ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်း

• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံကို ကချင်ပြည်နယ် ကိုယ်စားလှယ်တစ်ဦးအနေနဲ့တက် ရောက်ဖို့လာတာ ဆိုတော့ ညီလာခံ တက်ရောက်ဖြစ်ပုံနဲ့ ပါတီမှာပါဝင် ဆောင်ရွက်မှုအခြေအနေတွေကို သိချင်တယ်။
ကျွန်တော်တို့ ကချင်ပြည် နယ်အဖွဲ့က မြို့နယ်၊ ခရိုင်၊ ပြည် နယ်ကိုယ်စားလှယ် ၄ဝ ကျော်လာ ရောက်တက်တာပါ။ ကျွန်တော် က ၁၉၉၄-၁၉၉၅ ကျွန်တော် ရှစ် တန်းကျောင်းသား ဘဝကတည်း က ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ အသင်းပေါ့။ လူမှုရေးကိစ္စတွေ ပါဝင်ဆောင် ရွက်မယ်ဆိုပြီး ဝင်ရောက်ခဲ့ပါ တယ်။ အဲဒီတုန်းကတည်းက အသင်းကဖွင့်တဲ့ သင်တန်းတွေ ကျွန်တော်တို့တက်ခဲ့ပါတယ်။ အဲဒီ ကမှ ရပ်ကွက်မှာ ကျွန်တော်စည်းရုံး ရေးမှူးဖြစ်ပါတယ်။ နောက်တော့ မြစ်ကြီးနားမြို့နယ်မှာ မြို့နယ် အလုပ်အမှုဆောင်၊ ကျွန်တော်က နည်းနည်း ထူးခြားတယ်။ နေတာ က မြစ်ကြီးနားမှာ၊ ဒါပေမဲ့ ၂ဝဝ၆ မှာ လဂျားယန်ဆိုတဲ့ မြို့ပျက်ကို ပြန်တည်တော့ မြို့နယ်အတွင်းရေး မှူးဆိုပြီး လူကြီးတွေက တင်ခဲ့ တယ်။ ကချင်အမျိုးသားတွေ ဖြစ် တော့ ကျွန်တော့်အတွက်က ကိစ္စ မရှိပါဘူး။ အဲဒီဒေသမှာ အသင်း အတွင်းရေးမှူးအဖြစ်နဲ့ပဲ လေးနှစ် တာ ထမ်းဆောင်ခဲ့တယ်။ ၂ဝ၁ဝ မှာ ပါတီဖြစ်လာတဲ့အတွက် ပါတီ အတွင်းရေးမှူး ဖြစ်လာတယ်။ ၂ဝ၁၂မှာပါတီ ပြန်လည်ရွေးချယ် တဲ့နေရာမှာခရိုင်အဆင့်ကနေ ပြည် နယ်ကော်မတီဝင် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပြည်နယ် ကော်မတီဝင်အဖြစ် ပြန်လည် အရွေးချယ်ခံရတဲ့အတွက် ပြည် နယ်ကော်မတီဝင်အနေနဲ့လာရောက် ခဲ့တာပါ။

14102439_419743424867457_652154372877219291_n

ဦးဘရန်ရှောင် ပြည်နယ်ကော်မတီဝင်ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ

(more…)


Read more

ပြန်လည်သင့်မြတ်ရေးညီညွတ်ရေးငြိမ်းချမ်းရေး ပြည်ထောင်စုဖွံ့ဖြိုးရေး ပြည်ထောင်စုထာဝရတည်မြဲရေးတို့ကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ ဖော်ဆောင်နိုင်သည်

ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်ထောင်စု မြန်မာနိုင်ငံဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကမ္ဘာဦးလူများ နေနှင့်လကိုတောင့်တကြသကဲ့သို့ တောင့်တကြသည်။ ပြည်တွင်းငြိမ်းချမ်းမှသာ နိုင်ငံတော်တည်တံ့ခိုင်မြဲမည်၊ ဖွံ့ဖြိုးတိုးတက်မည်၊ ပြည်သူတို့ ကောင်းကောင်းနေ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းသွားလာ၊ ကောင်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ကြ မည်ဖြစ်သောကြောင့် ပြည်သူတို့က ငြိမ်းချမ်းချင်ကြပြီ။
ပြည်တွင်းငြိမ်းချမ်းရေးဟူသော စကားရပ်သည် ပြည်တွင်းမငြိမ်းချမ်းသောကြောင့်၊ ဆူပူဆန့်ကျင်ပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရင်း ပြည်တွင်းစစ်ကြီး ဖန်တီးနေခဲ့ ကြသောကြောင့် ဆယ်စုနှစ်များစွာ အေးအေးချမ်းချမ်းမနေကြရ။ ပြည်သူတို့အသက်ကို ဖက်နှင့်ထုပ်ကာ ဟိုပြေးသည်လွှား နေခဲ့ကြရသောကြောင့် ပြည်သူတို့က ငြိမ်းချမ်းလိုကြခြင်းဖြစ်သည်။

14088512_636544846515030_8846314805813986226_n

(more…)


Read more

မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံရေးကို အမေရိကန် ဦးစားပေးသင့်သည်

ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များပေါ် တွင် အကန့်အသတ်များပြုလုပ်ခြင်း
၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတာဝန်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်တာဝန်များကိုထမ်း ဆောင်ခဲ့ရာတွင် လေ့ကျင့်ရေးအစီအစဉ် များ၌ ပါဝင်စေရန် မြန်မာ့တပ်မတော် ကို အထောက်အကူများပေးခြင်းမှာ နှစ် ဖက်လုံးအတွက် အကျိုးများစေသည်ဟု တွေ့ရှိခဲ့ရသည်။ အဆိုပါကာလများ အတွင်း၌အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာန၏အစီအစဉ်ဖြင့်ပြုလုပ်သည့်အလုပ်ရုံ ဆွေးနွေးပွဲသုံးခုသို့ မြန်မာ့တပ်မတော်မှ အရာရှိ ၅ဝ တက်ရောက်ရန်အတွက် စနစ်တကျလေ့လာပြီးနောက် ဆောင်ရွက် ပေးခဲ့ရသည်။ အကန့်အသတ်များဖြင့် ပြုလုပ်ခဲ့သည့်အစီအစဉ်ဖြစ်ပြီး ဥပဒေ စိုးမိုးမှုနှင့်ဆိုင်သောအကြောင်းအရာများ၊ စစ်မြေပြင်တွင်လိုက်နာရမည့်ဥပဒေများနှင့် ဆိုင်သောအကြောင်းအရာများအပါအဝင် အခြားအကြောင်းအရာများကို ဆွေးနွေး သင်ကြားပေးခဲ့သည့်အစီအစဉ်ဖြစ်သည်။

76338570-16082016

(more…)


Read more

ပန်းထိမ်ငိုပင်စိုက်ပျိုးနည်း

ပန်းထိန်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ယခုအခု အပူပိုင်းဒေသများ တွင်လည်းစတင်စိုက်ပျိုးလာကြပါသည်။ အပူများလွန်းသော အချို့ဒေသများတွင် အရိပ်ကျဲ ၅၀% ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပန်းထိမ်ငို သည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။ မြေချဉ်ငံကိန်း pH 5-6 ကြားတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများတွင်စိုက်ပျိုးကြပါသည်။ ပန်းထိန်ငိုမျိုးတွင် တစ်ထပ်ပန်းထိန် နှစ်ထပ်ပန်းထိန် သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။ မျိုးယူရာတွင်လည်း အပင်ကို cutting ထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥမှစိုက်ခြင်း ဆိုပြီး ၂နည်း ရှိပါသည်။

13754633_1751485581788333_1185709648648252736_n

(more…)


Read more

ငှက်ပျောပင်ကို သားတက်ခွဲခြင်း

အမြစ်စုံပြန်ပျိုးခြင်းနည်းများဖြင့် ပုံမှန်အားဖြင့် မျိုးယူစိုက်ပျိုးပါတယ်။ ယနေ့မှာတော့ နိုင်ငံတော်တော် များများမှာ တစ်ရှူးနည်းပညာဖြင့် မျိုးယူသကဲ့သို့ ‎အမြစ်ဆုံကို ပိုင်းဖြတ်ပြီးတော့လည်း မျိုးယူလျှက် ရှိနေပါတယ်။

Banana2

(more…)


Read more

နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်းမှု

နှင်းဆီဆိုတဲ့စကားဟာ အမျိုးသမီးဘက်ကို အားသန်တဲ့အမျိုးအစားမို့ အမျိုးသမီးများရဲ့အသဲစွဲ ပန်းအမျိုးအစားဖြစ်ပါတယ်။ ရာထောင်မကသော အမျိုးအစားတွေ ရှိနေပေမယ့်လို့ သူ့ရဲ့ ရနံ့လေးကတော့ တစ်မျိုးပဲရှိပါတယ်။ နှင်းဆီရနံ့ပေါ့လေ။ ရနံ့ကတော့ ရေပန်းသိပ်မစားပေမယ့် သူ့ရဲ့ပင်ကို ပွင့်ဖတ်၊ ပွင့်လွှာကတော့ သူတကာတို့ရဲ့အသဲစွဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အလှဆင်တဲ့နေရာမှာ နှင်းဆီ ပန်းကတော့ မပါမဖြစ် ထိပ်ဆုံးမှာ နေရာရထားပါတယ်။ သူ့ရဲ့ပင်ကိုယ်အလှကြောင့်မို့လို့ အမျိုးအစား အလိုက် ဈေးအမျိုးမျိုးတင်ကစားပြီး ဈေးကွက်စီးပွားရေးမှာ ရောင်းချရပါတယ်။ အပင်ရယ် အပွင့်ရယ် ရေရှည်ခံတဲ့ အမျိုးအစားမဟုတ်ပေမယ့် သူ့ရဲ့စွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ပွင့်လွှာတည်ဆောက်ပုံကြောင့် အများစုက သူ့ကိုကြိုက်ကြသလိုမျိုး နေရာတိုင်း အိမ်တိုင်းလိုလို ပန်းခြံတိုင်းလိုလိုမှာ အလှအဖြစ် စိုက်ထားကြတာများပါတယ်။ အများစုကတော့ အလှအဖြစ် အတွက် ဆိုရင်တော့ အိုးနဲ့ပဲ စိုက်ကြတာများပါတယ်။ ကိုင်းအရင့်ကိုကူးပြီး စိုက်ရတာလည်းလွယ်ပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဂရုစိုက်ပေးရမယ့် အမျိုးအစားပါ။ မြေပုပ်မြေဆွေး နွားချေး စာသည်ရောထားသည့် မြေပုပ်မြေဆွေးကို ကြိုက်နှစ်သက်သလိုမျိုး ပုံမှန်လည်းရေလောင်းပေးရ မကြာခဏဆိုသလို မြေကိုလည်းဆွပေးရပါတယ်။

images(5)

(more…)


Read more

ဂျပန်နည်းဖြင့် ကန်စွန်းဥ စိုက်ပျိုးနည်း

ကန်စွန်းဥကို ဂျပန်ပြည်တွင် ဟင်းလျာအဖြစ် အဓိကစားသုံးပြီး တစ်နှစ်လျှင် ၁ .၈ သန်း တန်ခန့် ထုတ် လုပ်လျက်ရှိသည်။ ကျုးရှုနှင့် ကန်တိုပြည်နယ်များတွင် အဓိက စိုက်ပျိုးသည်ကိုတွေ့ရသည်။ ကန်စွန်းဥကို ကစီဓာတ်ထုတ်ယူရန်လည်းကောင်း၊ စားသောက်ကုန်လုပ်ငန်းတွင်သုံးရန်လည်းကောင်း၊ တိရိစ္ဆာန်အစာတွင် သုံးရန် လည်းကောင်း၊ ကုန်ကြမ်းအဖြစ်စိုက်ပျိုးကြသည်။

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ် ပါတီညီလာခံကြီးကို လှိုက်လှဲစွာကြိုဆိုပါ၏

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ၂၁-၈-၂ဝ၁၆ နေ့မှာ ကျင်းပမည်ဆိုတာကို ပြည်ထောင်စုနေ့စဉ်မှာ ဖတ်လိုက်ရတယ်ခင်ဗျ။ ဒီသတင်း ကြားရတော့ စာရေးသူ ဝမ်းမြောက်ဝမ်းသာရှိခဲ့တယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုရပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ပြည်ခိုင်ဖြိုးအသင်းကြီး ကို အခြေခံပြီးဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အမျိုးသား နိုင်ငံရေး ပါတီကြီးဖြစ်တယ်။ပါတီဟာ လက်တွေ့ ကျပြီး မှန်ကန်တဲ့ မူဝါဒရှိတယ်ခင်ဗျ။ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ အမိနိုင်ငံ၏ပကတိအခြေအနေ နှင့်ဆီလျှော်အပ်စပ် လိုက်လျောညီထွေတဲ့လုပ်ငန်း စဉ်တွေ၊ သဘောထား တွေကို အခြေခံပြီး ဒီမိုက ရေစီပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူများနှင့် လက်တွဲဆောင်ရွက်မယ်လို့လည်း အဓိဋ္ဌာန်ပြုထားတာကို စာရေးသူတို့ လေ့လာသိရှိထားပါတယ်။

Read more

တပ်မတော်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးနယ်မြေအတွင်းရှိ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာသို့ သြဂုတ် (၁၈) ရက်နေ့က အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားကို၊ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နန်းရွှေဥနှင့် ခရိုင်အငယ်တန်းစာရေး ဒေါ်ရာခလေတို့သည် မိမိတို့ပါတီဝင် ကျေးရွာ၏ ကျန်းမာရေး စောင့်ရှောက်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာမှ ကျား (၂၄) ဦး၊ မ (၃၅) ဦး၊ ကလေး (၃၆) ဦး၊ စုစုပေါင်း (၉၅) ဦးအား ဆေးကုသမှုပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို မှ ကျေးရွာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read more

ကျောင်းကုန်းပြည်ခိုင်ဖြိုး ဒေသခံရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာအုပ်စုရှိ သပြေပင်၊ ငှက်ရိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ဝေငှရန် မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်ဝင်းစိန်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျင်ရွှေ၊ ဦးမျိုးသီဟနှင့် နယ်မြေခံ စည်းရုံးရေးမှူး ဦးမြင့်လွင်တို့မှ ယနေ့ (သြဂုတ်လ ၁၉ ရက်) ကုန်တစ်တန်ရေတစ်တန် ခြေလျင်ခရီးကြမ်းဖြင့် ခရီးနှင်၍ သွားရောက်လှူဒါန်းပေးခဲ့ကြရာ ၎င်းကျေးရွာ လေးများမှာ အလှုရှင်အရောက်အပေါက်နည်းပြီး ယခုအကြိမ်သည် ၎င်းကျေးရွာများအတွက် ပထမဆုံး လာရောက်လှူဒါန်းသော အလှူရှင် များဖြစ်၍ အဆိုပါကျေးရွာမှ ရွာသူရွာသားများက ဝမ်းသာအားရ ပြောကြား ကြသည်။

Read more