ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (ဧရာဝတီတိုင်း ဒေသကြီး ပါတီ အတွင်းရေးမှူး) ဦးအောင်တင်မြင့် နှင့် ဇနီးဒေါ်ရီရီအေး တို့ ကိုယ်စား ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန် ရှိသူများ သည် ဇူလိုင်လ (၁၄) ရက်နေ့  ညနေပိုင်းက ရွာသစ်ရပ် ကမ္ဘာလုံး ဓမ္မဒူတ ရိပ်သာဆရာတော်အား ကာလဒါနဝါဆိုသင်္ကန်း နှင့် တကွ အခြံအရံ လှူဖွယ်များ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းေ၈း အခမ်းအနား ကျင်းပပြီးစီး

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၁၄) ရက် နံနက် (၉) နာရီကကျင်းပပြီးစီးခဲ့သည်။

Read more

လွိုင်လင်ခရိုင်မျက်နှာစုံညီစည်းဝေး ပြန်လည်ရွေးချယ်ရေးအခမ်းအနားကျင်းပ

လွိုင်လင်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး ခန်းမတွင် ယခုလ ၁၂ရက် နံနက် ၉နာရီက လွိုင်လင်ခရိုင် မျက်နှာ စုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ရေးအခမ်းအနား ကျင်းပ ရာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် တာဝန်ခံပြည်နယ် ကော်မတီဝင် ဦးစိုင်းဇော်ဇော်၊ ပြည်နယ်ကော်မတီဝင် ဒေါ်နန်း ဆိုင်နွမ်း၊ ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင် ပါတီအတွင်းရေး မှူးနှင့် ခရိုင်ပါတီကော်မတီဝင် များ၊လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ဘဏ္ဍာရေးမှူးများနှင့် အရွေး ချယ်ခံကော်မတီဝင်များနှင့် လူငယ် များအမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေး လူမှုရေးအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မိတ်ဖက်အဖွဲ့အစည်း များ စုစုပေါင်းအင်အား ၁၂၅ ဦး ခန့် တက်ရောက်ကြသည်။ ရှေး ဦးစွာ သဘာပတိနှင့် သဘာပတိ အဖွဲ့ဝင်များနေရာယူကြပြီး သဘာ ပတိက အဖွင့်အမှာစကားပြော ကြားခဲ့သည်။ယင်းနောက် လွိုင်လင် ခရိုင်ပါတီကော်မတီဝင် ဦးအေး ကြူက ခရိုင်လုပ်ငန်းဆောင်ရွက် ချက် အစီရင်ခံစာအား ဖတ်ကြား တင်သွင်းကာ ခရိုင်ကော်မတီဝင် ဦးတင်အောင်ဝင်းက ပြန်လည်ရှင်း ဆွေးနွေးခဲ့ပြီး ခရိုင်ကော်မတီဝင် များက စာတမ်းသုံးစောင်ဖတ်ကြား တင်သွင်းခဲ့သည်။
ယင်းနောက် ပြည်နယ် ကော် မတီဝင် ဦးစိုင်းဇော်ဇော်က လွိုင် လင်ခရိုင် ပါတီကော်မတီဝင်အသစ် ပြန်လည်ရွေးချယ်ရေး လုပ်ထုံး လုပ်နည်းများအား ရှင်းလင်းပြော ကြားပေးခဲ့သည်။ ယင်းနောက် အခမ်းအနားအား အစီအစဉ် အတိုင်းကျင်းပရာ ၂ဝ၁ဝ-၂ဝ၁၅ ခုနှစ်အတွင်း တာဝန်ထမ်းဆောင် ခဲ့သော ခရိုင်ပါတီကော်မတီဝင် ကိုးဦးတို့က တာဝန်မှ နုတ်ထွက် ကြသည်။ ထို့နောက် လွိုင်လင် ခရိုင်ပါတီကော်မတီဝင် ကိုးဦးနှင့် အရန်ကော်မတီဝင် ကိုးဦးတို့အား လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေး ချယ်ခဲ့ကြသည်။ အဆိုပါ ပြန်လည် ရွေးချယ်ရေး အခမ်းအနားတွင် လွိုင်လင်ခရိုင် ပါတီဥက္ကဋ္ဌအဖြစ် ဦးထွန်းငြိမ်း၊ ခရိုင်ပါတီအတွင်း ရေးမှူးအဖြစ် ဦးစိုင်းစိုးမိုးအောင်၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းမွေငင်းတို့အား အသီးသီး လျှို့ဝှက်ဆန္ဒပြု ထောက်ခံရွေးချယ် ခဲ့ကြပြီး သဘာပတိက အတည်ပြု ပေးခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင် ပါတီရွေးချယ်ရေး ဥက္ကဋ္ဌ ဦးစိုင်း ဇော်ဇော်က တာဝန်ပေးအပ်လွှာ ပေးအပ်ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း ငြိမ်းက လက်ခံခဲ့ပြီး လွိုင်လင်ခရိုင် ကော်မတီဝင်များနှင့်အရန်ကော်မတီ ဝင်များက သဘာပတိရှေ့မှောက် တွင် ကတိပြုကျမ်းကျိန်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် လွိုင်လင်ခရိုင် ပါတီဥက္ကဋ္ဌဦးထွန်း ငြိမ်းက နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားကာ မျက်နှာ စုံညီအစည်းအဝေးကို ကြွေးကြော် သံများရွတ်ဆိုကြပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့သည်။

Read more

ဂျွန်တယ်ရီသည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်း ခေါင်းဆောင်ဖြစ်ဟု နည်းပြသစ် ကွန်တီ ပြော

John-Terry

နောက်ခံလူ ဂျွန်တယ်ရီ သည် ချယ်လ်ဆီးအသင်း၏ အမြဲတမ်းခေါင်းဆောင်ဖြစ်မည်ဟု နည်းပြသစ် ကွန်တီက ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ချယ်လ်ဆီးအသင်းက အီတလီနည်းပြ ကွန်တီနှင့် သဘောတူညီမှုရရှိပြီးနောက် သီတင်းခြောက်ပတ်အကြာ ပြီးခဲ့သည့် မေလက တယ်ရီသည် ချယ်လ်ဆီးနှင့် နောက်ထပ် တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့သည်။

Read more

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကလပ်အသင်းစာရင်းမှာ ဒုတိယနေရာကို ရောက်ရှိသွားတဲ့ ရီးယဲလ်မက်ဒရစ်

13619950_1054939367932283_1998971315073288522_n

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကလပ်အအသင်းစာရင်းတွင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် အင်န်အဖ်အယ်လ် ကလပ် ဒါးလက်စ်ကောင်းဘွိုင်စ်၏နောက် ဒုတိယ နေရာသို့ ရောက်ရှိခဲ့ကြောင်း ဖော်ဘိစ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဒါးလက်စ်ကောင်းဘွိုင်စ်အသင်း၏ နောက်ကောက်ချမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

Read more

ESPYS ၏ ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို စီရော်နယ်ဒို ရရှိ

13686534_1049408568487297_7015940304976369197_n

ယူရိုဖလားကြီးကို ကိုင်မြှောက်ပြီး သုံးရက်အကြာတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ESPYS ၏ ကမ္ဘာ့အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။

စီရော်နယ်ဒိုသည် ထိုဆုကို ဒုတိယအကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။ ဆုရရှိခဲ့သော်လည်း စီရော်နယ်ဒိုမှာ ဆုပေးပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

Read more

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့်တစ်ဆင့် မြင့်တက်

Fifa

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဇူလိုင်အတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ယခင်လထက် အဆင့်တစ်ဆင့် မြင့်တက်လာပြီး ကမ္ဘာ့အဆင့် (၁၆၀)၌ ရပ်တည်နေသည်။

ဇူလိုင် ၁၄ ရက်က ထုတ်ပြန် သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင် မြန်မာအသင်းသည် ရမှတ် ၁၆၇ မှတ်ရရှိပြီး ယခင်လအဆင့် ရပ်တည်ချက် (၁၆၁)ထက် တစ် ဆင့်မြင့်တက်လာသည်။

Read more

တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် တရုတ်သို့ အထူးသံတမန် စေလွှတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

Philippines

တောင်တရုတ်ပင်လယ်အရေး နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် တင်းမာရန်လိုနေသော တရုတ်နှင့် စေ့စပ် ဆွေးနွေးရန်အတွက် သမ္မတဟောင်း ဖီဒယ်လ် ရာမို့စ် အား  အထူးသံတမန်အဖြစ် စေလွှတ်ရန် စီစဉ်နေသည်ဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားသည်။

တောင်တရုတ်ပင်လယ်နယ်မြေအများစုကို ပိုင်ဆိုင်သည်ဟု တရုတ်အစိုးရ၏ ပြောကြားချက်မှာ အထောက်အထား မရှိ၍ တရုတ်တို့ မပိုင်ဆိုင်ကြောင်း နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read more

နိုက်စ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်သစ်သမ္မတ ပြင်းပြင်းထန်ထန် ရှုံ့ချ

'terrorist

ပြင်သစ်နိုင်ငံ နိုက်စ်မြို့တွင်ဖြစ်ပွားခဲ့သော ထရပ်ကားဖြင့် လူအုပ်ထဲ ၀င်တိုက်ခဲ့မှုဖြစ်စဉ်မှာ “အကြမ်းဖက် တိုက်ခိုက်မှု” လုပ်ရပ်တစ်ခုဖြစ်သည်ဟု ရှင်းလင်းကြောင်း သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက ဇူလိုင်လ ၁၅ ရက်တွင် ပြစ်တင်ပြောကြားလိုက်သည်။ ဇူလိုင်လ ၁၅ ရက်တွင် ၎င်းအနေဖြင့် နိုင်ငံရှိ ကာကွယ်ရေးနှင့်လုံခြုံရေး အရာရှိများနှင့် အစည်းအဝေး ထိုင်သွားမည်ဟုလည် ဟော်လန်ဒီက ပြောဆိုသွားသည်။

Read more

အာကာသထဲမှ တိုက်ခိုက်နိုင်မည့် နျူကလီးယား ဗုံးကြဲလေယာဉ် ဒီဇိုင်းသစ်ကို ရုရှားပြသ

fert

အာကာသထဲမှ တိုက်ခိုက်နိုင်စွမ်း ရှိမည့် နျူကလီးယား ဗုံးကြဲလေယာဉ်သစ် ဒီဇိုင်းကို ရုရှားစစ်တပ်က ထုတ်ဖော် ပြသလိုက်သည်။

အဆိုပါ လေယာဉ်သည် စမ်းသပ်တည်ဆောက်ဆဲ အဆင့်တွင် ရှိနေပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ပျံသန်းနိုင်ရန် လျာထားကြောင်း သိရသည်။ ရုရှားစစ်ဘက် အကြီးအကဲများက အဆိုပါ နည်းပညာသစ် ဗုံးကြဲလေယာဉ်၏ အင်ဂျင်ကို စမ်းသပ်မောင်းနှင်ကြည့်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Read more