နာတူနာ ကျွန်းစုအနီး ပင်လယ်ရေပြင်သို့ ရေလုပ်သားများကို စေလွှတ်ရန် အင်ဒိုနီးရှားလိုလား

13719498_1054919657934254_2549893284193482748_o

ဂျကာတာ ဇူလိုင် ၁၄

တောင်တရုတ်ပင်လယ်ပြင် အတွင်းရှိ နာတူနာကျွန်းစုနှင့် ယင်း၏ အနီး တစ်ဝိုက် နယ်မြေများအပေါ် အချုပ်အခြာ အာဏာပိုင်စိုးမှု အာဏာသက် ဝင်စေရန် ရည်ရွယ်လျက် အင်ဒိုနီးရှား အစိုးရအဖွဲ့က ရေလုပ်သား ရာပေါင်းများစွာကို အဆိုပါ ပင်လယ်ရေပြင်သို့ စေလွှတ်ရန် လိုလားကြောင်း အစိုးရ အထက်တန်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

ပင်လယ်ရေပိုင်နက် တရားစီရင်ချက်ကို လေးစားရန် တရုတ်ကို ဖိလစ်ပိုင်တိုက်တွန်း

တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘော ထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။

13726671_1228559003830277_7315134294849766095_n (more…)


Read more

တောင်တရုတ်ပင်လယ်တွင် ဝေဟင်ကာကွယ်ရေးဇုန် တည်ဆောက်ပိုင်ခွင့်ရှိဟု တရုတ်ပြော

တောင်တရုတ်ပင်လယ်တွင် တရုတ်ပိုင်ပြု၍ အငြင်းပွားနေသည့် ပိုင်နက်နယ်မြေများအပေါ် ဝေဟင် ကာကွယ် ရေးဇုန်တည်ဆောက်ပိုင်ခွင့် တရုတ်နိုင်ငံ၌ရှိကြောင်း အကြီးတန်းတရုတ်အရာရှိကြီးတစ်ဦးက ပြောသည်။

13731634_1202063096491353_3501142410837491622_n

(more…)


Read more

သာသနာတော် သန့်ရှင်းတည်တံ့ရန် သံဃာတော်များဆောင်ရွက်ရုံဖြင့် ပြီးပြည့်စုံမည်မဟုတ်ဟု မဟနဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

စုံမှု ရှိနိုင်မည်မဟုတ်ကြောင်းနိုင်ငံတော် သံဃမဟာနာယက (မဟန) ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) က မိန့်ကြားသည်။

13614940_1185401494813441_6915473644786052635_n

(more…)


Read more

ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက် အမျိုးအစားအသစ် မြန်မာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက်အမျိုး အစားသစ်တစ်ခုကို မြန်မာနိုင်ငံ မိုးကုတ်ရတနာနယ်မြေမှ ရှာဖွေ တွေ့ရှိသည်ဟု ကျောက်မျက်ပညာရှင် ဦးကျော်သူက ပြောသည်။

13686519_1202063679824628_7418829622238707655_n

(more…)


Read more

မြန်မာ့သဘာဝနှင့် ငှက်လောက ဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်၌ ငှက်မျိုးစိတ်များ ရှင်သန်နေထိုင် ပုံများကို လိုက်လံဓာတ်ပုံ ရိုက်ယူထားသော မြန်မာ့ သဘာဝ နှင့် ငှက်လောက ဓာတ်ပုံပြပွဲကို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

13626488_1201282216569441_3798153106782420254_n

(more…)


Read more

နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

နည်းပညာနှင့် သက်မွေးပညာ နှီးနှောဖလှယ်ပွဲ (TVET Forum) ကို ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် များတွင် နေပြည်တော် MICC-II ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း MOE မှ သိရသည်။

TVET Fourm

(more…)


Read more

ငွေလဲကောင်တာများကို ကိုင်ဆောင်ခွင့်ပေးထားသည့် ဒေါ်လာငွေပမာဏတိုးမြှင့်ပေးရန်တောင်းဆို

တိုးမြှင့်ပေးရန် ဗဟိုဘဏ်သို့ တောင်းဆိုထားကြောင်း ငွေလဲကောင်တာလုပ်ငန်းရှင်များထံမှ သိရသည်။ (more…)


Read more

ကြက်သွန်ဖြူ (garlic )ကိုစား ကျန်းမာခြင်းသည် လာဘ်တစ်ပါး

မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။

Read more

အမေ့ခြေရာရုပ်ရှင် ဇာတ်ကားကြီးပြန်လည်ရိုက်ကူး ဆန်းသစ်မှုတွင်မြင်ရဦးမည့် ကလေးသရုပ်ဆောင် အားသစ်

၂ဝဝ၂ ခုနှစ်က အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီညွန့်ဝင်းရရှိခဲ့သည့် စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ကြည်စိုးထွန်း ဖန်တီးတင်ဆက်ထားသော ‘ဆန်ရေ’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဖခင်စွန့်ပစ်ခြင်းခံခဲ့ရပြီး မိခင် အကယ်ဒမီမြင့်မြင့်ခိုင်၏ သားငယ်၊ အကယ်ဒမီလွင်မိုး ငယ်ဘဝအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ကလေးသရုပ်ဆောင် အားသစ်တစ်ယောက် အခုဆို ရုပ်ရှင် ဇာတ်ကားများစွာကို ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ထုတ်လုပ်ရိုက်ကူးလျက်ရှိပါတယ်။
ယခုလ ၉ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel တွင် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်ရိုက်ကူးမည့်ဇာတ်ကား သုံးကား မိတ်ဆက်ပွဲပြုလုပ်ခဲ့ ပါတယ်။
”ကျွန်တော်အခုဆိုကားကြီးပေါင်း ၁ဝ ကားရှိပါပြီ။ ခေါင်းဆောင်အနေနဲ့ပေါ့။ ကျွန်တော်က အခုဆို အနုပညာရှင်ကြီးတွေဆီက ပညာရယူနေတယ်။ အနုပညာ ရှင်လူငယ်တစ်ယောက်ပါ။ ဇာတ်ကားတွေ မှာ အရင်က ကလေးသရုပ်ဆောင်အဖြစ် နဲ့ သရုပ်ဆောင်ခဲ့တာလေ အခုက ကိုယ့် အတွက် နေရာတွေ လုပ်ကွက်တွေ အများ ကြီးလုပ်လာရပြီဆိုတော့ အရင်ကထက် ပိုအားစိုက်ပြီးလုပ်နေရပါတယ်။ အဲ့ဒီ အတွက် အများကြီးလည်း ပင်ပန်းရတယ်။ ကျွန်တော့်ကို ကလေးဘဝကတည်းက ယနေ့အထိချစ်ခင်မှုနဲ့ အားပေးနေတဲ့ပရိသတ် ရှိနေတော့ သူတို့အတွက် ကျွန်တော် အကောင်းဆုံးတွေပဲ ဖန်တီးသွားမှာပါ။ ကျွန်တော့်ကိုအားလုံးက စိုးရိမ်ကြတာ လေးတစ်ခုတော့ရှိတယ်။ ငယ်သေးတယ်ပေါ့။ လုပ်ကွက်တွေပိုင်နိုင်ပါ့မလားလို့။ ကျေးဇူးတင်ပါတယ်။ အခုလိုစိတ်ပူပေး တာကို။ ကျွန်တော့်ဘက်ကတော့ ဘာ လာလာ အကောင်းဆုံးလုပ်သွားမယ်။ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေ လည်း အများကြီးရှိသေးတယ်လေ။ အဲ့ဒါ ကြောင့် ကျွန်တော့်အနုပညာဖန်တီးမှုကို စောင့်ကြည့်ပြီး ဝေဖန်ပေးပါလို့ ပြော ချင်ပါတယ်”ဟုဆိုပါတယ်။ ၄င်းအနေနဲ့ ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနှင့်အတူ လက်တွဲရိုက်ကူးခဲ့သော ဇာတ်ကားများ ဖြစ်သည့် ‘ပင်လယ်ပုံပြင်’သရုပ်ဆောင် အိချောပိုနှင့်လည်းကောင်း၊ ဒါရိုက်တာ ပြည်ဟိန်းသစ်ရိုက်ကူးသည့် ‘အောင်သွယ် တော် စိန်အားသစ်’၊ ဒါရိုက်တာ ရွှေပြည် ဂတုံးရိုက်ကူးသော ‘ကျေးညီနောင်အောင် သွယ်’လည်းကောင်း၊ ဒါရိုက်တာ ကိုဇော် အရုဏ်ဦးရိုက်ကူးသော ‘ချန်ပီယံလေး များ’စသည့် ဇာတ်ကားများရိုက်ကူးထား ပြီး မကြာမီ ထွက်ရှိတော့မည်ဟုသိရပါ တယ်။ ယခုမိတ်ဆက်သော ရုပ်ရှင်ဇာတ် ကားသုံးကားဟာဆိုလျှင် ၁၉၉၇ ခုနှစ်က ဒွေးပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ ဒါရိုက် တာခင်မောင်ဦး၊စိုးသိမ်းထွဋ်ရိုက်ကူးသော ‘အမေ့ခြေရာ’ ရုပ်ရှင်ဇာတ်ကားကြီးကို ‘အနဂ္ဃဂုဏ်ဖြာ အမေ့ခြေရာ’ အမည်နဲ့ ပြန်လည်ရိုက်ကူးသွားမည်ဟုသိရပါတယ်။

Read more