Author: USDP 2016
ပြည်သူများကပါတီကိုပြုပြင်ပြောင်းလဲမှုလိုလားမျှော်လင့်နေကြ ပြီဖြစ်သဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးပါတီဥက္ကဋ္ဌပြောကြား
ပြည်သူများက ပါတီကိုပြုပြင် ပြောင်းလဲမှု လိုလားမျှော်လင့်နေ ကြပြီဖြစ်သဖြင့် ပြန်လည်ပြုပြင် ခြင်းဖြစ်ကြောင်း ဇွန် ၂၈ရက်နံနက် ၁ဝနာရီတွင် ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီမျက်နှာစုံ ညီအစည်းအဝေးနှင့် ပြင်ဆင်ဖွဲ့ စည်းခြင်းအခမ်းအနား၌ တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

Read more
တပ်ကုန်းမြို့နယ် ပါတီမျက်နှာစုံ ညီအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် တက်ရောက် အားပေး
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီက တပ်ကုန်းမြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ (၁) နာယက ဦးဝေလွင်နှင့် အဖွဲ့များ၊ ဗဟိုကော်မတီဝင်၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေးနှင့် ကော်မတီ ဝင်များ၊ နေပြည်တော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနွေနှင်း မောင် နှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် အတွင်းရေးမှူး ဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


Read more
ပင်နယ်တီဖြင့် ပေါ်တူဂီအသင်း ဆီမီးဖိုင်နယ် တက်ရောက်

ယူရို-၂၀၁၆ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီက ပင်နယ်တီအဆုံးအဖြတ်မှာ ပိုလန်ကို နိုင်ပြီး ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲ (၅) ကြိမ်မှာ ဆီမီးဖိုင်နယ်ကို (၄) ကြိမ်မြောက် ရောက်ရှိခဲ့ပါတယ်။ ပိုလန်အသင်း အတွက် အဖွင့်ဂိုးကို ဂရော့ဆစ်ကီရဲ့ ပေးပို့မှုကနေ လီဝန်ဒေါစကီးက ပွဲချိန် (၂) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် (၃၃) မိနစ်မှာ ပေါ်တူဂီရဲ့ ဆယ်ကျော်သက် ကစားသမား ရီနာတိုဆန်းချက်စ်က နာနီ ဖန်တီးပေးတာကို ဂိုးဧရိယာထိပ်ကနေ သွင်းယူပြီး ချေပခဲ့ပါတယ်။
Read moreစပိန်နည်းပြရာထူးမှ ဒဲလ်ဘော့စကေး နုတ်ထွက်

အီတလီအသင်းကို ရှုံးနိမ့်ပြီး ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် သုံးရက်အကြာတွင် စပိန်နည်းပြ ဒဲလ်ဘော့စကေးမှာ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ဒဲလ်ဘော့စကေးသည် သူ၏ လက်ထက်တွင် စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားရယူပေးခဲ့သလို ယူရို ၂၀၁၂ ဖလားကိုလည်း ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ယခု ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီတလီအသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်၌ ရှုံးနိမ့်ခဲ့ရပြီးနောက် ရှစ်နှစ်ကြာနည်းပြခဲ့သော စပိန်အသင်းမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
Read moreလိုင်ယွန်နောက်ခံလူ အွမ်တီတီကို ဘာကာ ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူ

လိုင်ယွန်နောက်ခံလူ ဆမ်မြူရယ်အွမ်တီတီသည် ဘာ စီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌ ဂျိန်းမီချဲလ်အူလာ့စ်က အတည်ပြုပြောကြား သည်။
အွမ်တီတီ (၂၂) နှစ်သည် ပီအက်စ်ဂျီမှ မာကွင်မိုနှင့်အတူ စပိန်ချန်ပီယံဘာစီလိုနာက ယခု နွေရာသီတွင် အဓိက ခေါ်ယူလို သော ပစ်မှတ်များအနက် တစ်ခု ဖြစ်သည်။
Read moreယူနိုက်တက်ကို စွန့်ခွာရန် ဂစ်ဆုံးဖြတ်

ရိုင်ယန်ဂစ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီဟု သိရှိရသည်။ အသင်း၏ ဂန္ထဝင် ကစားသမားဟောင်းကြီးသည် ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ လက်ထက်က လက်ထောက် မန်နေဂျာအဖြစ် အားဖြည့် တာဝန်ယူခဲ့သူ ဖြစ်ပြီး အသင်း၏ မန်နေဂျာသစ် နေရာအတွက် လျာထားခံရသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဗန်ဂါးလ်ကို ထုတ်ပယ်ပြီးချိန်တွင် ဟိုဆေးမော်ရင်ဟိုကိုသာ ယူနိုက်တက်က ခန့်အပ်ခဲ့သည့်နောက် ဂစ်သည် အသင်းနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယူနိုက်တက်တွင် (၂၉)နှစ်ကြာ ဖြတ်သန်းခဲ့သည့် ကာလများကို ဝေလကစားသမားဟောင်းက အဆုံးသတ်တော့မည် ဟု Daily Mailက ဖော်ပြခဲ့သည်။
Read moreဗြိတိန်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဇူလိုင် ၁
ဗြိတိန်လက်အောက်ခံအဖြစ်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာတို့ ချီတက်ဆန္ဒပြရန် စီစဉ်နေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်က ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဟောင်ကောင်ဒေသ၏ အချုပ်အချာအာဏာကို တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ယနေ့လိုမျိုး ဇူလိုင် ၁ ရက်ကျရောက်တိုင်း အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရှိ အမျိုးမျိုးသော အဖွဲ့အစည်းများက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်လေ့ရှိသည်။
Read more















