အထပ်မြင့် တည်ဆောက်မှုရပ်ဆိုင်းခြင်းသည် ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးမှုကို တားဆီးခြင်းမဟုတ်ဟု ၀န်ကြီးဆို

13081804_1136480829709399_320826700_n

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု ရပ်ဆိုင်းထားခြင်းသည် စည်းမျဉ်းစည်းကမ်း မကိုက်ညီခြင်း ကြောင့်ဖြစ်ပြီး ဆောက်လုပ်ရေးလောကဖွံ့ဖြိုးမှုကို  တားဆီးခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း၌ တည်ဆောက်နေသော ၁၃ ထပ်နှင့်အထက် အထပ်မြင့်အ ဆောက်အအုံများမှာ ခွင့်ပြုချက် နှင့်မညီခြင်း၊ ခွင့်ပြုချက်မရသေး မီ တည်ဆောက်မှုများပြုလုပ်နေ ခြင်းကြောင့် ပြန်လည်စိစစ်ရန် မေလ ၂၀ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့သည်။

Read more

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

13512110_1037718762932587_3128286603803608992_n

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အတွက် ပထမနှစ် ဝင်ခွင့်လျှောက်လွှာ များ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အမျိုးသားဦးရေ ၂၀၀ နှင့် အမျိုးသမီးဦးရေ ၂၀၀၊ စုစုပေါင်း ၄၀၀ ဦး လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ်စုစုပေါင်း ၃၆၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

Read more

အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

13521994_10207361729421319_382944678011354225_n

ဆွစ်ဇာလန်နိုင်ငံ Winterthur မြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့်‌ လေ့ကျင့်ရေး ညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်ခဲ့ကြောင်း Educational Information Department မှ သိရသည်။

Read more

တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည် မဟုတ်ဟု တရုတ်ပြော

တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားကိစ္စရပ်အပေါ် သည်ဟေ့ဂ်မြို့ နိုင်ငံတကာခုံရုံးက လာမယ့် ဇူလိုင် (၁၂) ရက်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မည်ဖြစ်ရာ ခုံရုံး၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လက်မခံဘဲ ပယ်ချသွားမည်ဟု တရုတ်အာဏာပိုင်တို့က ထုတ်ဖော်ပြောကြား လိုက်သည်။

Chinese dredging vessels are purportedly seen in the waters around Mischief Reef in the disputed Spratly Islands in the South China Sea in this still image from video taken by a P-8A Poseidon surveillance aircraft provided by the United States Navy May 21, 2015. REUTERS/U.S. Navy/Handout via Reuters

(more…)


Read more

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ညီလာခံ၌ အစိုးရနှင့်စင်ပြိုင် စီဒေါအစီရင်ခံစာ တင်သွင်းမည့် အမျိုးသမီးအဖွဲ့ငါးဖွဲ့အမည်စာရင်း ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံတွင် ဇူလိုင်အတွင်းပြုလုပ်မည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက် (CEDAW-စီဒေါ) ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံမှ အမျိုးသမီးအရေးဆိုင်ရာ အဖွဲ့ ငါးဖွဲ့က မြန်မာအမျိုးသမီး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများကို အစိုးရနှင့် စင်ပြိုင်တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more

မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်နှင့် ပစ္စည်းများတွေ့ရှိပါက ၂၄ နာရီ သတင်းပို့နိုင်ရန် ရန်ကုန်ရဲစခန်းဖုန်း နံပါတ်များ လူမှုကွန်ရက်ပေါ် ထုတ်ပြန်

မှုခင်းကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ဖုန်းနံပါတ်များကို ပြည်သူ သိရှိစေရန် လူမှုကွန်ရက်တွင် ဖော်ပြပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်ရှိ မြို့နယ်ရဲစခန်းများ၏ဖုန်းနံပါတ်များကို ဖော်ပြပေးထား ပြီး ပြည်သူများအနေဖြင့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းပေးရန်နှင့် မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်၊ သက်မဲ့ပစ္စည်းများကို တွေ့ရှိပါကလည်း နီးစပ်ရာရဲစခန်းသို့ ၂၄ နာရီ အချိန်မီ ဆက်သွယ် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့လူမှုကွန်ရက် စာမျက်နှာတွင် ဇွန် (၂၇) ရက်က ဖော်ပြခဲ့ ကြောင်း သိရသည်။ (more…)


Read more

နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည် တိုင်းတာရန် မြန်မာ-ထိုင်း သဘောတူ

နှစ်နိုင်ငံအကြား နယ်နိမိတ် ပြန်လည်တိုင်းတာရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန် (၂၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

(more…)


Read more

လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇွန်လ ၃၀ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

13512237_809063035863250_6334964320921245971_n

(more…)


Read more

ဆောင်းဟေဂျိုနှင့်အချစ်ဇာတ်ကားတစ်ကားရိုက်ချင် သည်ဟုဆိုလာသည့် ဆောင်းဂျွန်ကီ

ပရိသတ်များနှင့်တွေ့ဆုံရန် ခရီးထွက်နေသည့်မင်းသားဆောင်း ဂျွန်ကီသည် တရုတ်(တိုင်ပေ)သို့ ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ တွင် တရုတ်(တိုင်ပေ)ပရိသတ် များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ် များ၏မေးမြန်းမှုများကို ဆောင်း ဂျွန်ကီက ပြန်လည်ဖြေကြားပေးခဲ့ ရာ မေးခွန်းအများစုမှာ ၄င်း၏ ပုဂ္ဂိုလ်ရေးရာကဏ္ဍသရုပ်ဆောင် ကဏ္ဍတို့နှင့်ပတ်သက်ကြောင်း သိရသည်။
၎င်း၏မူလရည်မှန်းချက်ကို မေးမြန်းခဲ့ရာတွင် ”ကျွန်တော်က ပရော်ဖက်ရှင်နယ်စကိတ်စီးသမား ဖြစ်ချင်ခဲ့ပြီး ကိုရီးယားအိုလံပစ် မှာစကိတ်စီးဝင်ပြိုင်ချင်ခဲ့တာ၊ဒါပေ မဲ့ အဲ့လောက်ထိမထူးချွန်လို့ဆက် မလုပ်ဖြစ်တော့ဘူး”ဟုပြန်လည် ဖြေကြားခဲ့သည်။
ထို့ပြင် Desendent of The Sun ဇာတ်ကားတွင် မင်းသမီး ဆောင်းဟေဂျိုနှင့်အတူ တွဲဖက် သရုပ်ဆောင်ပြီးနောက် ၄င်းတို့နှစ် ဦး၏အချစ်ရေးနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ရှိခဲ့ပြီးပရိသတ် များက အလွန်စိတ်ဝင်စားလျက် ရှိရာ မင်းသမီးဆောင်းဟေဂျိုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ရာ စိတ်ကူးယဉ်အချစ်ဇာတ် လေးတစ်ပုဒ်လောက်ဆောင်းဟေ ဂျိုနှင့်ရိုက်ကူးချင်ကြောင်း မင်း သားဆောင်းဂျွန်ကီက ဖွင့်ဟပြော ကြားခဲ့သည်။

Read more

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်

Ma Ta Yar2.jpg 13438861_509881649209576_3510671332103704800_n

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီအချိန်က မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပပြုလုပ် ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီ ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက် အားပေး
ခဲ့ကြသည်။

Read more