ပါတီအမျိုးသမီးအဖွဲ့တွေ့ဆုံပွဲမြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့က မြန်အောင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီးအဖွဲ့တွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီများက နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တာဝန်ခံဒေါ်ယဉ်မြတ်သူက ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသောအမျိုးသမီး အဖွဲ့ဝင်များက တစ်ဦးချင်းဆွေးနွေးခြင်း၊ တာဝန်ခံက ပြန်လည် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read more

မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှပါတီဝင်များ တိုက်ကြီးရေဘေး သင့်ပြည်သူများအားငွေကျပ်သိန်း ၄ဝ တန်ဖိုး ရှိ အစားအသောက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း လှိုင်မြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ် လယ်ဧက ၃၁၉ဝနှင့် အိမ်ထောင်စု များ၊ရေနစ်မြုပ်လျက်ရှိသော ကျေး ရွာဒေသများသို့ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု နှင့်ခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့ နယ်မှမြို့နယ်ဥက္ကဋ္ဌများ ဦးဆောင်၍ ပါတီဝင်များသည် ယမန်နေ့ နံနက် ၆နာရီက လူသုံးကုန်နှင့်စားသောက် ကုန်များသွားရောက်လှူဒါန်းသည်။
ရေနစ်မြုပ်လျက်ရှိသော တိုက် ကြီးမြို့နယ်အတွင်းမှ တော်လတီ ကျေးရွာ၊ အလယ်ဘုတ်ကျေးရွာ၊ ဖက်ဝန်းကုန်းကျေးရွာ၊ ဘော်လ ကွတ်ကျေးရွာ၊ ကတိုင်စိန်ကျေးရွာ များမှ အိမ်ထောင်စုပေါင်း ၃၇၇စု၊ လူဦးရေ ၁၆ဝဝ တို့အား ဆန်အိတ် ၅ဝ နှင့်အတူခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာ၊ ဘီစကစ်၊ ရေသန့် နှင့်အဝတ်အထည်များကို သွား ရောက်လှူဒါန်းရာ ရပ်မိရပ်ဖများ နှင့် ကတိုင်စိန်ကျေးရွာ ရာဇရံသီ ဘုန်းတော်ကြီးကယ်ဆယ်ရေးစခန်း ဆရာတော်တို့ကလက်ခံပြီး ရွာသူ ရွာသားများအား ခွဲဝေပေးကြောင်း သိရသည်။

Read more

စေတနာရှင်အလှူရှင်များ၏အလှူငွေဖြင့်ဟင်္သာတ ပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများသို့ဆန်များသွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ စီစဉ်ပေးမှုဖြင့် အလှူရှင် မမြတ်ခက်ညိုက လှူဒါန်းငွေ ကျပ်တစ်သိန်း၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူး ဦးအောင်ဇော်နိုင်၊ ဇနီးဒေါ်မျိုးမျိုးမိသားစုတို့က လှူဒါန်း ငွေကျပ် တစ်သိန်း စုစုပေါင်း အလှူငွေကျပ် နှစ်သိန်းကို ဆန် အိတ်များဝယ်ယူပြီး ဟင်္သာတမြို့နယ် ရွှေကူရပ်ကွက် ရွှေကူကျွန်းစန်း အလင်္ကာပညာရေးကျောင်းတွင် ရောက်ရှိနေသော ရေဘေးသင့် ပြည်သူ အိမ်ထောင်စု ၅၉ စုတို့အား ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယနေ့ မွန်းတည့် ၁၂ နာရီက အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သည်။

Read more

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဇီးကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သီရိပျံချီ ဦးဥာဏ်ဝင်းသည် သြဂုတ်လ (၁၃) ရက် နံနက် (၉) နာရီအချိန်က ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ မြို့နယ်ကော်မရှင် အဖွဲ့ဥက္ကဌ ဦးကျော်မိုးဦးနှင့်အဖွဲ့များ လိုက်ပါလျှက် ဇီးကုန်း မြို့နယ် အနောက်ဘက်ရှိ ရေဝင်နစ်မြုပ်လျှက်ရှိသော ဒေသများဖြစ်သည့် စပါယ်မြောင်အုပ်စု စပါယ်မြောင် ကျေးရွာ၊ အလယ်ကုန်းကျေးရွာ၊ တောင်ရေကန်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများအား ကြည့်ရှု အားပေးခြင်း၊ အလှူငွေများပေးအပ်ခြင်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်များအား ဝါဆိုသင်္ဃန်းများ ဆက်ကပ်ခြင်း သာသနာရေးနှင့် ကျန်းမာရေးကိစ္စများ မေးမြန်းလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများအား အမှတ် (၁၄)နယ်မြေ ပန်းဆက် ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သြဂုတ် (၁၅) ရက်က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read more

ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီး လက်ရွေးစင် ကစားသမားဘ၀မှ အနားယူ

Podolski-Reuters

ဂျာမနီလက်ရွေးစင် ဘောလုံးအသင်း တိုက်စစ်မှူး လူးကပ်စ် ပိုဒေါစကီးဟာ လက်ရွေးစင်အသင်း ကစားသမား ဘ၀ကနေ အနားယူသွားပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။

သူဟာ ဂျာမန်လက်ရွေးစင်အသင်းအတွက် ၁၂၉ ပွဲမှာ ၄၈ ဂိုး သွင်းပေးထားပါတယ်။

Read more

ဘိုလာဆီကို တန်ကြေး ပေါင်သန်း(၃၀)ဖြင့် အဲဗာတန်အသင်း ခေါ်ယူ

14021529_1751707695082114_4828086962879467981_n

အဲဗာတန်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း၏ DRကွန်ဂို တောင်ပံ ကစားသမား ဘိုလာဆီအား တန်ကြေး ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက်(၂၇)နှစ်အရွယ်ရှိ ဘိုလာဆီအတွက် အဲဗာတန်အသင်းက ကနဦး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းဝန်းကျင် ပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ ပေါင်သန်း(၃၀)အထိ မြင့်တက် သွားနိုင်ကြောင်း သိရသည်။

အဲဗာတန်အသင်းသည် ဘိုလာဆီအား (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

Read more

ဗြိတိန်တင်းနစ်ချန်ပီယံ အန်ဒီမာရေး အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူး

stream-img

ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးသည် အာဂျင်တီးနားတင်းနစ်က စားသမား ဟွန်မာတင်ဒယ်ပိုထရို ကို အနိုင်ယူကာ အိုလံပစ်တစ်ဦး ချင်း တင်းနစ်ပြိုင်ပွဲ ရွှေတံဆိပ် ဆုနှစ်ကြိမ်ရရှိသည့် ပထမဆုံး တင်းနစ်ကစား သမားဖြစ်လာ သည်။

Read more

အိုလံပစ်ပြိုင်ပွဲဝင် အူစိန်ဘော့ သမိုင်းသစ်ရေးထိုး

Usain-Bolt-1

ရီယိုဒီဂျနေးရိုး- ရီယိုအိုလံပစ်ပြိုင် ပွဲတွင် ဂျမေကာနိုင်ငံမှ အူစိန်ဘော့သည် မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၌ သုံးကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူ၍ ကမ္ဘာ့အကြီးကျယ် ဆုံးပြေးခုန်ပစ်ကစားသမား တစ်ဦးအဖြစ် သက်သေပြကာ သမိုင်း သစ်ရေးထိုးခဲ့သည်။

Read more

မီတာ(၄၀၀) အပြေးပွဲတွင် တောင်အာဖရိက အပြေးသမား ဗန်နီကက် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ရွှေတံဆပ်ဆု ဆွတ်ခူး

13988206_1751376568448560_9195708653400332545_o

ရီယိုအိုလံပစ် အမျိုးသား မီတာ(၄၀၀) အပြေးပွဲတွင် တောင်အာဖရိက အပြေးသမား ဗန်နီကက်က ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ရွှေတံဆပ်ဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဗန်နီကက်သည် (၄၃.၀၃)စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး ၁၉၉၉ ခုနှစ်က မိုက်ကယ်ဂျွန်ဆင် တင်ရှိခဲ့သည့် ကမ္ဘာ့စံချိန်ကို (၀.၁၅)စက္ကန့်အသာဖြင့် ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more