မလေးရှားနှင့် အင်ဒိုနီးရှားကို အကြမ်းဖက်မည်ဟု ခြိမ်းခြာက်သည့် ဗီဒီယိုဖိုင် အိုင်အက်စ်ထုတ်လွှင့်

20160705-ISIS-TheStar

မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ဗီဒီယိုဖိုင်တစ်ခု ထုတ်လွှင့်ပြီး စစ်ကြေညာလိုက်ပါတယ်။ ကလေးငယ်ပေါင်းများစွာက AK-47 သေနတ်တွေကိုင်ထားတဲ့ မြင်ကွင်းတွေ၊ သေနတ်တွေ ပစ်ခတ်နေတဲ့ မြင်ကွင်းတွေ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။

Read more

ဘဂ္ဂဒက်တိုက်ခိုက်မှုက အမေရိကန်ကျုးကျော်ပြီးနောက် အဆိုးဝါးဆုံးအဖြစ် သေဆုံး ၂၅၀ အထိ ရှိလာ

Iraq-sees-worst-bombing-since-invasion-with-250-deaths

ဘဂ္ဂဒက်၊ ဇူလိုင် ၆

ဇူလိုင် ၃ ရက်က ဖြစ်ပွားသည့် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်အတွင်း အသေခံဗုံးဖောက်ခွဲမှု၌ သေဆုံးသူဦးရေသည် ၂၅၀ အထိ တိုးမြင့်လာခဲ့ရာ ၂၀၀၃ ခုနှစ် နိုင်ငံအတွင်း အမေရိကန်ကျုးကျော်ပြီးနောက်ပိုင်း သေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။

ပေါက်ကွဲပစ္စည်းများ တင်ဆောင်သည့် လော်ရီအားဖြင့် ကာရာဒါအရပ်တွင် မွတ်စလင်ဥပုလ်လအတွက် ဈေးဝယ်များ ဖြင့် စည်ကားနေရာ၌ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

Read more

သမ္မတအိုဘားမား Clinton အတွက်မဲဆွယ်

45272782714

ဝါရှင်တန်၊ ဇူလိုင် ၆

အီးမေးလ်အရှုပ်တော်ပုံကြုံသော်လည်း အက်ဖ်ဖီအိုင်က ရာဇ၀တ်မှု မမြောက်ဟု ဆုံးဖြတ်ခံရသည့် ဟီလာရီ ကလင်တန်အတွက် သမ္မတအိုဘားမားကိုယ်တိုင် သမ္မတ ဖြစ်ရေး ထောက်ခံမဲဆွယ်ပေးသည်။ အိုဘားမားက ယခင်သူ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟီလာရီ၏ ကိုယ်ရည်ကိုယ်သွေးကို အမွှမ်းတင်ချီးကျုးကာ သမ္မတအဖြစ် သူ့နေရာကို ဆက်ခံထိုက်သူဖြစ်ကြောင်း ထောက်ခံပြောဆိုသည်။

Read more

အစ္စရေးဝန်ကြီးချုပ် အာဖရိကသို့ သမိုင်းဝင်အလည်အပတ်ခရီးသွားရောက်

13606717_1726708624236305_5464787659005234750_n

ဂျေရုဆလင် ဇူလိုင် ၅

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် တနင်္လာနေ့က အာဖရိကသို့ ပထမဦးဆုံးအကြိမ် အဖြစ် အလည်အပတ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့ လွှမ်းမိုး လာနိုင်မှုကို တုံ့ပြန်နိုင်ရန်နှင့် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံသစ် ရှာဖွေရန်ဟု ယူဆရသည်။

Read more

ကော်ဖီသောက်သုံးခြင်းက အူမကြီးကင်ဆာကို သက်သာပျောက်ကင်းစေနိုင်

Coffee

ကော်ဖီသောက်သုံးခဲ့တဲ့ အဆင့် ၃ အူမကြီးကင်ဆာအဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာရောဂါ တစ်ဝက်နီးပါး သက်သာပျောက်ကင်းကြပြီး သေဆုံးနိုင်တဲ့ အခွင့်အလမ်း သုံးပုံပုံတစ်ပုံခန့် နည်းပါးသွားကြောင်း လေ့လာမှုအသစ်အရ သိရှိပါတယ်။
လေ့လာသူတွေက ကော်ဖီအတွင်းမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားနိုင်မှုကို လျော့ကျစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကော်ဖီ သောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေသို့ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

Read more

ဝမ်းဗိုက်မှ အဆီလျှော့ချခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်

Tummy

ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်လျှော့ချ နိုင်ပါတယ်။ တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့တင်ပါးမှာ အဆီရှိ တာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင် သူတွေက အကြံပေးထားပါတယ်။ (more…)


Read more

တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။ (more…)


Read more

iPhone 6S များ ပေးမည့် မြန်မာနိုင်ငံ၏ အလှတရား ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

13600107_1020155561432063_6504497930249265487_n

အနိုင်ရရှိသူများအား iPhone 6S များ ပေးမည့် မြန်မာနိုင်ငံ၏အလှတရား ဓာတ်ပုံပြိုင်ပွဲတစ်ရပ်ကို MPT မှ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read more

ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း အသုံးအနှုန်းကို လက်မခံကြောင်း သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တို့ထံ အိတ်ဖွင့်ပေးစာပို့

ရခိုင်ပြည်နယ်ရှိ မြို့ကြီးအများစုတွင် ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းဆိုသည့် အသုံးအနှုန်းကို ကန့် ကွက်သည့်အနေဖြင့် ဇူလိုင်လ (၃) ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါအသုံးအနှုန်းကို လက်မခံကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ ထားကြောင်း သိရသည်။ (more…)


Read more

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) သြဂုတ် ၂၃ ရက်မှ ၂၇ ရက်ကြားကျင်းပနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကို ယခုနှစ် သြဂုတ် (၂၃) ရက်မှ (၂၇) ရက်ကြား ကျင်းပနိုင်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်သားအဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခန့်မှန်းပြောကြားသည်။

အဆိုပါညီလာခံကို ယခုနှစ် သြဂုတ်လမတိုင်မီကျင်းပနိုင်ရေး ကြိုးစားမည်ဟု ဇွန် (၂၈) ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံစဉ် ဆွေးနွေးသဘောတူထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင်လာနိုင် ရေးအတွက် စဉ်းစားဆောင်ရွက်ရန် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တွင် တာဝန်ရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက လည်း ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ (more…)


Read more