Author: USDP 2016
နိုင်ငံရေး သဘောတူညီချက် မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ်စာချုပ်များ ပျက်စီးခြင်းတို့၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း တပ်မတော် ကိုယ်စားလှယ် ပြောကြား
နိုင်ငံရေးသဘောတူညီချက်မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ်စာချုပ်များ ပျက်စီးခြင်းတို့၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီတို့၏ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။ (more…)
Read more
အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းအား တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး H.E Mr. Song Tan နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း ဦးဆောင်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး H.E Mr. Song tan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ယနေ့ (၁၂- ၈ -၂၀၁၆) နံနက်ပိုင်း (၁၁၀၀) ချိန်မှ (၁၂၁၅) ချိန်ထိ နေပြည်တော် မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံခဲ့ပါသည်။

Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေး ဌာန ဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဌာနဝန်ကြီး H.E.Mr.Song Tao ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ (၁၁) ရက် ညနေ ၅နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံသည်။

Read more
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပင်းအိုကျေးရွာအုပ်စု ပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံ
တနင်္သာရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင် ၊
မြိတ်မြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ရပ်/ကျေးအမာခံပါတီဝင်များ စုစည်း/ဖွဲ့စည်းထား ရှိမှု အခြေအနေနှင့် ပါတီဝင်များ၏ပြည်သူ့အကျိုးပြု လုပ်ငန်း များဆောင်ရွက်နိုင်ရေး ၊ဒေသခံများ၏ အခက်အခဲ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဖြေရှင်း ဆောင်ရွက်ပေး နိုင်ရေးအတွက်ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ
မြိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် ကော်မ တီဝင်များအဖွဲ့ သည်ြသဂုတ်လ ၁၁ရက်နေ့လည်ပိုင်းတွင်
ပင်းအိုကျေးရွာအုပ်စု ပါတီရုံးခန်းသို့ သွားရောက်ကြပြီး ကျေးရွာ ပါတီစည်းရုံးရေးမှူးနှင့် ပါတီဝင်များ အားတွေ့ဆုံ
ကာ ပါတီဝင်အင်အားများကိုစနစ်တကျဖွဲ့စည်းထားရှိ မှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ ဆိုင်ရာကိစ္စရပ်များကို ညှိနိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။








