Author: USDP 2016
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် (NatIonal Democratic Institute) နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်တော့ မည့် Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (NatIonal Democratic Institute)နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၁ဝ) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
Read moreကွမ်းယာရောင်းသူမှစ လုပ်ငန်းရှင်ကြီးများအထိပါဝင်သည့် ရှယ်ယာရှင်စုပေါင်း၍ မကွေးဂျာနယ် စတင်ထုတ်ဝေ
အစုရှယ်ယာရှင်များဖြင့် စုပေါင်းထုတ်ဝေသော မကွေးဂျာနယ်ကို
ဇွန်လ ၁၀ရက်တွင်စတင်ဖြန့်ဝေလိုက်ကြောင်း စီစဉ်သူများက
ပြောကြားလိုက်သည်။
မကွေးဂျာနယ်တွင် သတင်းဆောင်းပါးများကိုသာဦးစာပေးပြီး ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု ၊ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်း၊အစိုးရသစ်ရင်ဆိုင်ကြုံတွေ့နိုင်သောပြဿနာစသည်များကို ဦးစားပေးဖော်ပြကြောင်း
အယ်ဒီတာချုပ်မှပြောသည်။
”ကျနော်တို့ အဓိကအနေနဲ့ ကျင့်ဝတ်ကို လိုက်နာပါတယ်။ လွတ်လပ်ရမယ်၊မျှတရမယ်၊ ကြောက်ရွံ့မှုကင်းရမယ်ဆိုတာ မူပါ
ပြည်သူအတွက်အလေးထားဖော်ဆောင်ပေးဖို့ ရပ်တည်ထားပါတယ်”ဟုတာဝန်ခံအယ်ဒီတာမှဖြေကြားသည်။
ဂျာနယ်မူဝါဒအရကိုက်ညီသော သတင်းပေးပို့ချက်များကိုသာရွေးချယ်မည်
ဖြစ်ပြီး သတင်းခိုင်မှု နှစ်ဘက်အသံမပါပါက အသုံးမပြုကြောင်းရှင်းပြသည်။
ရှယ်ယာရှင်များ၏စည်းကမ်းချက်တွင်လည်း လွှဲပြောင်းရောင်းချခွင့်မရှိ ၊ရောင်းချလိုပါက၊၆လပြည့်စာရင်းရှင်းချိန်တွင် အဖွဲ့၏သဘောတူညီမှုဖြင့်သာရောင်းချခွင့်ရှိသည်ဟုပြောသည်။
တစ်လလှင်သုံးကြိမ်ထုတ်ဝေမည်ဖြစ်ပြီး၁၀ရက်တစ်ကြိမ် ထုတ်ဖြစ်သည်။
ရှယ်ယာရှင်များတွင် အခြေခံလူတန်းစား ကွမ်းယာရောင်းသူမှစ
လုပ်ငန်းရှင်ကြီးများ၊အသင်းအဖွဲ့များစသဖြင့်ပါဝင်သည်။
တစ်ဦးတစ်ယောက်၏ ချုပ်ကိုင်မှုကင်းပြီး
အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့်သာ ကဏ္ဍခွဲ၍ လုပ်ဆောင်ကြကြောင်း
အုပ်ချုပ်မှု အယ်ဒီတာ ဦးအောင်လွင်က ရှင်းပြခဲ့ပါသည်။
မကွေးဂျာနယ်ကို အစုရှင်၄၀ဦးဖြင့် တစ်စုလျှင် ၅၀၀၀၀ သတ်မှတ်ပြီး
အစုပေါင်း၂၅၀သာရောင်းချထားကြောင်းသိရသည်။
အဖွဲ့ကို ဒါရိုက်တာအဖွဲ့၊ရှယ်ယာရှင်အဖွဲ့နှင့်သတင်းပိုင်းဟူ၍ခွဲခြားထားသည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်အဝေး တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီ နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ ဇွန်လ (၇)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုံး မြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရိပ်သာ၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Read moreမကွေးတိုင်းဒေသကြီး တိုင်းအဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေး၊ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေနှင့် တိုင်းအဆင့်ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန်လ (၉) ရက် နံနက် (၉) နာရီ အချိန်က မကွေးတိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Read moreဇာတ်ရုပ်အတွက် မျက်နှာသွယ်အောင် ဆေးထိုးခဲ့တဲ့ ဇေရဲထက်
မကြာမီ ရုံတင်တော့မည့် ‘ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်’ဇာတ်ကားရိုက်ကူးစဉ်က မိန်းကလေးပုံစံ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သောကြောင့် မျက်နှာသွယ်အောင် အဆီကျဆေးများ ထိုးခဲ့ ရကြောင်း ဇေရဲထက်က ပြောသည်။
‘‘အရင်က ကျွန်တော့်မျက်နှာ အရမ်းဖောင်းတဲ့အတွက် မိန်းကလေးပုံစံဆို အဆင်မပြေဘူး။ အဲဒါနဲ့ အဆီကျဆေးတွေ ထိုးလိုက်ရတယ်။ အဲဒီလိုထိုးလိုက်မှ နည်းနည်းလေး သွယ်သွားပြီး အဆင်ပြေသွားတာ’’ဟု ၎င်းက ပြောသည်။
မိုးညှင်းခရိုင်တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ညှိနှိုင်းစည်းဝေး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇွန်လ (၉) ရက် နေ့လည် (၁) နာရီအချိန်က ခရိုင် တာဝန်ခံ ဦးကျော်စိုးလေးမှ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရပ်ကျေး “ပ” “ဒု” စည်းမှူးများ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် ကတိသစ္စာပြုခြင်းကို အစီအစဉ် ပထမပိုင်းတွင် ကျင်းပပြုလုပ်ပြီး အစီအစဉ်ဒုတိယပိုင်းတွင် ဒေသ အလိုက် လူငယ်ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရန် ဆန္ဒမဲဖြင့် မိုးညှင်းလူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် Media ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ကြိုတင်ညှိနှိုင်းအစီအစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
Read moreမျှစ်၏အကျိုးကျေးဇူးများ
(၁) မျှစ်သည် အစာအိမ်၏ အစာချေဖျက်သည့် လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စေသည်။ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါကိုလည်း သက်သာစေသည်။
(၂) မျှစ်တွင် ဖီနောလစ်အက်စစ် များစွာပါဝင်မှုကြောင့် ရောင်ရမ်းမှုလျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိသည်။ ထို့ကြောင့် နှလုံးရောဂါအပါအဝင် နာတာရှည် ရောဂါများကို လျော့ကျစေသည်။ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ် မှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးမျက်နှာစုံညီအစည်းအဝေးနှင့်ပြန်လည် ပြင်ဆင်ရွေးချယ်ပွဲပြုလုပ်
တာချီလိတ်ခရိုင်/မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီမျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်
ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေး အားယနေ့ (၁၀-၆-၂၀၁၆)ရက်နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
credit;Htat Pine Soe
Read more
ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး အမာခံကေဒါများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမအတွင်း ဇွန်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင် တို့သည် ရပ်/ကျေး (၅၉) အုပ်စုမှ အမာခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁ဝဝ) နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။












