Author: USDP 2016
ထားဝယ်ခရိုင်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၃) ရက် မွန်းလွဲ (၁) နာရီက ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါ်ခင်မာချို၊ ဦးလှရှိန်၊ ဒေါ်ရီသန်း၊ ဦးကျော်ဝင်း (၃)၊ ဦးညီညီအေး စုစုပေါင်း (၇) ဦးနှင့် ပါတီရုံးဝန်ထမ်း (၄) ဦး တက်ရောက်ခဲ့သည်။
Read moreကချင်ပြည်နယ်မြစ်ကြီးနား ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ၏ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို( ၅- ၈-၂၀၁၆) ရက်နေ့ နံနက် (၇) နာရီ တွင်မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသ အမှူးပြု သော ဆရာတော်ကြီး (၉ )ပါး ကြွရောက်တော်မူကြပြီး ယင်းအခမ်းအနားသို့ ပါတီဗဟို ဒုတိယဥက္ကဌသူရဦးအေးမြင့်၊ဗဟိုအကြံပေး ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်၊ပြည်နယ်ဥက္ကဋ္ဌဦးလဂျွန်ငန်ဆိုင်း နှင့်တကွ ပြည်နယ်၊ခရိုင်၊မြို့နယ်ကော်မတီဝင်များ၊မြစ် ကြီးနားမြို့နယ်မှပါတီဝင်များတက်ရောက်ကြကြောင်း၊ လှူ ဒါန်းပွဲအခမ်းအနားကို အခမ်းအနားအစီအစဉ်များ အတိုင်းဆောင်ရွက်ခဲ့ကြပါသည်။
Read moreမလှိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေး
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်ခင်လှသိန်းက ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး တွဲဖက်အထွေထွေ အတွင်းရေးမှူး တက်ရောက် အားပေး
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့ ၊ နံနက်(၉)နာရီချိန် ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်) များ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြုဆုရရှိသူများ အင်အား စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့သည်။
Read moreဧရာဝတီမြစ်ရေကို အံတုဖို့ ပြည်ခိုင်ဖြိုးတို့ ကူညီစို့….
ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ (သြဂုတ် ၄ရက်) နံနက် (၇) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မရမ်းချောင်းရေကာတာ ကမ်းထိမ်းခြင်းလုပ်ငန်းစဉ်များကို ပူးပေါင်းကူညီဆောင်ရွက်နေစဉ်….
Credit – Aung Ko Phyo
Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း၊ အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင် သားသမီးများအား ပညာရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ ညနေ(၄)နာရီအချိန် တွင် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃာဒါနဆွမ်းလောင်း အသင်း ဓမ္မာရုံ၌ ပြုလုပ်သော အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲ နှင့်အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်း အသင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေစဉ်
Read more
ဥရောပ ခရီးသွားရင်းနဲ့ တစ်ကိုယ်တော် စီးရီး အတွက် MTV ရိုက်ကူးခဲ့မယ့် ဇွဲပြည့်
‘အပြည်ပြည် ဆိုင်ရာ အသည်းကွဲသောနေ့’ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု ရရှိလာတဲ့ ဇွဲပြည့် ကတော့ သူ့ရဲ့ဒုတိယ တစ်ကိုယ်တော် စီးရီးကို ၉ လပိုင်းမှာ ထွက်ရှိတော့ မှာဖြစ်ကြောင်း ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော် စီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာ ဖြစ်သလို သီချင်းဟောင်းလည်း ၅ ပုဒ်လောက် ပါဝင်မှာဖြစ်ပြီး VCD ရော Audio ပါ တစ်ခါတည်း ထွက်ရှိ မှာဖြစ်ကြောင်း သိရပါသည်။
Read moreမိုင်းတုံပြည်ခိုင်ဖြိုးပါတီကော်မတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိုင်းအောင်ကြည် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များသည် ယနေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ် များအတွက် ပါတီရံပုံငွေသုံးစွဲခွင့် စီမံချက်များချပြပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်မည့် အကျိုးပြုလုပ်ငန်းများ အမြန်ဆောင်ရွက်သွားကြရန် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Read moreကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး
၁ – ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ရင် ကလေးတွေမှာ ဖြစ်တဲ့ အစာမကြေတာတွေ၊ လေပွတာတွေ၊ ဝမ်းသွားတာတွေ ပျောက်ပါတယ်။
၂ – မီးယပ်ကြောင့် စိတ်မငြိမ်မသက်ဖြစ်တာမျိုးရှိရင် ကွမ်းရွက်ညှစ်ရေကို နွားနို့နဲ့ သောက်ပေးရပါတယ်။
၃ – ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နဲ့ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်သောက်တဲ့အခါ ပန်းနာရင်ကြပ်နဲ့ ကြက်ညှာချောင်းဆိုး ပျောက်ပါတယ်။













