ်ခဲ့တဲ့ငွေတွေပါ။ သူတို့ဓာတ်ဆီဆိုင်ကနေ တစ်နေ့ ရတဲ့ဝင်ငွေက မနည်းပါဘူး။ ဒါကို သူတို့ပြန်ဖြေရှင်းပေးနိုင်ရဲ့သားနဲ့ သူတို့မရှင်းပေးဘဲ ထွက်ပြေး တယ်။ ကိုယ့်အချင်းချင်း မလုပ် သင့်ပါဘူး။သူကိုယ်တိုင်က စီးပွား ရေးလုပ်ပါလားဆိုပြီး ချစ်ငယ်တို့ အားလုံးကိုလာပြောတာပါ။ သီချင်း ဆိုနေမယ့်အစား ထာဝရအဆင် ပြေမယ့်လုပ်ငန်းဆိုပြီး လိမ်သွား တာပါ။ သူရဲ့ ZTX ဆီဆိုင်မှာ တစ်ယောက်ကိုအစုရှယ်ယာကျပ် သိန်း ၂ဝဝစီ ပါဝင်ခိုင်းပါတယ်။ သူတစ်ခုခုမှားယွင်းမှုကြောင့် လုပ် သွားတယ်လို့ပဲ သတ်မှတ်ထား ပါတယ်။ သူတို့ကို အဆင်မပြေ တာ ဘာရှိလဲပြောပါဆိုတာကို သူတို့ဘက်ကအကြောင်းမပြန်ဘူး။ သူတို့ဘက်က လုပ်ချင်တာလုပ်လို့ ပြောပါတယ်။ သူတို့က အမျိုးမျိုး တိမ်းရှောင်လို့ အခုလိုပွဲလေးလုပ် တာပါ။သူတို့အမျိုးတွေက သတင်း စာမှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ သူတို့ကို သိက္ခာကျဆင်းအောင် လုပ်ရင် တရားစွဲမယ် ဘာညာပြော လာလို့ အခုလိုမီဒီယာကို အသိ ပေးရတာပါ”ဟု အဆိုတော်မေ ခလာက ပြောကြားခဲ့သည်။

Read more

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြို့နယ်၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

13418724_1722703757999745_1385567362315004550_n

နေပြည်တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း သည် ဇွန်လ (၈) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော မြို့နယ်၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် လီရှန်လုံးနှင့် ဇနီးတို့အား လက်ခံတွေ့ဆုံ

_DSC6927

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ဇနီးတို့အား ယနေ့ ( ၈-၆-၂၀၁၆) နေ့လည် (၁) နာရီ (၁၅) မိနစ်အချိန်က နေပြည်တော် ပတ်ရွိုင်ရယ် ဟိုတယ် ပတ္တမြားခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

_DSC6937

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင် သိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးခင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read more

အနက်ရောင်ချောကလက်နဲ့ ကျန်းမာရေးကောင်းကျိုး

အနက်ရောင်ချောကလက် (dark chocolate)  ရဲ့ အကျိုးကျေးဇူးများအကြောင်း ဟိုးအရင်ကတည်း က ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် မကြာသေးမီ လေ့လာမှုတစ်ခုက စိတ်ခံစားချက်ကောင်းမွန်စေရုံမက ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်မှုတွေပါ အမှန်တကယ် ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း အခိုင်အမာဖော်ပြခဲ့ပါတယ်။
မကြာသေးမီက ဆောင်းပါးတစ်ခုမှာ The New York Times က dark chocolate မှ လေ့ကျင့်ခန်း လုပ်နေစဉ် အောက်ဆီဂျင်မဲ့ စွမ်းဆောင်ရည်တွေမှာ ရှိနိုင်တဲ့ အကျိုးဆက်ကို လေ့လာခဲ့ပြီး  London’s Kingston University ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက လေ့လာမှုတစ်ခုအဖြစ် အသားပေး ဖော်ပြခဲ့ပါတယ်။

(more…)


Read more

CFDA Fashion Icon Award ဆုကို Beyonce ရရှိ

Beyonce ဟာဖက်ရှင်အမြင်ရှိသူတစ်ယောက်ဖြစ်ပေမယ့် ကော်ဇောနီပေါ်ကိုတော့ အများကြီး လျှောက်လေ့ မရှိပါဘူး။ ခင်ပွန်းဖြစ်သူ Jay Z နှင့် basketball ကြည့်ရင်ကြည့်၊ စတူဒီယိုထဲမှာ သီချင်းသွင်နေတာဖြစ်ရင်ဖြစ် ဒီလိုမှ မဟုတ်ရင်တော့ နယ်လှည့်ဖျော်ဖြေနေတာဖြစ်ပါတယ်။ (more…)


Read more