Author: USDP 2016
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သန်လျင်မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် အားပေး
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ ဇွန်လ (၃၀) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည့် မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးလွင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ သန်လျင်မြို့နယ်ပါတီ အတွင်းရေးမှူးဦးကျော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာ(၄၅)ခုမှ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Read more
ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ချင်လို့ တစ်ကိုယ်တော်အခွေထုတ်မယ့် ဂျူးစံသာ
ကျောင်းမပြီးသေးသော ကြောင့် သရုပ်ဆောင်ဘက်တွင် မလုပ်ဖြစ်သေးသော်လည်း ဂီတ ၀ါသနာပါသဖြင့် တစ်ကိုယ်တော် အခွေ စီစဉ်နေကြောင်း အလှမယ် ဂျူးစံသာကပြောသည်။
‘‘အလှမယ်ပိုင်းကို ၀င်ဖြစ် သွားတာက Show တွေလျှောက် ရင်း၊ ပြိုင်ပွဲတွေပြိုင်ရင်းနဲ့ ၀င်ဖြစ် သွားတာ။ သီချင်းက ငယ်ငယ် လေးကတည်းက ၀ါသနာပါတယ်။ သီချင်းဆိုတာရော နားထောင်ရ တာရော အရမ်းကြိုက်တယ်’’ဟု ၎င်းက ပြောသည်။
ရသေ့တောင်မြို့နယ် ကျေးရွာစာသင်ကျောင်းသို့ သွပ်များလှူဒါန်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယနေ့ ( ဇူလိုင်လ ၁ရက် ) နံနက် (၉) အချိန်က သမီးလှသစ်ကျေးရွာ စာသင်ကျောင်း၌ ရပ်မိ/ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ နှင့် သွပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

Read more
မရမ်းကုန်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမင်းသိမ်းထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်ပါတီကော်မတီဝင် ဒေါက်တာ ထူးမြတ်တို့ ဦးဆောင် သော ရပ်ကွက်စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့ (ဇူလိုင်လ ၁ ရက်) နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဝါခိုင်လမ်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို လမ်းသူလမ်းသား များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Read moreမဘိမ်းပြည်ခိုင်ဖြိုး အမျိုးသမီးရေးရာအဖွဲ့ ကလေးငယ်များအတွက် အဟာရဒါနပြု
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ မဘိမ်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ခေါင်းဆောင် ဒေါ်စိုးခင်နှင့် အဖွဲ့ဝင် များသည် ယနေ့ ( ဇူလိုင်လ ၁ ရက်) နံနက် (၉)နာရီအချိန်က ဘဟဲကျေးရွာရှိ နေ့ကလေးထိန်း ကျောင်းရှိ ကလေးငယ် (၄၇) ဦးအားလည်းကောင်း၊ ပွေးတူးအမကရှိ ကျောင်းသား ကျောင်းသူ (၇၈) ဦးတို့အားလည်းကောင်း အခ်ျိုရည်နှင့် ကိတ်မုန့်များ အဟာရဒါနပြု သွားရောက်ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
Read moreရေတာရှည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇွန်လ (၂၉) ရက် နံနက်က မြို့နယ်အဆင့် မျက်နှာစုံညီရွေးချယ်ပွဲအပြီး ပထမဦးစွာ ပြုလုပ်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ၍ ပါတီ၏ ရှေ့လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Usdp Yedashe









