ရခိုင်ပြည်နယ်မြို့နယ်အများအပြားတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံများအား အရေးပေါ်နေရာပြောင်းရွှေ့ပေး

13600004_1200709896626820_5661073049181550904_n

ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ရေကြီးနစ်မြုပ် မှုရင်ဆိုင်နေရပြီး ဒေသခံများအား ရေဘေးလွတ်ရာသို့ အရေးပေါ် နေရာပြောင်းရွှေ့ပေးနေရကြောင်း ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ် တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘူးသီးတောင်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များ၌ ဇူလိုင် ၅ ရက်နေ့လယ်မှ စတင်၍ ရေကြီးနစ် မြုပ်မှုများရင်ဆိုင် နေရကြောင်း သတင်းရရှိ သည်။

Read more

မဘသအဖွဲ့ မရှိသင့်ဟု ပြောကြားချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်မည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဇူလိုင် (၃) ရက်တွင် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သော စင်္ကာပူ နိုင်ငံရောက် မြန်မာများနှင့်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ဘာသာရေးအဖွဲ့အစည်းများတွင် မဘသ (အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့) အနေဖြင့် မရှိသင့်ကြောင်းပြောကြားခဲ့မှုအပေါ် မဘသ (ဗဟို) အနေဖြင့် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်မည်ဟု မဘသ(ဗဟို)မှ ပြောရေးဆိုခွင့် ရှိသူ ဆရာတော်ဒေါက်တာတေဇနိယက မိန့်သည်။ (more…)


Read more

တအာင်း၊ AA ကိုးကန့်အဖွဲ့များနှင့် ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’ ခေါင်းဆောင်များ ဆွေးနွေးမည်

တအာင်း၊ AA၊ ကိုးကန့်အဖွဲ့များနှင့်ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စား လှယ်အဖွဲ့ ‘၀’ ခေါင်းဆောင်များနှင့် မကြာမီသွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်းရရှိသည်။ (more…)


Read more

လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန် တိုက်တွန်း

လီဆူအမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန်တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ခုကို လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Le Su

(more…)


Read more

ကချင်တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း KDP ပါတီဥက္ကဋ္ဌ ပြောကြား

ကချင်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင်ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဇူလိုင် (၁) ရက်တွင် ပြောကြားသည်။

KDP

(more…)


Read more

ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)


Read more

ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်တဲ့ တရုတ်နံနံ

အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။
စမ်းသပ်မှုတစ်ခုအရ သိလိုက်ရတာက တရုတ်နံနံကိုစားရင် ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်ဆိုတာပါပဲ။ ဝိတ်ကျလိုသူတွေက ပိုပြီးများများစားပေးရပါမယ်။ သူ့မှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။

တရုတ်နံနံရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းပေးနိုင်စွမ်းကလည်း လျှင်မြန်ပါတယ်။ အချိန် ၁၂ နာရီအတွင်းမှာ သိသိသာသာ လောင်ကျွမ်းသွားတာပါ။

Read more

ပခုက္ကူခရိုင်ပါတီ မျက်နှာစုံညီ အကြိုတွေ့ဆုံပွဲကျင်းပ

13615511_402461066595693_4697114462941594803_n

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအကြိုတွေ့ဆုံပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက် (၁၀) နာရီအချိန်က ပခုက္ကူခရိုင်ပါတီရုံးခန်းမ၌ ကျင်းပရာ ခရိုင်ပါတီနာယက ဦးသိန်းထွန်းမှ ပါတီမျက်နှာစုံညီကျင်းပမည့်ပွဲအတွက် လုပ်ငန်းစဉ်များ ခြပြပြီး တက်ရောက်လာကြသည့် မြို့နယ်(၅)မြို့နယ်မှ ခရိုင်ပါတီ ကော်မတီဝင်များနင့် မြို့နယ်ပါတီ အတွင်းရေးမှူးများမှ မိမိမြို့နယ်အလိုက် ပါတီဆောင်ရွက်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကာ ခရိုင်မျက်နှာစုံညီ အကြိုအခမ်းအနားကို နံနက် (၁၁) နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။

Read more

မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇူလိုင်လ (၄) ရက်က နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

13533343_1190024771037337_414246928080610227_n

(more…)


Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

13620087_402451359929997_818432190792126622_n

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ (၄) ရက် နေ့လည် (၁) နာရီအချိန်က ရွေးချယ်ရေး ညီလာခံကျင်းပရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit – Kachin Lion

Read more