Hillary Clinton ကို သမ္မတ Obama ထောက်ခံ

2720414082

သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီးတယောက်လည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့

မစ္စက် ကလင်တန် တို့ကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၁၂)

Read more

ရုရှားစစ်ဘက်သုံးလေယာဉ်ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

53737837

မော်စကို ဇွန် ၉

ဇွန် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝနာရီ ၂၅မိနစ်တွင် ရုရှားနိုင်ငံမော်စကိုဒေသ၌ စစ်ဘက်သုံး Su-27 လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

Read more

အရည်အချင်းပြည့်ဝသော အတွေးအခေါ်သစ်များဖြင့် ပြောင်းလဲမှုကို စတင်ပါ

အရပ်သားအစိုးရဆိုသော အစိုးရသစ် တက်လာသည်။
ရက်(၁ဝဝ) ခရီးဖြင့် အစပြု တာထွက်နေပါသည်။
အနှစ်နှစ်အလလ လိုအပ်ချက်များကို ပြည်သူတို့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေအောင် ဖြေရှင်းပေးနိုင်ခြင်းမရှိနိုင်သည်ကို ပြည်သူများက နားလည်ပေးနိုင်သည်။
ထို့အတူ နားလည်ပေးကြသည်။
ရက်ပိုင်းအတွင်း ဖြေရှင်းနိုင်ခြင်း မရှိသည်ကို နားလည်ပေးနိုင်သော်လည်း လာမည့်နှစ်ပိုင်း အထူးအားဖြင့် အစိုးရသက်တမ်းကာလအတွင်း မည်မျှ ဖြေရှင်းပေးနိုင်မည်ကို မျှော်မှန်းကြည့်ရန် လိုအပ်သည်။
မြန်မာစကားပုံ ရှိပါသည်။ အပွေးမြင် အပင်သိရပါမည်။
တာထွက်ကာလ အစိုးရယန္တရား မောင်းနှင် ကြမည့်သူများ ခန့်အပ်ခြင်းနှင့် ဝန်ကြီးဌာနများ ပြန်လည် ဖွဲ့စည်းခြင်းတွင် လက်တွေ့ဆောင်ရွက်မှ မလွယ်မှန်း အတွေ့အကြုံရှိသူများက ခန့်မှန်းမိ ပါသည်။
ဝန်ကြီးဌာနများ ပေါင်းစည်းခြင်းတွင် လွယ်လွယ် ပြောရပါက ဌာနနှစ်ခု ပေါင်းပြီဆိုပါက ဦးစီးဦးဆောင်သူမှာ နှစ်ယောက်အစား တစ် ယောက်သာ ခန့်ထားရပါမည်။
ဘဏ္ဍာရေး ရှုထောင့်အရ ငွေကြေးကုန်ကျမှု သက်သာမည်။
ထို့ကြောင့် တိုင်းပြည်တွင် ဘတ်ဂျက်အရ မြန်မာကျပ်ငွေ ငါးဘီလီယံခန့် သက်သာသွားပြီ ဆို၍ ထအော်ကြသည်။ လက်ခမောင်းခတ်ကြပါသည်။
အရာရာတွင် အကြောင်းနှင့်အကျိုး ဆက် စပ်မှုရှိသည်။
အားသာချက်ကိုဖော်ထုတ်ရမည် ဖြစ်သကဲ့သို့ အားနည်းချက် ဘေးထွက်ဆိုးကျိုးကိုလည်း လျှော့မတွက်ရန် လိုပါသည်။
လက်တွေ့တွင် နှစ်ဌာန သုံးဌာန ပေါင်းလိုက်သဖြင့် တစ်ဌာနဖြစ်သွားသော ဝန်ကြီးဌာနများတွင် ဦးစီးဦးဆောင်မည့်သူများ၏ အရည်အချင်း တွင် ဘာသာရပ်နှံ့စပ်မှု၊ စီမံခန့်ခွဲတတ်မှု၊ အတွေ့အကြုံပြည့်ဝမှုများ ပို၍ပို၍ လိုအပ်ပါသည်။
ခန့်အပ်ပေးလိုက်သည့် ကုလားထိုင်ပေါ် တက်ထိုင်ပြခြင်းသည် အရည်အချင်းမဟုတ်ပါ။

Read more

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လက်ရှိလေး လမ်းသွားစနစ်မှ ရှစ်လမ်းသွားစနစ်အဖြစ် ယခုအစိုးရ သက်တမ်းအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(more…)


Read more

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ (၇) ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။

(more…)


Read more

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်လိုသူများ၏ လျှောက်လွှာများ ဇွန်လ ၂၁ ရက် နောက်ဆုံးထား ပေးပို့ရမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် လိုသူများ၏ အဆိုပြုလျှောက်လွှာများကို ဇွန်လ (၂၁) ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုအဆင့် ကော်မရှင်အဖွဲ့ဝင်များကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အတည်ပြု ခန့်အပ်ထားပြီးဖြစ်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှ မြို့နယ်အဆင့်အထိ သက်ဆိုင်ရာ ကော်မရှင်များ၏ အဖွဲ့အစည်းဝင်များကိုမူ ရွေးချယ်ခန့်အပ်ခြင်း မရှိသေးပေ။

Read more

မြန်မာ-စင်ကာပူနှစ်နိုင်ငံ ရက် ၃ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်တွင်စတင်မည်

စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ရရှိရေး နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ထိုဗီဇာကင်းလွတ် သွားလာခွင့်ကို ဒီဇင်ဘာ (၁) ရက်မှစတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

(more…)


Read more

Xiaomi ၏ Mi Max စမတ်ဖုန်း ပြည်တွင်းမိတ်ဆက်ပွဲနှင့် ကြိုတင်မှာယူနိုင်သည့် နေ့ရက်အား ထုတ်ပြန်ကြေညာ

Xiaomi ၏ ထုတ်ကုန်သစ်တစ်ခုဖြစ်သော Mi Max စမတ်ဖုန်း ပြည်တွင်းမိတ်ဆက်ပွဲအား ဇူလိုင်လ (၁၆) ရက် နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Xiaomi ၏ ပြည်တွင်းတစ်ဦးတည်း ဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Strong Source Co.,Ltd မှ သိရသည်။

(more…)


Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့် မိသားစု တည်ထောင်ထားသော“မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” ရဲ့ အလှူဒါန

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေ မိသားစုတို့မှ တည်ထောင်ဖွဲ့စည်းထားသော “မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” မှ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ ကျောင်းသုံး ဗလာ စာအုပ်များ သွားရောက်လှူဒါန်း၍ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါသည်။

Read more

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။

Read more