ဟင်္သာတမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ရေဘေးခိုလှုံ မိသားစုများ အတွက် အစားအစာများ သွားရောက် လှူဒါန်း

13912648_280154105691101_8776555010202677323_n

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် သြဂုတ် (၉) ရက် နံနက် (၁၀) နာရီ အချိန်က ရေဘေးလွတ်ရာနေရာများသို့ ခေတ္တခိုလှုံရောက်ရှိနေကြသော ဟင်္သာတမြို့နယ် ပဲကြီးကျွန်းအုပ်စု ပဲကြီးကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အိမ်ထောင်စု (၂၄)စု၊ စည်ပင်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ သမ္ဘရာတိုင်းအုပ်စု ၀ဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုလုံနေသော အိမ်ထောင်စု(၃၀)၊ အင်္ဂရမ်းအုပ်စု သပြုဆိပ်ကျေးရွာ ရွှေကြို့ပင်ဘုန်းတော်ကြီး၌ ရောက်ရှိ နေသော အိမ်ထောင်စု(၂၇)စု၊ ရွှေညောင်ပင် ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော အိမ်ထောင်စု(၃၀)စု စုစုပေါင်း အိမ်ထောင်စု (၁၄၃)စု တို့အား အိမ်ထောင်စုတစ်စုလျှင် ဂျုံခေါက်ဆွဲ(၁)ထုပ်၊ ကြာဇံ(၁)ထုပ်၊ ဆီ တစ်လီတာစီကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

သံတွဲပြည်ခိုင်ဖြိုးပါတီ အလက(ခွဲ) ရွှေလှော်ကျေးရွာစာသင်ကျောင်း ဆရာ/ဆရာမများ ကျောင်းသားများ အတွက် လှူဒါန်း

Rakhine3

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်နှင့် ခရိုင်ပါတီ၏ ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်၊ အတွင်းရေးမှူး ဦးကြည်ရွှေနှင့် ကော်မတီဝင်များနှင့် ရွှေလှော်ကျေးရွာအုပ်စု စည်းရုံးရေးမှူးတို့သည် သြဂုတ်လ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က သံတွဲမြို့နယ် ရွှေလှော်ကျေးရွာအုပ်စု အလက(ခွဲ) ရွှေလှော်ရွာသို့ သွားရောက် ၍ ဆရာ ဆရာမ(၉)ဦးအတွက် လုံချည်(၉)ထည် အလယ်တန်းမူလတန်း ကျောင်းသား ကျောင်းသူ(၁၄၉)ဦးတို့အတွက် ဗလာစာအုပ် ဒါဇင်(၁၀၀)နှင့် KG ကျောင်းသား ကျောင်းသူ (၂၅) ဦးအတွက် သွားတိုက်ဆေးနှင့် သွားတိုက်တံ (၂၅)စုံတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမိသားစု ရေဘေးသင့်ပြည်သူများကို ဆန်များလှူဒါန်း

39073071-11082016

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ရေဘေးသင့် ကျေးရွာပေါင်း ၃၈ ရွာမှ အိမ်ထောင်စုပေါင်း ၃၅၅ဝ အတွက် မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီဗဟိုအတွင်းရေးမှူး (ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး-ငြိမ်း) ဦးပိုက်ထွေး၊ ဒေါ်ခင်မျိုးဌေး မိသားစုတို့က တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်း လှူဒါန်းမှုအတွက် အလှူရှင်များ ကိုယ်စား ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ဦးနှင့် အတွင်းရေးမှူး ဦးမြင့်ရွှေတို့က ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် အမှုဆောင်များက အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

Read more

လစဉ်ပါတီပုံမှန်အစည်းအဝေးနှင့် လုပ်ငန်းစဉ်များဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင်၌ သြဂုတ်လ (၁၁) ရက် နံနက် ၉ နာရီတွင် မျက်နှာစုံညီလစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်ခဲ့သည်။

Read more

ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီဝင်များကို တွေ့ဆုံမှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီဝင်များနှင့် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ပါတီဌာနချုပ်တွင်တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။ နေပြည်တော်ရှိပါတီဌာနချုပ်တွင် လေးရက်ကြာကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Read more

တိုက်နယ်အလိုက် ပါတီစည်းဝေးပွဲများကျင်းပရန် မြန်အောင်ပါတီရုံးတွင် ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က မြို့နယ် ပါတီကော်မတီဝင်များနှင့် မြို့မ တိုက်နယ်အတွင်း ရှိ ရပ်ကွက်နှင့် ကျေးရွာ ၁၄ ရွာမှ စည်းရုံးရေးမှူး၊ တွဲဖက်စည်းရုံးရေးမှူးများအား တွေ့ဆုံကာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သည်။

Read more

ရေဘေးသင့်ပြည်သူများအား ပုသိမ်ပြည်ခိုင်ဖြိုးပါတီမှ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမြင့်အုန်းနှင့် မြို့နယ်အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ မြို့နယ်ကော်မတီဝင်များ၊ အမှတ်(၅)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်များသည် သြဂုတ် (၁၁) ရက်နေ့တွင် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်တွင် ရေကြီးနစ်မြုပ်လျက်ရှိသော အိမ်ခြေ ၂၄ဝ အား တစ်အိမ်ဆင်းတစ်အိမ်တက်ဆန်နှင့် ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်းခဲ့သည်။

ကျော်မင်းခန့်


Read more

ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ ဆန်များလှူဒါန်းမှု


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးအား ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပြင်ပ ဆက်သွယ်ရေးကော်မရှင်၏ ဒုတိယဥက္ကဌ H.E Nguyen Huy Tang လာရောက်တွေ့ဆုံ

          ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးအား ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပြင်ပဆက်သွယ်ရေးကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ H.E Nguyen Huy Tang နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။

IMG_0433(1)

(more…)


Read more

အတောင့်တင်းဆုံးအသင်းကို ပိုင်ဆိုင်ထားဟု နည်းပြအန်းနရစ် ပြောကြား

Sports_2

ဘာစီလိုနာသည် လက်ရှိတွင် အတောင့်တင်းဆုံး အသင်းကို ပိုင်ဆိုင်ထားသည်ဟု နည်းပြ လူးဝစ်အန်းနရစ်က ပြောကြားပြီး လာလီဂါနှင့် စပိန်ဘုရင့် ဖလားကို ဆက်လက်ထိန်းသိမ်း နိုင်ရန် ယုံကြည်စိတ်ချနေသည်ဟု ပြောသည်။

စပိန်ချန်ပီယံအသင်းသည် ဂိုမက်စ်၊ ဆယ်မြူရယ် အမ်တီတီ၊ လူးကပ်စ်ဒစ်နီ၊ ဒင်းနစ်ဆွာရက်ဇ် တို့ကို ခေါ်ယူထားပြီး ဘာထရာ၊ ဗာမယ်လန်၊ ကော်ရီယာနှင့် ရာမီ ရက်စ်တို့ အသင်းမှ ထွက်ခွာသွား ပြီဖြစ်သည်။

Read more