အင်ဒိုနီးရှားလေယာဉ်များ အမေရိကန်သို့ ပျံသန်းခွင့် ပြန်လည်ခွင့်ပြု

Indonesian

ဂျကာတာ၊ သြဂုတ် ၁၆

အင်ဒိုနီးရှားလေကြောင်းလိုင်းများကို စည်းကြပ်အဖွဲ့၏ လုံခြုံရေးပြန်လည်သုံးသပ်ပြီးနောက် အမေရိကန်သို့ ပျံသန်းပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

အမေရိကန်လေကြောင်း ပျံသန်းမှုစီမံခန့်ခွဲမှုရုံး FAA က ဆယ်စုနှစ်  တစ်ခုစာနီးပါးကြာပြီးနောက် အင်ဒိုနီးရှား  လေကြောင်း လိုင်းများအား လေကြောင်းပျံသန်းမှု ဘေးကင်းရေး အဆင့်အမှတ်တစ်တွင် ပြန်လည်သတ်မှတ် ပေးလိုက်ခြင်းလည်းဖြစ်သည်။

Read more

ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု ယီမင်ဆေးရုံကိုထိမှန်ပြီး ၁၁ ဦး သေဆုံး

90798206-hi034706572

ယီမင်နိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်ရဲ့ ထက်ဝက်ဟာ အရပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံက ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုအတွင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ ဆေးရုံတစ်ရုံကို ထိမှန်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရရရှိခဲ့ကြောင်း MSF က ပြောပါတယ်။

Read more

IS တိုက်ဖျက်ရေးကို အာရုံစိုက်တဲ့ နိုင်ငံခြားရေးမူ ချမယ်လို့ ထရမ့်ပြော

4107425237827

အစွမ်းကုန် စိစစ် တင်းကြပ်ပြီးမှ အမေရိကန် ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပေးမယ့် လူဝင်မှု ဆိုင်ရာ မူဝါဒလည်း ချမှတ် ပေးမယ်။

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒ အပေါ် ဘယ်လို နှိမ်နှင်း မလဲ ဆိုတဲ့ သူ့ရဲ့ အစီအစဉ်ကို ချပြ လာပါတယ်။

Read more

မီလ်ဝေါ်ကီ ပဋိပက္ခအတွင်း သေနတ်ပစ်ခတ်မှုများဖြစ်ပွား

13938286_1742404726000028_1183580044393757797_o

မီလ်ဝေါ်ကီ သြဂုတ် ၁၅

အမေရိကန်ရှိ မြို့ကြီးတစ်ခုဖြစ်သည့် မီလ်ဝေါ်ကီတွင် ဆန္ဒပြဆန့်ကျင်မှုဒုတိယနေ့ အဖြစ် ဆန္ဒထုတ်ဖော်သူများသည် မြို့တွင်းလမ်းများပေါ်သို့ ရောက်ရှိလာခဲ့ကြပြီး သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆန္ဒပြစုဝေးမှုသည် စနေနေ့က အသက် ၂၃ နှစ်အရွယ် အမျိုးသားဆီဗီလီစမစ် အား ရဲအရာရှိတစ်ဦးက လိုက်လံ ဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့သည်။ စမစ်သည် အာဖရိကဖွား အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ထိုနေ့က လိုက်လံဖမ်းဆီးရာတွင် လက်နက်ချအဖမ်းခံခြင်းမရှိသည့်အတွက် ထိုသို့ ပစ်ခတ်လိုက်ရခြင်း ဖြစ်ကြောင်း မြို့တော်ဝန် တွမ်ဘားရတ်က ပြောကြားခဲ့သည်။

Read more

ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျ ငါးဦးသေဆုံး

တနင်္ဂနွေနေ့က ပျောက်သွားခဲ့သော ထိုင်းစစ်ရဟတ်ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော ရာသီဥတုကြောင့် ပျက်ကျခဲ့ကြောင်း နှင့်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က တနင်္လာနေ့တွင် ပြောသည်။

သေဆုံးသူများတွင် အမှတ် (၄) ခြေလျင်တပ်ဖွဲ့ အုပ်ချုပ်သူ အရာရှိ ဗိုလ်ချုပ်နော့ပွန်းရန်ချန်း ပါဝင်သည်ဟု ဒုတိယဗိုလ်ချုပ် ကြီး ဆွမ်ဆက်နင်ဘန်ဂျာကန်က ပြောသည်။

Read more

အောက်တိုဘာအတွင်း အီးယူသို့ ဗီဇာမလိုဘဲ သွားလာခွင့်မပြုပါက ရွှေ့ပြောင်းကိစ္စ သဘောတူညီမှုကို စွန့်လွှတ်မည်ဟု တူရကီပြော

အီးယူအနေဖြင့် တူရကီနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ သွားလာခွင့်ကို အောက် တိုဘာအတွင်း ခွင့်ပြုပေးသင့်ပြီး ထိုသို့မဟုတ်ပါက အီးယူသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်သူများ ၀င်ရောက်မှုကို တူရကီက တားဆီးပေးရေး သဘောတူညီမှုကို ဘေးဖယ်ထားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ဂျာမနီသတင်းဌာနတစ်ခုအား ပြောကြားသည်။

Read more

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစုကိုယ်စား ရေဘေးရှောင်ပြည်သူများသို့ သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဇနီးဒေါ်နီနီဝင်း (မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက) ‘သား’ဗိုလ်ကြီးသိန်းဇော် ညို- မယဉ်သူအေး၊ ‘မြေး’ရွှေနေ ခြည်ညို၊ ရွှေယသော်ညို မိသားစု တို့က ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများသို့ လှူဒါန်း သော ဂျုံခေါက်ဆွဲခြောက်ထုပ်၊ ကြာဆံထုပ်၊ ဆီတစ်လီတာစီတို့ကို အလှူရှင်မိသားစုများကိုယ်စား ဟင်္သာတခရိုင်နှင့်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ က ယမန်နေ့က ပဲကြီးကျွန်းကျေးရွာ အုပ်စု ပဲကြီးကျွန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိနေသော အိမ်ထောင်စု ၂၄စု၊ စည်ပင်သာယာကျေးရွာဘုန်းတော် ကြီးကျောင်း၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၂စု၊ သမ္ဘရာတိုင်း ကျေးရွာအုပ်စု ဝဲကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ ရောက်ရှိနေ သော အိမ်ထောင်စု ၃ဝ၊ အင်္ဂရမ်း အုပ်စု သပြုဆိပ်ကျေးရွာ ရွှေကြို့ ပင် ဘုန်းတော်ကြီးကျောင်း၌ ရောက် ရှိနေသော အိမ်ထောင်စု ၂၇စု၊ ရွှေ ညောင်ပင် ဘုန်းတော်ကြီးကျောင်း ၌ ရောက်ရှိနေသော အိမ်ထောင်စု ၃၃ စု စုစုပေါင်းအိမ်ထောင်စု ၁၄၆ စုတို့ကို သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

Read more

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးရှောင်ပြည်သူများသို့ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းနှင့် ကျောင်း ကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထိန်ဝင်းတို့ ဦးဆောင်၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်သော ကျေးရွာများသို့ ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ဆန်အိတ်ကိုးအိတ် နှုန်းဖြင့် ဗလီဒေါင့်၊တက်ဆိပ်၊ ဒိုး တန်း၊ လှေကွဲလဟာ၊ ပန်းတောရိုး၊ ကွမ်းခြံကုန်း၊ ဝက်ခြံဂရက်၊ ရေဂ လုပ်၊ဖုန်းဆိုးနှင့်ချောင်ကြီး ကျေးရွာ အုပ်စု စုစုပေါင်း ၁ဝအုပ်စုကို ဆန်အိတ်၉ဝလှူဒါန်းခဲ့ကြသည်။
ယမန်နေ့က ကျားကိုက် ချောင်းရွာ အုပ်စုအတွက်ရရှိသော ဆန်အိတ် ကိုးအိတ်ကို ကျားကိုက် ချောင်းရွာ၊ ဥယျာဉ်တန်းရွာ၊ကျုံတာ ရွာခွဲများရှိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၈၂ စုကို အချိုးကျ ခွဲဝေ လှူဒါန်း ပေးခဲ့ကြသည်။

Read more

အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ရပ်/ကျေးကော်မတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအင်းစိန် မြို့နယ် ပါတီဥက္ကဋ္ဌဦးတင့်လွင်နှင့် မြို့နယ်ကော်မတီ ဝင်များသည် ယခုလ ၁၃ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ရပ်ကွက်ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် အဆိုပါရပ်ကွက်ပါတီ ဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းချက် ၂၁ ချက်အား မြို့နယ်ဥက္ကဋ္ဌ ဦးတင့် လွင်က အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက် ရောက်လာကြသူ ရပ်မိရပ်ဖများနှင့်ရပ်/ကျေး ကော် မတီဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ် တင်မြှောက်မှုများနှင့်ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့ပါသည်။
၎င်းပါတီကော်မတီဝင်များက ညီလာခံသို့ တက်ရောက်ကြမည့်ကိုယ်စားကော်မတီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြအပ်ပါသည်။

Read more