ကချင်ပြည်နယ်ပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ အပတ်စဉ်ပုံမှန်အစည်း အဝေးကို ဇွန်လ (၈) ရက် နေ့လည် (၁) နာရီအချိန် က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေး၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံမှ ရပ်/ကျေးနှင့် မြို့နယ်အဆင့် ပါတီကော်မတီဝင် ပြန်လည်ရွေးချယ်ရေးတို့အတွက် အသေးစိတ် ဆွေးနွေးခဲ့သည်။

Read more

မအူပင်ပြည်ခိုင်ဖြိုး ရပ်ကွက်တွင်း ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်အဖွဲ့သည် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ (၉) ရက်နေ့က ငြိမ်းချမ်းရေးကျောင်း၊ ဇေယျာရွှေမြေ ကျောင်း၊ အုဋ္ဌ်လှေကားကျောင်း၊ ဧမြို့ပညာရာမသီလရှင်ကျောင်း၊ မြန်အောင်သီလရှင် စာသင်တိုက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ် (၆) ဈေးပိုင်း အ.မ.ကကျောင်း တို့အား ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည် ။

Read more

ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ရွေးချယ်ရေး စည်းဝေး

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ ဇွန်လ (၉) ရ် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီအလုပ် အမှုဆောင်များ ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ပါတီကော်မတီဝင် ဦးချစ်ဦး ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင် များ ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပခဲ့သည်။

Read more

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ လုံခြုံရေး တင်းကျပ်

Security-tide-in-Euro-2016-Reuters

ဒီကနေ့စတင်မယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကြီးကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီးကတည်းက အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် သတိပေးအဆင့်ကို အမြင့်ဆုံး တပ်လှန့်ထားပါတယ်။

Read more

ဒဏ်ရာကြောင့် နာဒယ်လ် ၀င်ဘယ်ဒန်အိုးပင်း တင်းနစ်ပွဲနှင့် လွဲချော်

Rafael Nadal of Spain returns the ball to Sam Groth of Australia at the French Open May 24, 2016. REUTERS/Gonzalo Fuentes

စပိန်တင်းနစ် အကျော်အမော် ရာဖယ် နာဒယ်လ်ဟာ ဒဏ်ရာကြောင့် လာမယ့် ၀င်ဘယ်ဒန်အိုပင်း တင်းနစ်ပြိုင်ပွဲကို လွဲချော်သွားပါတယ်။

ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေအရ လက်ကောက်ဝတ်ဒဏ်ရာက မသက်သာသေးတဲ့အတွက် ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အသက် ၃၀ အရွယ် နာဒယ်လ်က ပြောပြီး အခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲနဲ့ ချရတာပါလို့လည်း ဆိုပါတယ်။

Read more

အင်္ဂလန် ၀ါရင့်ကွင်းလယ်လူ ကာရစ်ကို မန်ယူအသင်း တစ်နှစ် သက်တမ်းတိုး

13419097_1725087434410807_2760603416726908756_n

မန်ယူအသင်းသည် အသက်(၃၄)နှစ်အရွယ်ရှိ အင်္ဂလန် ၀ါရင့်ကွင်းလယ်လူ ကာရစ်ကို တစ်နှစ်သက်တမ်း တိုးလိုက်ကြောင်း သိရသည်။

ကာရစ်သည် ၂၀၀၆ ခုနှစ်က စပါးအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၅)ကြမ်၊ FA ဖလား (၁)ကြိမ်၊ လိဂ်ဖလား (၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ရယူနိုင်ခဲ့သည်။

Read more

ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် စီရော်နယ်ဒိုရပ်တည်

C.Ronaldo

အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ တွက်ချက် ထုတ်ပြန်မှုအရ ရီးယဲလ်မက်ဒရစ်၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ်က ၀င်ငွေ ပေါင် ၆၀ ဒသမ ၆ သန်းရရှိခဲ့ပြီး အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ဲလ်သာနှင့် ကမ္ဘာကျော် ဂေါက်သီးအားကစား သမား တိုက်ဂါးဝုဒ်တို့ ၁၆ နှစ်ကြာ လွှမ်းမိုးထားသော နံပါတ် တစ်နေရာကို  ရရှိခဲ့ခြင်းဖြစ်သည်။

Read more

မြန်မာအသင်းပါဝင်သည့် အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်

13335976_1028305113930976_9119439142061448446_n

၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ အုပ်စု ဂ မှာ မြန်မာအသင်းဟာ ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန်အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို လာမယ့်နှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာပါ။

Read more

လက်မခံနိုင်စရာ ဖိအားတွေ ကုလကို ပေးနေတယ်လို့ ဘန်ကီမွန်း ပြော

2782782

လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာခံ နေရတယ်လို့ ဆို

 

ယီမင်စစ်ပွဲမှာ ကလေးသူငယ်တွေ အများအပြား ထိခိုက်ခံရတဲ့အတွက် ကုလသမဂ္ဂ က နာမည်ပျက်စာရင်း သွင်းထားခဲ့တဲ့ ဆော်ဒီအာရေးဗီးယား ကို အဲဒီနာမည်ပျက် စာရင်း က နေ ထုတ်ပယ်ပေးဖို့ ဆော်ဒီ အစိုးရ ကနေ လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာတွေ ခံနေရတယ် လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

Read more

Tel Aviv ပစ်ခတ်မှုအပြီး ပါလက်စတိုင်း ၈၀,၀၀၀ ကျော် ခရီးသွားခွင့်ပိတ်ခံရ

1651569849

ခရီးသွား ပါလက်စတိုင်းမိသားစုကို အစ္စရေးလ်စစ်သားက တားဆီးမေးမြန်းစဉ်

 

အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက ဈေးဝယ်သူတွေနဲ့ ညစာ စားနေသူတွေကို ပါလက်စတိုင်း သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အပြီးမှာတော့ ပါလက်စတိုင်းသား ၈၃,၀၀၀ ကို ရာမာဒန် ဥပုသ်လအတွင်း ခရီးသွားလာခွင့် အစ္စရေးက ပိတ်လိုက်ပါတယ်။ မနေ့က တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရခဲ့တာပါ။

Read more