Author: USDP 2016
စဥ့်ကူးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး တိုင်းပါတီဥက္ကဋ္ဌ တက်ရောက် အားပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နေ့လည် (၁) နာရီအချိန်က စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
Read moreလယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီမျက်နှာ စုံညီအစည်းအဝေးကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ ပါတီပြန်လည် ပြင်ဆင် ရွေးချယ်ရေးအဖွဲ့(၂) နာယက ဦးဇင်ယော်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော် မတီဝင် လယ်ဝေးမြို့နယ် တာဝန်ခံ ဦးဇော်အောင်နှင့် ကော်မတီဝင်များ၊ လယ်ဝေးမြို့နယ် အတွင်းရေးမှူး ဦးသိန်းတိုးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု ၆၇ အုပ်စု မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သင်္ဃန်းကျွန်းမြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်အားပေးချီးမြှင့်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ပွဲအခမ်းအနားကို ဇွန်လ (၂၉) ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီရုံး၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
Read more
ဆေးဖြစ်အောင် သင်္ဘောသီးကို ဘယ်လိုအသုံးချမလဲ ??

သင်္ဘောသီးကို ကောင်းကောင်းအသုံးချ တတ်မယ်ဆိုရင်တော့ အစိတ်အပိုင်း အတော်များများက ဆေးဖြစ်ပြီး အသုံးဝင်ပါတယ်။ သင်္ဘောသီးကို ဆေးဖြစ်အောင် ဘယ်လို အသုံးချရမယ် ဆိုတာကိုတော့ အခုလိုပဲ တင်ပြလိုက် ရပါတယ်။
နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
Read moreရေသောက်သုံးခြင်းက ဦးနှောက်ကို များစွာအကျိုးပြု

ရေသောက်သုံးခြင်းက လူသားတွေရဲ့ အတွေးနဲ့စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာတွေကိုဖြေရှင်းရာမှာ ပိုပြီး စိတ်အေးအေးနဲ့ ရလဒ်ကောင်း အောင် ဖြေရှင်း နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လူတွေဟာ ရေဆာလောင်နေရင် အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာမှာ နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်း လာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထက်မြက်လာတာဖြစ်တယ်လို့ သုတေသီတွေ က ကောက်ချက်ဆွဲခဲ့တာပါ။
Read moreDBS ဘဏ်၏ အွန်လိုင်းဘဏ်စနစ်ဖြင့် စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်

DBS ဘဏ်၏ အွန်လိုင်းဘဏ်စနစ်ဖြင့် စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်ကြောင်း သမဝါယမဘဏ်မှ သိရသည်။
အဆိုပါ CB-DBS Bill Payment ၀န်ဆောင်မှုသည် သမ၀ါယမဘဏ်တွင်ဖွင့်ထားသော မည်သည့်အကောင့်ကို မဆို စင်ကာပူနိုင်ငံရှိ DBS ဘဏ်၏ Bill Payment ဝန်ဆောင်မှုကိုအသုံးပြုပြီး တိုက်ရိုက်ငွေလွှဲပေးပို့သော ၀န်ဆောင်မှုဖြစ်ကြောင်း၊ DBS ဘဏ်၏ အင်တာနက်ဘဏ်စနစ် (Internet Banking) နှင့် မိုဘိုင်းဘဏ်စနစ် (Mobile Banking) မှတစ်ဆင့် ၀င်ရောက်အသုံးပြုကာ မြန်မာနိုင်ငံရှိ သမ၀ါယမဘဏ် အကောင့်များသို့ ငွေလွှဲနိုင်ကြောင်း သိရသည်။
Read moreXperia XA စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ မကြာမ်ီရောက်ရှိမည်

Sony ၏ မော်ဒယ်သစ် စမတ်ဖုန်းဖြစ်သည့် Xperia XA ကို ပြည်တွင်းဈေးကွက်၌ မကြာမီ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Xperia XA စမတ်ဖုန်းကို အရောင် ၄ မျိုးဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းကို မြန်မာပလာဇာရှိ Sony Showroom မှ အရောင်းတာဝန်ခံတစ်ဦးက “Xperia XA ကတော့ နောက်နှစ်ပတ် လောက်မှ ၀င်မှာပါ။ အခုလောလောဆယ်တော့ ဈေးကွက်မှာ ၀ယ်လို့မရသေးပါဘူး။ အခုက စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ပြသထား တာဖြစ်ပါတယ်။ အရောင်ကတော့ အနက်၊ အဖြူ၊ ရွှေ၊ ပန်းရွှေစတဲ့ အရောင် ၄ မျိုးရှိမှာ ဖြစ်ပါတယ်” ဟုပြောသည်။
Read more














