ပုသိမ်ပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရေဘေးဒုက္ခခံစားနေရသော ထန်းကုန်းကျေးရွာပြည်သူများထံသို့ သြဂုတ်လ (၁၈) ရက်နေ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ
သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

usdp Ayeyarwady Region News


Read more

ဒုတိယအကြိမ်ပါတီဗဟိုညီလာခံကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် မိုးညှင်း ပြည်ခိုင်ဖြိုးပါတီလူငယ်လှုပ်ရှားမှု

ဒုတိယအကြိမ်ပါတီဗဟိုညီလာခံကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့သစ်ကလေးအုပ်စု အာလံ ဗိုလ်ကျေးရွာ မူလတန်းကျောင်း မူကြိုကျောင်း မြို့သစ်ကလေး မူကြိုကျောင်းများတွင် သြဂုတ်လ (၁၉) ရက် က ကျောင်းသားများအတွက် အာဟာရကျွေးမွေးခြင်း၊ ဗလာစာအုပ် (၁၀)ဒါဇင်နှင့် ခဲတံ (၅၁)ဒါဇင်ကို ခရိုင်ပါတီကော်မတီဝင် ဦးနေမျိုးလင်း၊ အရန်ကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဌေးဝင်း၊ ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ အရန်ကော်မတီဝင် ဦးမြဝင်း၊ ဒေါ်လင်းလင်းဝင်း၊ လူငယ်ခေါင်းဆောင် ဦးအောင်ကိုဝင် ဦးရန်အောင်ဝင်း၊ ဒေါ်မြမြဌေး၊ လူငယ်အဖွဲ့ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၆ဝ) ကျော် ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပေးပို့လှူဒါန်းသည့် အစားအသောက် များအား ရေဘေးသင့် ပြည်သူများထံ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးကယ်ဆယ်ရေးအတွက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ ထောက်ပံ့လှူဒါန်းသော ပစ္စည်းများအား ရေဘေးဒုက္ခခံစားနေကြရသော တွန်ပလွန်ကျေးရွာအုပ်စု၊ အနန်းကုန်း ကျေးရွာနှင့် ကြောင်ပန်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ စုစုပေါင်း အိမ်ထောင်စု (၆၀၀)အား ဆန်၊ ခြောက်ဆွဲခြောက်၊ ငါးသေတ္တာများ အား သြဂုတ် (၁၇) ၇က်က ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကျော်ကျော်၊နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးမင်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့များမှ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ဒုတိယအကြိမ် ပါတီညီလာခံကို ကြိုဆိုသောအားဖြင့် ရပ်စောက် ပြည်ခိုင်ဖြိုးပါတီဝင်များ သစ်ပင်စိုက်ပျိုးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပါတီဝင် အင်အား (၁၇၀) ဦးသည် ယနေ့ (သြဂုတ် ၁၉ ရက်) နံနက်ပိုင်းတွင် အင်းခေါင်းရေထွက်၌ သစ်ပင်စိုက်ပျိုးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

USDP – Yatsauk

Read more

မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ၁၈ ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် ဆရာတော်ကြီးများထံမှ အလှူရေစက်ချတရား နာယူကြည်ညိုကာ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိစိတ္တာဘိဝံသ အမှူးပြုသော ပင့်သံဃာ ငါးပါး၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇင်မင်းဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေးစည်းမှူးများ တက်ရောက် ခဲ့ကြသည်။

Read more

ပြင်ဦးလွင်မြို့နယ်အခြေခံပညာကျောင်းများသို့ KG Kit Box များမြင့်မြတ်ပညာရေးဖောင်ဒေးရှင်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေတို့ မိသားစုက ဖွဲ့စည်းတည်ထောင် ထားသောမြင့်မြတ်ပညာရေးဖောင် ဒေးရှင်းသည် ပြင်ဦးလွင်မြို့နယ် အတွင်း အခြေခံပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရေးဖြည့်ဆည်း မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အတွင်းအခြေခံပညာမူလ တန်းကျောင်းများရှိ ကျောင်းသား ကျောင်းသူများအားတစ်ဦးလျှင် ဗလာစာအုပ်ခြောက်အုပ်နှုန်းသွား ရောက်လှူဒါန်းပေးလျက်ရှိသည်။
အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် လည်း တက္ကသိုလ်အဆင့်မြင့်မြတ် ဖောင်ဒေးရှင်းပညာသင်ဆုကို၂ဝ၁၅ ခုနှစ်မှစတင်၍ ပေးအပ်ချီးမြှင့် လျက်ရှိရာ ၂ဝ၁၆ ပညာသင်နှစ် အတွက်လည်း စီစဉ်ဆောင်ရွက် နေပြီဖြစ်သည်။
ဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေ၊ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် ပြည် ခိုင်ဖြိုးပါတီအဖွဲ့တို့သည် ယမန် နေ့နံနက်ပိုင်းတွင် တောင်ကျွန်း ကျေးရွာမူလတန်းကျောင်း၊ ရေခြံစု ကျေးရွာမူလတန်းကျောင်းနှင့် ဆင် ခေါင်းကြီးကျေးရွာမူလတန်းကျောင်း များသို့သွားရောက်ပြီး ဆရာ ဆရာမများ၊မိဘများ၊ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ကျောင်း သုံးဗလာစာအုပ်နှင့် KG Kit Box များ လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ ဦးရဲမြင့်နှင့်အဖွဲ့ တို့သည် မွန်းလွဲပိုင်းတွင် ပြင်ဦး လွင်မြို့ အထက(၁)ဧရာဝတီခန်းမ သို့သွားရောက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၈၆ကျောင်း သို့ KG Kit Box အလုံး ၁ဝဝ ကိုပေးအပ်လှူဒါန်းပေးခဲ့သည်။
လှူဒါန်းပွဲသို့ ခရိုင်အုပ်ချုပ် ရေးမှူးဦးလှမျိုး၊ခရိုင်ပညာရေးမှူး ဒေါ်ချိုချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဒုတိယ မြို့နယ်ပညာရေးမှူးများ၊ လက် ထောက် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှကျောင်း အုပ်ဆရာကြီးဆရာမကြီးများ၊ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖောင် ဒေးရှင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
လှူဒါန်းပွဲတွင် KG တန်းများ အတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းအစုံအလင်ပါဝင်ပြီး ကျပ် ၆၅သိန်း တန်ဖိုးရှိသည့် KG Kit Box အလုံး၁ဝဝကို ပေးအပ် လှူဒါန်းရာ အခြေခံပညာကျောင်း ၈၆ကျောင်းကိုယ်စား ခရိုင်ပညာ ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမြတ်စိုးမိုးတို့က လက်ခံ ရယူကြသည်။
ယနေ့လှူဒါန်းသည့် KG Kit Box များကို နိုင်ငံတော်ကလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သို့သော် လုံလောက်မှုမရှိသေးသည့်အတွက် မြင့်မြတ်ဖောင်ဒေးရှင်းကဖြည့်ဆည်း လှူဒါန်းပေးခြင်းဖြစ်ကြောင်း လှူ ဒါန်းရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်း တင်ပြရာတွင်ဦးရဲမြင့်ကထည့်သွင်း ပြောကြားသွားကြောင်းသိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂ဝ၁၆) ဦးတည်ချက်များ

14079813_419043414937458_2155998187480454774_n

၁။       ယုံကြည်မှုကိုအခြေပြုသော ပါတီတွင်းစည်းလုံးညီညွတ်မှုခိုင်မာရေးနှင့် ပြည်သူအတွင်း စည်းလုံးမှု ပိုမိုထက် မြက်လာစေရေး။

၂။       ပါတီတွင်း ဒီမိုကရေစီရှင်သန်လိုင်မာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး။

၃။       ပြည်သူများ၏ လူမှုစီးပွားဘ၀ ရှင်သန်ခိုင်မာရေးနှင့် ရေရှည်တည်တံခိုင်မြဲရေး။

၎။       ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ပါတီဝင်များက ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ရေး။

Read more

တမူးတွင် ကူကီးတိုင်းရင်းသားဖိုရမ်ကျင်းပရန် ခရိုင်ထွေအုပ်ခွင့်မပြု

စစ်ကိုင်းတိုင်း၊ တမူးတွင် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုထောက်ခံပွဲနှင့် ကူကီးတိုင်းရင်းသားဖိုရမ်ကို တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပရန်စီစဉ်နေပြီး ကူကီး တိုင်းရင်းသားဖိုရမ်ကျင်းပရန်ကို တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက တားဆီးနေသည်ဟု ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းက မဇ္ဈိမကိုပြောသည်။

(more…)


Read more

ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့ထုတ်ပြန်

၂၁ ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးမူကို အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည့်အတွက် ၀မ်းမြောက်အားတက်ကြောင်းနှင့် ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့်  AA မဟာမိတ်သုံးဖွဲ့က သဘောထားထုတ်ပြန်သည်။ (more…)


Read more

ကမ္ဘာ့ဘဏ်မှချေးယူငွေသည် ဝန်ထမ်းများ လစာတိုးရန်ဆိုသည့်သတင်းမှာ အမြင်လွဲခြင်းဖြစ် ဟုဆို

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အနက် ဒေါ်လာသန်း ၆ဝ မှာ နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန် မဟုတ်ဘဲ ချေးငွေ ချေးယူခွင့်ပြုရန် လွှတ်တော်သို့ စာရေးသားပေးပို့လာသည့် စာသားကြောင့် အမြင် လွဲမှားမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းပြောကြားသည်။ (more…)


Read more