အထူးစီးပွားရေးဇုန်များ စီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း

အစိုးရသစ်ဖွဲ့စည်းပြီး ငါးလခွဲအကြာတွင် အထူးစီးပွားရေးဇုန်များစီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၁၅ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။ (more…)


Read more

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းမိသားစု ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း(ဗိုလ်ချုပ်ကြီးငြိမ်း) ဇနီး ဒေါ်မာမာဝေ မိသားစုကိုယ်စား ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (အားလုံး) (၉၈) ကျောင်းတို့အား ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီများ ရပ်/ကျေး ပ-ဒု ခေါင်းဆောင်များ၊ ကျေးရွာခွဲ ခေါင်းဆောင် များ၊ ပါတီဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးမှ ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ သြဂုတ်လ (၁၆) ရက် နံနက် (၈) နာရီအချိန်က ဝါဆိုသင်္ဃန်း ကပ်လှူခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ဦးသန်းဌေး ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်

Read more

ဧရာဝတီပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ကန်ကြီးဒေါင့် ရေဘေးသင့်ပြည်သူများအားလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်(ငြိမ်း) သီရိပျံချီ ဦးသိန်းအောင် ဦးဆောင်ထူထောင် ဖွဲ့စည်းထားရှိသော ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ကန်ကြီးဒေါင့် မြို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆန်အိတ်၁ဝဝနှင့် စားသုံး ဆီများအား ယနေ့မွန်းလွဲပိုင်းက ပေးပို့လှူဒါန်းရာ ဖောင်ဒေးရှင်း ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင်စောမူ တို့က တာဝန်ရှိသူများထံ လှူဒါန်း ခဲ့ကြသည်။

Read more

ဒုတိယအကြိမ်ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို ကြိုဆိုသောအားဖြင့် ဘကကျောင်းနှင့်ကံကြီးပရဟိတမိဘမဲ့ဂေဟာတွင်အလှူငွေလှူဒါန်း

မကွေးတိုင်းဒေသကြီး ဆော မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံကိုကြိုဆို သောအားဖြင့် ဆောမြို့နယ်ဆောမြို့ ဘကကျောင်းနှင့် ကံကြီးလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာတို့အား အလှူငွေနှင့်စာအုပ်၊ ခဲတံ၊ အဝတ် အစားများ ပေးအပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။

Read more

ဟင်္သာတပြည်ခိုင်ဖြိုးရေဘေးသင့်ပြည်သူများအား ဆန်များလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေှးင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး၏ စီစဉ်ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် ဟင်္သာတမြို့ရှိရေဘေးသင့်ပြည်သူ များအား အလှူရှင်များက အစားအစာနှင့်ဆေးဝါး၊ အဝတ်အထည်များ ကို လှူဒါန်းလျက်ရှိသည်။ ထိုသို့ လှူဒါန်းရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်မိသားစုနှင့် မမြတ်သက် ညိုတို့က အလှူငွေကျပ်တစ်သိန်းစီကို ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလာရာ ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် များသည် ဆန်အိတ်များဝယ်ယူ၍ ယနေ့မွန်းလွဲပိုင်းက ရွှေကူရပ်၊ ရွှေကူ ကျွန်း’စန်းအလင်္ကာပညာဒါနကျောင်း’တွင် ရေဘေးရှောင် ရောက်ရှိနေ သော အိမ်ထောင်စု ၅၉ စုတို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း ဟင်္သာတမြို့နယ်ပါတီကော်မတီဝင် ဦးမြင့်နိုင်ဦးထံမှ သိရသည်။

Read more

ဇလွန်ပြည်ခိုင်ဖြိုးမှ တောင်သူလယ်သမား အသိပညာပေးပိုစတာများစိုက်ထူ

တောင်သူလယ်သမားများအ နေဖြင့် မိမိတို့လယ်ယာမြေများ တွင် မြေဆီမြေသြဇာများ ပြည့်ဝ မှုရှိ/မရှိ နှင့်မြေအချဉ်ဓာတ်၊အငန် ဓာတ်တည်ရှိမှု အခြေအနေများကို မြေဆီလွှာတိုင်းကိရိယာ (Soil tester)ဖြင့် တိုင်းတာခြင်းဖြင့် အလွယ် တကူသိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအခါ၌ ဓာတ်မြေသြ ဇာများကိုသာ အသုံးများလာပြီ ဖြစ်ရာ သဘာဝမြေသြဇာများကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာရရှိနိုင်သ ဖြင့် လယ်ယာမြေများအခြေအ နေကို စမ်းသပ်သိရှိနိုင်သည့် Soil tester ဖြင့် စမ်းသပ်ခြင်းကို မိမိတို့ ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်အကူအညီတောင်းခံ ရယူနိုင်ကြောင်း ဇလွန်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးချိုမြင့်ခိုင်က ပြော သည်။ ယမန်နေ့ညနေပိုင်းက ရန်ကုန်-ဇလွန်ကားလမ်းမဘေးရှိ တောင်သူတစ်ဦး၏ လယ်မြေကွက် အတွင်း တောင်သူအသိပညာပေး ပိုစတာစိုက်ထူရာ၌ မြို့နယ်ပါတီ ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြော ကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ပိုစတာစိုက်ထူခြင်းကိုဇလွန်နှင့် နီးစပ်ရာမြို့များဖြစ်သော ဟင်္သာတ နှင့် ကြံခင်းမြို့နယ်များမှပါတီ ကော်မတီဝင်များ တက်ရောက်ကြ ပြီး မြို့နယ်များအတွင်း ပညာပေး ပိုစတာများ ဆက်လက်စိုက်ထူကာ တောင်သူများကို အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးအောင်စိုး ပဲခူးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• အခုလက်ရှိ ခရိုင်ဥက္ကဋ္ဌတာဝန်ဆို တော့ အရင်ပါတီမှာ ဘယ်အပိုင်းကဏ္ဍ ကနေတာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
၁၉၉၃ ခုနှစ် ပြည်ခိုင်ဖြိုးအသင်း စဖြစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကနေစပြီး ခရိုင်အတွင်း ရေးမှူးတာဝန်ကိုယူခဲ့ရတာပါ။၂ဝ၁ဝရွေး ကောက်ပွဲအတွက်ပါတီကိုဖွဲ့စည်းတဲ့အချိန် မှာအတွင်းရေးမှူးတာဝန်ပါ။နောက်ထပ် ၂ဝ၁၅မှာအသစ်ပြန်လည်ဖွဲ့စည်းတဲ့ အချိန် မှာကိုယ့်ရဲ့ကော်မတီဝင်များကတင်မြှောက် လိုက်တဲ့အတွက်ကြောင့်ခရိုင်ဥက္ကဋ္ဌတာဝန် ကိုလျာထားခြင်းခံရတဲ့သူဖြစ်ပါတယ်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးဝင်းမြင့်အောင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• လက်ရှိမြို့နယ်ဥက္ကဋ္ဌတာဝန်ဆိုတော့ အရင်ကဘယ်အပိုင်းကဏ္ဍကနေ တာဝန် ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါ တယ်။
ကျွန်တော်က အသင်းဘဝက ၂ဝဝ၃ ကတည်းက ဒုတိယစည်းမှူးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာပေါ့။ အဲဒီကနေ ၂ဝ၁ဝမှာ ပါတီဖွဲ့လိုက်တော့ မြို့နယ်ပါတီ ကော်မတီဝင်အနေနဲ့ ရွေးချယ်ခြင်းခံရ တယ်။ ၂ဝ၁၁မှာ ပါတီတွေပြန်လည်ဖွဲ့ စည်းတဲ့နေရာမှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာတယ်။၂ဝ၁၅-၂ဝ၁၆မှာ ပြန်ရွေး တဲ့အခါမှာ မြို့နယ်ဥက္ကဋ္ဌအဖြစ် အရွေး ချယ်ခြင်းခံရတယ်။ အောက်ခြေကနေ ဒုစည်းရုံးရေးမှူး၊စည်းရုံးရေးမှူး၊ မြို့နယ် ကော်မတီဝင်၊ မြို့နယ်ဥက္ကဋ္ဌအဆင့်ဆင့် ဖြတ်သန်းလာရတာပါ။

Read more