အင်္ဂလန်အသင်း နည်းပြအဖြစ် ဆောက်ဂိတ်ကို ကမ်းလှမ်း

Middlesbrough's coach Southgate gestures during their English Premier League soccer match against Aston Villa in Middlesbrough...Middlesbrough's coach Gareth Southgate gestures during their English Premier League soccer match against Aston Villa in Middlesbrough May 16, 2009. REUTERS/Nigel Roddis (BRITAIN SPORT SOCCER) NO ONLINE/INTERNET USAGE WITHOUT A LICENCE FROM THE FOOTBALL DATA CO LTD. FOR LICENCE ENQUIRIES PLEASE TELEPHONE ++44 (0) 207 864 9000

အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က လစ်လပ်သွားတဲ့ အင်္ဂလန်အသင်းနည်းပြ ရာထူးနေရာမှာ ယာယီအဖြစ် ဂါရတ် ဆောက်ဂိတ်ကို ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အင်္ဂလန်အသင်း ရှုံးထွက်အဆင့်ကနေ ထွက်သွားတဲ့အတွက်  နည်းပြ ဟော့ဆန် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အက်ဖ်အေ တာဝန်ရှိသူတွေက ယာယီနည်းပြအဖြစ် အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Read more

ဆီဗီလာနည်းပြဟောင်း အမ်မရီကို ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်

Unai-Emery-Reuters

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက နည်းပြသစ်အဖြစ် အူနိုင်း အမ်မရီကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

ပီအက်စ်ဂျီက အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြဟောင်း လောရင့် ဘလန့်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နည်းပြရာထူးကို လက်ခံတာလို့ နည်းပြသစ်ဖြစ်လာတဲ့ အမ်မရီက ပြောပါတယ်။

Read more

လုပ်ပွဲကစားသည်ဟု ဧရာဝတီအသင်းတိုင်ကြားခံရ

13533333-1241087005910617-4409793278418764246-n

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းဟာ လုပ်ပွဲကစားတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက အသိပေးတိုင်ကြား ထားကြောင်း သိရပါတယ်။

ဧရာဝတီကစားသမားအချို့ဟာ အသင်းတာဝန်ရှိသူတစ်ဦးရဲ့ စီစဉ်မှုနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲအချို့၊၂၀၁၆ အေအက်ဖ်စီ အုပ်စုဖလားပွဲစဉ်အချို့မှာ လုပ်ပွဲ ကစားခဲ့တယ်လို့ တိုင်ကြားခံထားရတာ ဖြစ်ကြောင်း ပြည်တွင်း သတင်းစာကြီး တစ်စောင်က ဖော်ပြထားပါတယ်။

Read more

၂၀၃၀ မှာ ငါးနှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်ဟု ယူနီဆက်ဖ် သတိပေး

UNICEF01

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်ထောက်ပံ့မှု မရှိဘူးဆိုရင် သက္ကရာဇ် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က သတိပေး ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ကလေးသူငယ်များ အစီရင်ခံစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Read more

ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်

2016-06-29-075727

ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်ခဲ့ပြီလို့ သိရပြီး လူသားများမှာ ထိုးနှံနိုင်ရေး အရေးပါတဲ့ တိုးတက်မှုဖြစ်လာကြောင်း သိရပါတယ်။ ဇီကာဗိုင်းရပ် ရှေ့ပြေးနမူနာနှစ်မျိုးကို ဓာတ်ခွဲခန်းမှာ ကြွက်များဖြင့် စမ်းသပ်ခဲ့ရာ အပြည့်အဝ အကာအကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

Read more

သွေးလွန်တုပ်ကွေးနဲ့အုန်းစိမ်းရည်

 

သွေးလွန်တုပ်ကွေးဖြစ်ရင် ကိုယ်ပူမကျတာ၊
ဂျိုင်းကြားကိုစမ်းကြည့်ရင်မီးခဲလိုပူတာ၊ အော့
တာအန်တာ၊ ခေါင်းမူးတာ၊ ကော်ဖီရောင်အန်
တာ ၊နှာခေါင်းသွေးကျတာ ၊သွေးပေါင်ကျတာ၊
ခြေဖျားလက်ဖျားရေခဲလိုအေးစက်သွားတာ၊
ဝမ်းအမဲရောင်တွေသွားတာ၊ သွေးလန့်တာ၊
သွေးပေါင်ချိန်နဲ့လက်မောင်းကိုစမ်းကြည့်ရင်
အစက် အပျောက်ကလေးများ
များပြားစွာထွက်လာခဲ့တဲ့ လက္ခဏာ တွေကိုတွေ့ရပါတယ်။

အဲသည်လိုသွေးလွန်တုပ်ကွေးဖြစ်ခဲ့ရင် အရင်
ဆုံးလုပ်သင့်တာက၊အုန်းစိမ်းရည်(ဇွန်းခြစ်)
ခေါ်တဲ့အဆင့်ကိုအပင်ကပစ်မချပဲကြိုးနဲ့ချပါ၊
အုန်းစိမ်းအုန်းသီးကိုအပင်ကပစ်ချလိုက်ရင်
အုန်းရည်ချဉ်သွားတတ်ပါတယ်၊ကြိုးနဲ့ချရင်ချို
တဲ့အုန်းရည်ကိုရပါတယ်၊အုန်းရည်ရခဲ့ရင်
ပထမဆုံးသွေးလွန်တုပ်ကွေးလူနာ
ကိုရေပတ်တိုက်ပါ၊ပြီးရင် အုန်းရည်ကို
နည်းနည်းချင်းစတိုက်ပါ
အန်ချင်စိတ်ပျောက်ပြီးတဖြေးဖြေးလန်းလာပါ
မည်၊ကိုယ်ပူရှိန်လဲလျော့ကျလာမည်။သနပ်ခါး
နံသာဖြူသွေးထားသောအရည်ကျဲအား
လူနာတစ်ကိုယ်လုံးခဏခဏလိမ်းပါ၊

Read more

အစ္စတန်ဘူလေဆိပ် အသေခံတိုက်ခိုက်မှုတွင် ၃၂ ဦး သေဆုံး ၈၈ ဦး ဒဏ်ရာရ

Istanbul-airport-suicide-attack

အစ္စတန်ဘူ၊ ဇွန် ၂၉

တူရကီနိုင်ငံ၏ မြို့တော်အစ္စတန်ဘူရှိ အတာတာ့ခ်လေဆိပ်တွင် ဇွန်  ၂၈ ရက်က အသေခံဗုံးခွဲမှုနှင့်  ပစ်ခတ် တိုက်ခိုက်မှုတို့ကြောင့် ၃၂ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်။

ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် သေနတ်သမားများက လေဆိပ်ဝင်ပေါက်ရှိ လုံခြုံရေးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီက ဗုံးများဖြင့် ကိုယ့်ကိုယ်ကို အသေခံခွဲခဲ့ကြကြောင်း  တူရကီ အာဏာပိုင် များက ပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ လူငယ်များ အမကစာသင်ကျောင်း ကလေးများအား အဟာရဒါနပြု

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ဟိုပင်ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့မှ မိုးညှင်း လူငယ်တာဝန်ခံ ဦးဌေးဝင်း ဦးဆောင်၍ လူငယ်ပါတီကေဒါ ခေါင်းဆောင် ဦးအောင်ကိုဝင်း၊ ဦးရန်အောင်ဝင်း၊ ဟိုပင်ပြည်ခိုင်ဖြိုးမှ ဦးနေမျိုးလင်း၊ ဦးဖုန်းမြင့် နှင့် အင်းလေးကျေးရွာ စည်းရုံးရေးမှူး ဦးစိန်လေးအောင် အပါအ၀င် လူငယ်အင်အား (၃၀) ဦးတို့သည် ဇွန်လ (၂၈) ရက်က ဟိုပင်ဒေသ အင်းလေးအုပ်စု ကျော်တောကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်၍ အမကစာသင်ကျောင်းတွင် ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း၊ ထီးများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

သြဂုတ်လ လူထုဆန္ဒခံယူပွဲရလဒ် မည်သို့ပင်ရှိစေ ရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ဟု ပရာယုဒ် ပြော

13502589_1044698142289739_890324748152539252_o

ဗန်ကောက် ဇွန် ၂၈

ထိုင်းနိုင်ငံ၌ သြဂုတ်လတွင်ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ စစ်ဘက်က ထောက်ခံသောဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား ပြည်သူများက ပယ်ချသည့်တိုင်အောင် မိမိရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ၏ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

ကလောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် မြို့နယ်မျက်နှာစုံညီ အစည်း အဝေးနှင့် မြို့နယ်ပါတီကော်မတီ ရွေးချယ်တင်မြှာက်ပွဲကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီခွဲအချိန်တွင် ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်မှ အဖွင့်အမှာစကား ပြော ကြားပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြတ်စိုးမှ ၂၀၁၀ မှ ယနေ့အထိ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြား ခဲ့သည်။

Kalaw3

(more…)


Read more