လာမည့်တစ်ပတ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန် တက်လာနိုင်ဟု ဒေါက်တာထွန်းလွင် ပြောကြား

လာမည့်တစ်ပတ်အတွင်း ချင်းတွင်းမြစ်ဖျားပိုင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန်တက်လာနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် (၁၄) ရက်က သတိပေးထားသည်။ (more…)


Read more

မြေအောက်ပြတ်ရွေ့ကြောကြီးကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ငလျင်ကြီးများ ဖြစ်ပေါ်နိုင်ဟုဆို

အာရှတောင်ပိုင်းတွင် တည်ရှိနေသည့် ဧရာမမြေလွှာပြတ်ရွေ့ကြောကြီးတစ်ခုက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ တို့၌ အင်အားပြင်းထန်သော ငလျင်ကြီးများ ဖြစ်ပေါ်စေနိုင်သည့် သဘာဝခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် တည်ရှိ နေကြောင်း သိရှိရ သည်။ (more…)


Read more

ဒန့်သလွန်သီးစားရင်‬ သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။
၁ – အသည်းကို ကာကွယ်ပေးတယ်

ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

၂ – ပိုးသတ်ပေးတယ်

Read more

ဟောလိဝုဒ်လောကတွင်လည်းအောင်မြင်ကျော်ကြားနေသည့်…မင်းသားရိန်း

Full House ကိုရီးယားအချစ် ဟာသဇာတ်လမ်းတွဲဖြင့် မြန်မာ ပရိသတ်များနှင့် စတင်ရင်းနှီးခဲ့ သည့် တောင်ကိုရီးယားထိပ်တန်း ငွေကြယ်ပွင့် အဆိုတော်မင်းသား လေးရိန်းသည် အာရှတွင်သာမက ကမ္ဘာကျော်ဟောလိဝုဒ်လောကသို့ ပါခြေဆန့်ပြီးအောင်မြင်ကျော်ကြား နေသူဖြစ်သည်။ ရိန်း၏နာမည် အရင်းကမူ ဂျန်ဂျီဟွန်းဖြစ်ပြီး ပရိ သတ်များကမူ ၄င်းကိုအဆိုတော် ရိန်းအဖြစ်ပိုမိုသိခဲ့ကြသည်။ ရိန်း သည် ဟောလိဝုဒ်လောကသို့ ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက် အင်္ဂလိပ်ဘာသာစကားကို သေချာ လေ့လာလိုက်စားခဲ့သူဖြစ်သည်။
ရိန်းသည် အသက် ၁၆ နှစ် အရွယ် ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ ပြီး Fanclub ဟူသည့်အဆိုတော် အဖွဲ့တွင်စတင်ပါဝင်ခဲ့ပြီး တေး အယ်လ်ဘမ်နှစ်ခုထုတ်ဝေခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစတင်ကာ ရိန်း အမည်ဖြင့် တစ်ကိုယ်တော်တေး သီချင်းများ စတင်သီဆိုဖျော်ဖြေ ခဲ့သည်။
သရုပ်ဆောင်လောကထဲသို့ ၂ဝဝ၃ ခုနှစ်မှာစတင်ဝင်ရောက် ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၄င်း သည် တေးအယ်လ်ဘမ်ခြောက်ခု ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့်ဂီတဖျော် ဖြေပွဲပေါင်းများစွာကိုလည်း သီဆို ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ရိန်းသည် နိုင်ငံတကာနာမည် ကြီးကုမ္ပဏီကြီးများ၏ ရုပ်ရှင် ဇာတ်ကားများစွာတွင်ပါဝင်သရုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး Racer နှင့် Ninja Assassin ဇာတ် ကားများကမူ ၄င်း၏ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား ဒရာမာ မင်းသမီးချောလေး ကင်မ် တေးဟီးနှင့်ချစ်ကြိုက်နေလျက်ရှိပြီး လူငယ်ပရိသတ်နှင့် လူလတ်ပိုင်း ပရိသတ်များ၏အားပေးမှုကို အခိုင် အမာရရှိနေဆဲဖြစ်သည်။အောင်မြင် ကျော်ကြားမှုများ၏သရဖူရှင် ရိန်း ကို ၁၉၈၂ ခုနှစ် ဇွန် ၂၅ ရက် တွင်မွေးဖွားခဲ့သည်။

Read more

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်

ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ယနေ့ (ဇူလိုင်လ ၁၅ရက်) နံနက် (၁၀) နာရီ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုတို့မှ တတိယ အကြိမ် မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

၎င်းအခမ်းအနားတွင် ရွှေကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး လှူဘွယ်ဝတ္ထုအစုစုနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ တရားနာကြပါသည်။

Read more

ကျုံပျော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု စည်းမှူး၊ အမှုဆောင်၊ အမာခံကေဒါများနှင့် ရှေ့လုပ်ငန်းစဉ်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် ၁၊ အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၁၁) နာရီအချိန်က အထောင်မြို့ဝင် က.ပ.ရ ခန်းမ၌ အထောင်မြို့ပေါ် (၄) ရပ်ကွက်၊ မန်းကြာကျေးရွာအုပ်စု အပါအ၀င် (၅) အုပ်စုအတွင်းရှိ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ အမာခံ ကေဒါများ၊ ပါတီကို အားပေးထောက်ခံသူများနှင့် တွေ့ဆုံကာ မြို့နယ် မျက်နှာစုံညီအစည်းအဝေး နှင့် မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲ ပြီးဆုံးသည်နှဥ့် တပြေးညီ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ လက်ရှိ ဆောင်ရွက်နေမှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊ ရပ်/ကျေးပါတီအဆင့်ဆင့်မှလည်း အတူပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မြို့နယ်ပါတီမှလည်း လိုအပ်သည်များ ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ဟိုပင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇူလိုင်လ (၁၄) ရက် နေ့လည် (၁) နာရီအချိန်က ပြန်လည် ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ မိုးညှင်းခရိုင် ပါတီ အမှုဆောင် ဦးတင်ဌေး၊ ဟိုပင်တွဲဘက်တာဝန်ခံ ဦးဌေးဝင်း (မိုးညှင်း လူငယ်ရေးရာတာဝန်ခံ) ဦးဖုန်းမြင့်၊ ဦနေမျိုးလင်းနှင့် ရပ်ကျေး(၁၂)အုပ်စုမှ ပ-ဒု ခေါင်ဆောင် လူငယ်အဖွဲ့ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

Read more

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးအတွက် အကြိုညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၄) ရက် နေ့လည် (၂) နာရီအချိန်က ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Khin Maung Aye


Read more

ကျုံပျော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာအုပ်စု စည်းမှူး၊ အမှုဆောင်၊ အမာခံကေဒါများနှင့် ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးတို့သည် အထောင်တိုက်နယ် နယ်မြေမှူး ဦးမောင်မောင်ဦး၊ ဦးမောင်ခိုင်၊ ဦးသန်းထွန်းနှင့် သတင်းမီဒီယာ တာဝန်ခံ ဦးသန်းဝင်းတို့ လိုက်ပါလျက် ဇူလိုင်လ (၁၄) ရက် နံနက် (၉) နာရီအချိန်က ကွင်းကြီးကျေးရွာ အုပ်စုရှိ စည်းရုံးရေးမှူးများ၊ အမှုဆောင်များ၊ အမာခံကေဒါများနှင့် တွေ့ဆုံကာ ပါတီမျက်နှာစုံညီအစည်းရွေးပွဲအလွန် ပါတီ၏ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်း စဉ်များကို အသေးစိတ်တွေ့ဆုံ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

သာပေါင်းမြို့နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁၄) ရက်နေ့က မြို့နယ် ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဇင်မှ လမ်းညွှန်အမှာစကား ပြောပြီး မြို့နယ်ပါတီကော်မတီဝင်များ၏ တင်ပြချက်များအား မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

Read more