သံအရာရှိများကို ရုရှား ဖိနှိပ်ဆက်ဆံနေဟု အမေရိကန် စွပ်စွဲ

165164984

ရုရှားအစိုးရသည် မိမိတို့၏ သံအရာရှိများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက် သည်။ ရုရှားတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် သံအရာရှိများအပေါ် ရုရှားအာဏာပိုင်များက ခြိမ်းခြောက်မှု၊ ရန်လိုမှုများ ပိုမိုမြင့်တက်လာကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Read more

ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ တက်ရောက် အမှာစကား ပြောကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ပခုက္ကူခရိုင်ပါတီရုံးခန်းမတွင် ဇွန်လ (၂၈) ရက် နံနက် (၁၀)နာရီတွင်ကျင်းပရာ ဗဟိုအလုပ် အမှုဆောင် မကွေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့သည်။

13533234_249964585389687_5336178618744280950_n

(more…)


Read more

ပြည်ကြီးတံခွန်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို မြို့ နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယခုလ ၂၅ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပြန်လည်ပြင်ဆင်ရွေးချယ် ရေးကော်မတီဝင်များ၊ လေ့လာသူ မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များအပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်သူ့အကျိုးပြုလုပ်ငန်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် များအား အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

Read more

ထီးချိုင့်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) သူရဦးအေးမြင့်သည် ယခုလ ၂၆ ရက် နံနက် ၈ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ကျင်းပသည့် ထီးချိုင့်မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာ စကား ပြောကြားသည်။

(more…)


Read more

ပါတီမျက်နှာစုံညီစည်းဝေးပွဲ မြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့တွင် မြန်အောင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းတွင် သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးသန်းဌေးကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်ပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီနှင့် ခရိုင်ပါတီကော်မတီဝင်ဒေါက်တာ သန်းထွဋ်တို့က ဆောင်ရွက်ကြသည်။
အစည်းအဝေး ပထမပိုင်းတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားခြင်း၊ဧရာဝတီတိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးအောင် တင်မြင့်က အမှာစကားပြောကြား ခြင်း၊ မြို့နယ်ပါတီကော်မတီ ပြန် လည်ပြင်ဆင် ရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင်ဦးခင်မောင်ရီက ရွေး ချယ်ခြင်းဆိုင်ရာများရှင်းလင်းပြော ကြားခြင်းနှင့်မြို့နယ်ပါတီကော်မတီ ဝင်များက စာတမ်းများဖတ်ကြား ကာ အခမ်းအနား ပထမပိုင်းကို ရပ်နားလိုက်သည်။ မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းအခမ်း အနားသို့မြို့မိမြို့ဖများ၊ မြန်အောင် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးမှပါတီကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသာအေးမုံရွာမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသာအေးသည် ယခု လ ၂၆ရက် နံနက် ၉ နာရီတွင် တိုင်းဒေသကြီး ပါတီရုံးအစည်းအ ဝေးခန်းမတွင်ကျင်းပသည့် မုံရွာ မြို့နယ် ပါတီမျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

Read more

ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၇) ရက် နံနက် (၁၀း၂၀) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ဦးစွာ အခမ်းအနားမှူးက တက်ရောက်ခွင့်ရှိသူ၏ ၉၅% တက်ရောက်သဖြင့် အစည်းအဝေး အထမြောက် ကြောင်းကြေညာပြီး အခမ်းအနားကိုစတင်ရာ ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ အမှာ စကား ပြောကြား သည်။

Read more

တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ကျောက်ဆည်ခရိုင်ပါတီကော်မတီဝင် ဦးစန်းမြင့် က အမှာစကား ပြောကြားရာတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ကျစ်လျစ်ခိုင်မာပြီး အင်အားတောင့်တင်းရေး ဆောင်ရွက်စေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဖွဲ့စည်းမှု ကျစ်လျစ် ခိုင်မာရေးတို့အတွက် ယခုလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

Read more

မြန်မာ့ဆေးဖက်ဝင် သံမနိုင်ကျောက်မနိုင်ပင်

မြန်မာနိုင်ငံအနှံ့အပြားတွင် အထူးသဖြင့်ပူအိုက်သော ဒေသများတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ တစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုး ဖြစ်သည်။ ၁ ပေမှ ၃ ပေ အထိ မြေတွင် လျှောက်၍ ပေါက်သည်။ ပင်စည်သေးသွယ်ပြီး တစ်ခါတစ်ရံ ထောင်မတ်၍ နေသည်။

Than Manaing

(more…)


Read more