ဘဏ္ဍာရေးနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကျင်းပမည်

13508962_10207355779032563_3092807008497425197_n

ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရပ်၏ အရေးပါပုံနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိစေရန် ရည်ရွယ်၍ MIND Investment Institute မှ ကြီးမှူး၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ UMFCCI ရှိ Mingalar Hall ၌ ဟောပြောပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Read more

နယ်သာလန် လေကြောင်းလိုင်း မြန်မာနိုင်ငံသို့ စတင်ပျံသန်းဖွယ်ရှိ

13081804_1136480829709399_320826700_n

နယ်သာလန်နှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ် ပျံသန်းမှုများ အပြန်အလှန်ပြုလုပ်နိုင်ရန် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုစာချုပ်ကို ဇွန်လ ၂၇ ရက်က တရားဝင်ချုပ်ဆိုခဲ့သဖြင့် နယ်သာလန်အခြေစိုက် Royal Dutch KLM လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ ခရီးစဉ်အချို့စတင် ပျံသန်းဖွယ်ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။

Read more

လျှပ်စစ်ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်

IMG_3724aaaaaaaaaaaa

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ငါးလကျော်ပြေးဆွဲနေသော လျှပ်စစ်ရထားသည် ခရီးသွားပြည်သူများအတွက် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မလုပ်ဆောင် နိုင်ခြင်းကြောင့် ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမှုရပ်ဆိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကမ်းနားလမ်းမှာက အခက်အခဲတွေ အများကြီးကျော်လွှားရတယ်။ ကွန်တိန်နာကားတွေရပ် ထားရတာမျိုးနဲ့ ယာဉ်ကြောပိတ်ဆို့သွားတာ တွေရှိတယ်။ လျှပ်စစ်ရထား ကို ရပ်လိုက်ခြင်းကတော့ ထိရောက်တဲ့သယ်ယူပို့ဆောင်မှု ကိုလည်း မလုပ်နိုင်တာကြောင့်ပါ။ ဒီထက်ကောင်းတဲ့ လမ်းကြောင်းကိုရှာဖွေမယ်၊ နည်းလမ်းကောင်းတွေ ယူမယ်’’ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာဦးထွန်းအောင်သင်းက ပြောသည်။

Read more

ဆန္ဒဖော်ထုတ်ခြင်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းနှင့် ရပ်ကျေးဥပဒေ ပြင်ဆင်သော ဥပဒေကြမ်းတို့ကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်

13081804_1136480829709399_320826700_n

လာမည့်လွှတ်တော်တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ အား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြု ဆွေးနွေး ရန်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။

Read more

အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်ပြင်ဆင်

epa05377219 A builder works on Martyrs' Mausoleum during the renovation ahead of the 69th Martyrs' Day in Yangon, Myanmar, 19 June 2016. Myanmar Martyrs' Mausoleum was built at the foot of holy Shwedagon pagoda to pay respects to the country's nine independence heroes, including General Aung San, the father of opposition leader Aung San Suu Kyi. Myanmar's Martyr's Day is public holiday observed on 19 July to commemorate those who were assassinated on that day in 1947.  EPA/LYNN BO BO

ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအ တွက် အာဇာနည်ဗိမာန်ကို မူလ ဒီဇိုင်းအတိုင်း ပြင်ဆင်မှုများပြု လုပ်လျက် ရှိကြောင်း အာဇာနည် ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့သော ဗိသုကာ ပညာရှင်များ ထံမှသတင်းရရှိသည်။ ၁၉၈၃တွင် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဇာနည်ဗိမာန် တည်ဆောက်ရန် ရေးဆွဲပေးခဲ့သော ဒီဇိုင်းကို ထိုစဉ်က တာဝန်ရှိသူများက အပြည့်အ၀ မတည်ဆောက်ပေးခဲ့ကြောင်း ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာအဖွဲ့ထံမှသိရသည်။ မူလဒီဇိုင်းတွင် အာဇာနည် ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန် အပေါက် ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သော်လည်း ထိုစဉ်ကဆောက်လုပ်ခဲ့သူများက အပေါက် မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။

Read more

Like, Share, Follow နှင့် Save ခလုတ်ဒီဇိုင်းများကို Facebook ပြောင်းလဲ

Facebook သည် Like, Share, Follow နှင့် Save ခလုတ်များ၏ ဒီဇိုင်းကို အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည်။ ယခင်က ‘ f ’ နှင့် post တစ်ခု၏ like အရေအတွက်ကို ဖော်ပြသည့် bubble ဖြင့် ဒီဇိုင်း ပြုလုပ်ထားသော်လည်း ဒီဇိုင်းသစ်တွင် ‘ f ’ ကိုဖယ်ရှားကာ လူသိများသော လက်မထောင်သည့် သင်္ကေတနှင့် like အရေအတွက်ကို icon တစ်ခုတည်းတွင် ပေါင်းစပ်ထည့်သွင်းထားသည်။ (more…)


Read more

Verizon နှင့် KT ဆက်သွယ်ရေးကုမ္မဏီ ၂၀၂၀ တွင် 5G အား စံ သတ်မှတ်၍ အသုံးပြုနိုင်ရန် ပူးပေါင်း

အမေရိကန် အခြေစိုက် Verizon ကုမ္မဏီနှင့် ကိုးရီးယာအခြေစိုက် KT ဆက်သွယ်ရေးကုမ္မဏီ တို့သည် ပြီးခဲ့သော သောကြာနေ့တွင် 5G ကွန်ယက်အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မည့် သဘာတူညီချက် စာချုပ်အား ချုပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ (more…)


Read more

တရုတ်ပြည်တွင် Lady Ga Ga ၏ အနုပညာလှုပ်ရှားမူများအား တားမြစ်လိုက်ပြီ

တရုတ်နိုင်ငံတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်တာနက်ဖျော်ဖြေရေးအစီအစဉ်များ၌ Lady Ga Ga အား ပိတ်ပင် တားမြစ်လိုက်ကြောင်းသိရသည်။ (more…)


Read more

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအသစ် ၂၉ ခု ထပ်မံသတ်မှတ်မည်

ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ အ မွေအနှစ်များထိန်းသိမ်းရေးကော်မတီသည် နောက်ထပ်သတ်မှတ်ပေးရမည့် ကမ္ဘာ့အမွေအနှစ်နေရာသစ် ၂၉ ခုအား အစ္စတန်ဘူလ် မြို့တွင် ဇူလိုင် (၁၀) ရက်မှ (၂၀) ရက်အတွင်း ကျင်းပမည့် အကြိမ် ၄၀ မြောက်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု တူရကီအစိုးရ အရာရှိတစ်ဦးက ဇွန် (၂၇) ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

World

တူရကီ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုဝန်ကြီး နာဗီအဗ္ဗစီ

(more…)


Read more

နွားနို့ နှင့် ကျန်းမာရေး

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပါတယ်

နွားနို့မှာ ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၇) မျိုး ပါဝင်ပါတယ်။ ဒါကြောင့် နွားနို့ သောက်သုံး ပါက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း၊ မျက်စိအားကောင်းခြင်း၊ သွေးအားကောင်းခြင်းနဲ့ ခုခံအားစနစ် ကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

Miik

(more…)


Read more