Author: USDP 2016
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းဟန်၏အမြင်

ဦးထွန်းဟန်ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး
• ဒီအစည်းအဝေးကို တက်လာတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဖို့ပါ။ ဒီနေ့ဒီအချိန်မှာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ၂၁ရာစုပင်လုံ ညီလာခံဆိုပြီးတော့ သွားနေတာဖြစ်ပါ တယ်။ လက်ရှိအစိုးရရဲ့ ၂၁ ရာစု ပင်လုံ ဆိုတာလည်း ဒို့တာဝန်အရေးသုံးပါးကို သွားနေတာလည်းဖြစ်ပါတယ်။ အရေး ကြီးဆုံးကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတယ်လို့ ပဲမြင်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်မှ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက် နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီ က လုပ်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခြင်းပဲဖြစ်ပါတယ်။ (more…)
Read more
ဝမ်းတွင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပြည်သူ့ဆေးရုံတွင် အာဟာရတိုက်ကျွေး၊ ကျေးရွာ အမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူးဦးမျိုး မြင့်သိန်း၊မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသည့်ဦးကျော်စွာမောင်(နယ် မြေမှူး)၊ ဦးဌေးရီ (နယ်မြေမှူး)၊ ဦးမောင်မောင်ချို၊ ဦးရန်မျိုးကျော်၊ ဦးကျော်ဟိန်း၊ ဦးစိုးဦးနှင့် ဒေါ်လှလှဝင်း၊ ရုံးအုပ်ကြီး ဦးမြင့်ဟံထွန်းတို့ လိုက်ပါလျက် ယခုလ ၈ရက် နံနက် ၆ နာရီက ဝမ်းတွင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြီးဆေးရုံတက်ရောက်နေသော လူနာ ၅ဝ၊ လူနာစောင့်များနှင့်ဆေးရုံရှိဝန်ထမ်းများအား ကြက်သားဆန်ပြုတ်ဖြင့် အာဟာရတိုက်ကျွေးမှုများ ပြုလုပ်ခဲ့သည်။
Read more
မှော်ဘီတွင် ကျောင်းဆောင်သစ်ခြောက်ခု လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အရကျောင်းဆောင်သစ် ခြောက်ဆောင် ဆောက်လုပ်ရန်အတွက် လှူဒါန်းပွဲအခမ်းအနား ကို မှော်ဘီမြို့နယ် ရေသိုးဗမာကျေးရွာ အမကကျောင်းတွင် သြဂုတ် (၁၄) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း
• အခုလက်ရှိ မြို့နယ်ဥက္ကဋ္ဌတာဝန် ဆိုတော့ အရင်ပါတီမှာ ဘယ်အပိုင်း ကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ကျွန်မက ၁၉၉၃ ခုနှစ် အသင်းကြီး စကတည်းက အသင်းဝင်အဖြစ် ပါဝင်ခဲ့ တယ်။ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ပါလာတယ်။ အသင်းအဆင့်ဆင့်ကနေ ပါဝင်ရင်း အသင်းမှာ အမှုဆောင်တာဝန် ပေးခြင်းခံရတယ်။ ၂ဝ၁၂ ခုနှစ် ပြန်ရွေး ချယ်တဲ့အခါကျတော့ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့အတွင်းရေးမှူးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကျွန်မ က မဲအများဆုံးရရှိခဲ့တယ်။ အဲဒီအချိန်မှာ ၂ဝ၁၂ စွန်းစွန်းမှာပဲ ကျွန်မရဲ့အတွင်းရေး မှူးက ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်တဲ့အခါကြတော့ ကျွန်မကိုအများ က နေပြီးတော့ တင်မြှောက်လိုက်တယ်။ အများဆန္ဒနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လိုက်ရတယ်။

ဒေါ်စမ်းစမ်းဌေးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ
Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို သြဂုတ် (၁၁) ရက် နံနက် (၈) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းခမ်းမတွင် ကျင်းပပြုလုပ်ရာ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ ပါတီကေဒါများ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ကြသည်။

Read more
စတိုင်ကျလှပသော VAIO ၏ Laptop အသစ်များ
ဈေးကွက်တွင် ကာလအတော်ကြာ ပျောက်ကွယ်လျက်ရှိသော VAIO သည် သုံးစွဲသူ အမျိုးမျိုးအတွက် Laptop သစ်များကို မိတ်ဆက်ခဲ့သည်။ ယခု မိတ်ဆက်လိုက်သည့် C15 series ထုတ်ကုန်များတွင် အရောင်အမျိုးမျိုး ပါဝင်သည်။ ၎င်းတို့မှာ အဖြူ/ကြေးနီ၊ အပြာ/မီးခိုးနှင့် အဝါ/အညို ဖြစ်သည်။ VAIO က ဖက်ရှင်ကျသော ကွန်ပျူတာများဟု ရည်ညွှန်းသည်။

Read more
















