ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များထံမှ သိရသည်။ (more…)


Read more

မြန်မာ-နယ်သာလန် လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် သဘောတူစာချုပ် ချုပ်ဆို

မြန်မာ – နယ်သာလန် လေကြောင်းခရီးစဉ် တိုက်ရိုက်ပျံသန်း ပြေးဆွဲနိုင်ရန် နှစ်နိုင်ငံကြား သဘောတူ စာချုပ်ကို ဇွန်လ (၂၇) ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ (more…)


Read more

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား လေ့လာအကြံပြုနိုင်ရန် လွှတ်တော်ထုတ်ပြန်

နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား အများပြည်သူ လေ့လာအကြံပြုနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဇွန် (၂၇) ရက်တွင် ထုတ်ပြန်ထားသည်။ (more…)


Read more

မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင်မည်

အင်အားပြင်း မြေငလျင်များလှုပ်ခတ်မည့်အခြေအနေကို လေ့လာသုတေသနပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင် မည်ဖြစ်ကြောင်း မြေငလျင်ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။ (more…)


Read more

မန္တလေး-ကောလင်း ရထားခရီးစဉ်အသစ် ဇူလိုင် ၁ ရက် စတင်ပြေးဆွဲမည်

မန္တလေးမှ ကောလင်းဘူတာသို့ RBE ရထားအသစ်ဖြင့် ဇူလိုင် (၁) ရက်မှစ၍ ရထား ခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား  မန္တလေးဘူတာကြီးမှ သတင်းရရှိသည်။ (more…)


Read more

ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်

13558816_1210920875609482_1397578496227772158_o

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်ကို ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ယခုအခါ ကွာတားဖိုင်နယ်ပွဲစဉ် တွေ့ဆုံမှုများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်လ ၁ ရက်မှ ၄ ရက်အထိ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်များ

Read more

နိုင်ငံလက်ရွေးစင်အဖြစ် ဆက်ကစားရန် မက်ဆီကို သမ္မတက မေတ္တာရပ်ခံ

messi_1

ကိုပါအမေရိက ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူ တော့မယ့် လီယွန်နယ် မက်ဆီကို အာဂျင်တီးနားသမ္မတ မော်ရီစီယို မာ့ခ်ရီက လက်ရွေးစင်အသင်းမှာ ဆက်ကစားရန် ဖုန်းဆက်ပြီး မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

သမ္မတက မက်ဆီထံဖုန်းဆက်ပြီး အာဂျင်တီးနား ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း၊ ဝေဖန်မှုတွေကို ဂရုမစိုက်ရန်နဲ့ လက်ရွေးစင်အဖြစ်မှ အနားမယူရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇွန်လ ၂၈ ရက်) မှာ ပြောပါတယ်။

Read more

အိုက်စလန်ကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆင် နှုတ်ထွက်

13490731_1056483391074212_6210848678698571355_o

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ရွိုင်ဟော့ဆင်ဟာ အိုက်စလန်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၁၆ရှုံးထွက်ပွဲမှာ ၂ဂိုး-၁ဂိုးနဲ့ ရှုံးထွက်ပြီးနောက် အင်္ဂလန်နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက် ၆၈နှစ်အရွယ်ရှိတဲ့ ရွိုင်ဟော့ဆင်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၂ပြိုင်ပွဲမတိုင် မီ အီတလီနည်းပြကာပယ်လိုနေရာမှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ နိုင်ငံတာကာပြိုင်ပွဲကြီး ၃ခုကို တာဝန်ယူခဲ့ပေမယ့် အောင်မြင် အောင်စွမ်းဆောင်နိုင်ခြင်းမရှိလို့အခုလိုနှုတ်ထွက်တာဖြစ်ပါတယ်။

Read more

ဟင်္သာတပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက် (၉) နာရီ(၃၀)မိနစ်အချိန်ကစတင်၍ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပါတီ ဗဟိုကော်မတီဝင် (တိုင်း ဒေသကြီး ရွေးချယ်ရေးကြီးကြပ်မှုအဖွဲ့ နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား (၂၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

Read more

ပနားမားတူးမြောင်း ချဲ့ထွင်ရေးစီမံကိန်း ပြီးစီး၊ တရုတ်သင်္ဘော ပထမဆုံး ဖြတ်သန်း

Cargo-ship-in-Panama-canal-Reuters

ပနားမားတူးမြောင်းချဲ့ထွင်ရေး စီမံကိန်း ပြီးစီးသွားပြီဖြစ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်ကုန်တင်သင်္ဘောကြီးတစင်းက ပထမဆုံး ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက် သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။

Read more