Author: USDP 2016
မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီချိန်တွင် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ခရိုင်တာဝန်ခံ ဦးစိုင်းလုံ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးရှာမွေလှရှဲန်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောမူးလာနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်အောင်ကြည် နှင့် မြို့နယ်ပါတီကော်မတီဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီသစ် (၁/၂၀၁၆) အစည်းအဝေး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ (၄) ရက် နံနက်ပိုင်းက ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်ပါတီအရန်ကော်မတီများ အစည်းအဝေး(၁/၂၀၁၆) ကို ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအရန်ကော်မတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
Read moreအင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါကော်မတီ အသစ်များရွေးချယ်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ နာယက(ဗဟိုကော်မတီဝင်) ဦးခင်မောင်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဗိုလ်တထောင်တွင် ပါတီမျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၃) ရက် မွန်းလွဲ (၂) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
Read moreအသည်းခြောက်လူနာ၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို အခမဲ့ကုသပေးမယ်

ပြည်တွင်းမှာရှိတဲ့ အသည်းခြောက်လူနာ၊ စီပိုးနှင့်အိတ်ခ်ျအိုင်ဗီ ပူးတွဲလူနာတွေကို နိုင်ငံတော်အစိုးရက စီပိုးကုသ ဆေးနဲ့ အခမဲ့ ကုသပေးသွားမယ်လို့ ရပါတယ်။ ဒီအစီအစဉ်ကို အသည်းဖောင်ဒေးရှင်းက ပံ့ပိုးကူညီမယ်လို့ သိရပြီး အစိုးရရဲ့ဦးဆောင်မှုနဲ့ အမေရိကန်နိုင်ငံ ဂျီလတ်(Gilead) ကုမ္ပဏီက မှာထားတဲ့ စီပိုးကုသဆေး (သုံးလစာ သောက်ဆေး) နဲ့ ကုသပေးသွားမယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောပါတယ်။
Read moreပန်းနာရောဂါ၊ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းနဲ့ အဆုတ်ရောဂါတွေအတွက် အကောင်းဆုံးသဘာဝဆေးနည်း

အဖြစ်များဆုံးရောဂါတွေထဲမှာ အဆုတ်ရောဂါမျိုးစုံ၊ ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါမျိုးမျိုး၊ လည်ချောင်းနာစတဲ့ ရောဂါတွေ ပါဝင်ကြောင်း သိရပြီး လူအများစုမှာ လည်း အဲဒီရောဂါတွေရှိနေကြောင်းတွေ့ရပါတယ်။ ဆေးလိပ် သောက်ခြင်း၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းတွေနဲ့ ဓာတ်မတည့်ခြင်းတွေကြောင့် အဆုတ်ရောဂါ ဖြစ်ပွားစေ နိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါမျိုးစုံ ၊အထူးသဖြင့် ပန်းနာရောဂါ၊ လည်ချောင်းနာနဲ့ နှလုံးရောဂါများ ကုသပေးမယ့် လူသိများတဲ့ သဘာဝဖြေဆေး ဖော်စပ်နည်းတွေကို တင်ဆက်ပေးသွားပါမယ်။
Read moreမြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းနှင့် Singapore Computer Society (SCS) တို့ ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နဲ့ စင်္ကာပူနိုင်ငံမှ Singapore Computer Society (SCS) တို့ ပူးပေါင်းပြီး CITPM (Associtate) Cerfication Exam အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
Read moreMPT ၏ ဝန်ဆောင်မှုလမ်းညွှန်စာအုပ် အခမဲ့ စတင်ဖြန့်ချိ

MPT ၏ ဝန်ဆောင်မှုလမ်းညွှန်စာအုပ် စတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။ အခမဲ့ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး MPT ဆိုင်များတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။
အဆိုပါလမ်းညွှန်စာအုပ်တွင် ၀န်ဆောင်မှုအသီးသီး၏ ဈေးနှုန်းများ၊ အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက် setting အသုံးပြုမှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ၊ နိုင်ငံတကာနှင့်ပတ်သက်သော ဝန်ဆောင်မှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
Read more









