ပခုက္ကူခရိုင်တွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ စူဠာမဏိ စေတီတော် မြတ်ကြီးတွင် လုပ်အားဒါနပြု

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ဘုရားစေတီများအနက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနှင့် ခရိုင်ပါတီ လုပ်ငန်းစီမံရေး တာဝန်ခံဦး ပြည်စိုးဝင်းတို့၏ ညှိနှိုင်းမှုအရ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ် များမှ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ လုပ်အားဒါနပြု သန့်ရှင်းသပ္ပါယ်ခွင့် ရရှိခဲ့သော စူဠာမဏိစေတီတော်မြတ်ကြီးအား ယနေ့ (စက်တင်ဘာလ ၂ ရက်) နေ့တွင် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင် အင်အား (၄၆၀) မှ လုပ်အားဒါပြု သန့်ရှင်း ဆောင်ရွက်ခဲ့ကြသည်။

Read more

“ရာဇသင်္ဂဟဖောင်ဒေးရှင်း”မှ ဟင်္သာတမြို့နယ်၊ တောင်လုံးစုကျေးရွာအုပ်စု၊ ဒိုက်အင်းကျေးရွာနေ အသက် (၁၀၁)နှစ်ရှိ အဘိုး ဦးမြသိန်းအတွက် လှူဒါန်း

“ရာဇသင်္ဂဟဖောင်ဒေးရှင်း” မှ အသက်(၁၀၀)နှင့်အထက် ဘိုးဘွားများ၏ ကျန်းမာရေး၊ လူနေမှုဘ၀ အဆင်ပြေစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဘိုးဘွားအား အလှူငွေများ လှူဒါန်း လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တောင်လုံးစုအုပ်စု၊ ဒိုက်အင်းကျေးရွာနေ အသက်(၁၀၁) နှစ်ရှိ အဘိုး ဦးမြသိန်းအတွက် ဂုဏ်ပြုလှူဒါန်းငွေ (၂)သိန်းကျပ်ကို နာယကကြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် (ကိုယ်စား) ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များသည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ကျောက်တော်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁) ရက် နေ့လည် (၁၂) နာရီ အချိန်ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဦးလှထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Read more

ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်စာကြည့်တိုက်သို့ စာအုပ်/ဂျာနယ် များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးယဉ်ထွေး ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များလိုက်ပါကာ ပန်းပင်ချောင်ရပ်ကွက် အလင်းရောင် စာကြည့်တိုက်သို့ သြဂုတ်လ (၃၁) ရက် နံနက် (၁၀) နာရီအချိန်က စာအုပ်နှင့် ဂျာနယ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုလှူဒါန်းပွဲ အခမ်းအနားသို့ ရပ်ကွက်၊ ကျေးရွာ ပါတီကော်မတီဝင်များ၊ ပြန်/ဆက်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Read more

ရေးမြို့နယ် ပြည်ခိုင်ဖြိုး နှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ အဟာရလှူဒါန်း

၂၀၁၆ခုနှစ် ၊စက်တင်ဘာလ(၁)ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရန်ကြီးအောင် တိုးချဲ့ကွက်သစ်မှ ပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းကာ ရေးမြို့ ပြည်သူ့ဆေးရုံးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေကြသော ရဟန်း၊ ရှင်လူဝေဒနာရှင် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရေးမြို့မ ရဲစခန်းတွင် အချုပ်ကျနေသူများအား နံနက်စာအဟာရအဖြစ် ထမင်းနှင့် ကြက်သားဟင်းတို့ကို လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

Read more

လောက်ကိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ အခြေခံပညာကျောင်း လိုအပ်ချက်များ ဖြည့်ဆည်းလှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးလျူမောင်မောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် (၃၁-၈-၂၀၁၆) နေ့တွင် လုံထန်ကျေးရွာအုပ်စု အိုက်ကျော်ကျိုင်းရွာ အခြေခံပညာ မူလတန်းကျောင်းတွင် လိုအပ်လျက်ရှိသော စာရေးခုံ အစုံ (၄၀)ခုံ နှင့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာအစုံတို့ကို သွားရောက်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာမများက လက်ခံရယူခဲ့သည်။

Read more

ဒုတိယအကြိမ် ပါတီဗဟိုညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် လပတ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ပါတီညီလာခံ မျက်နှာစုံညီ အစည်းအဝေး အတွေ့အကြုံနှင့် လပတ်အစည်းအဝေးကို သြဂုတ် (၃၁) ရက် ညနေ ၄နာရီက ကျင်းပခဲ့ရာ အစည်းအဝေးသို့ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်/ကျေးနှစ်မြို့နယ် မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် အင်အား (၅ဝ) တက်ရောက်ကြသည်။

Read more

DropBox အွန်လိုင်းသိုလှောင်နှုန်း စနစ် ခိုးယူခံရ ၊ အကောင့်ပေါင်း ၆၈ သန်း မှ အချက်အလက်များပေါက်ကြား

နယူးယောက် ၊ သြဂုတ် ၃၁

နာမည်ကျော် Dropbox အွန်လိုင်း သိုလှောင်မူစနစ် အား ခိုးယူခံရပြီး အကောင့်ပေါင်း ၆၈ သန်းမှ အချက် အလက်များ ပေါက်ကြားခဲ့ကြောင်း သိရသည်။

Drop Box (more…)


Read more

ကျန်းမာရေးနဲ့ ပြည့်စုံအောင် ဘူးတလုံးကိုဆောင်

သင့်အသည်းနဲ့ သွေးသားသန့်ရှင်းစေပြီး သွေးတိုးနဲ့ နှလုံးရောဂါကိုလည်း သက်သာစေတဲ့ ဘူးသီးရဲ့ အာဟာရ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပါမယ်။ မြန်မာလူမျိုးတွေဟာ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီးတို့စားတာ၊ သုပ်စားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် မသန့်ရှင်းတဲ့ ဆီနဲ့ ကြော် ထားတဲ့ ဘူးသီးကြော်က ကျန်းမာရေးအတွက် အပြည့်အစုံတော့ မရနိုင်ဘူး၊ ဆိုးကျိုးတချို့လည်း ဖြစ်စေနိုင်တယ် ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူးနော်။ ဘူးသီးစားပေးတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

14102693_1179164508814065_7228567401081952235_n

(more…)


Read more

iPhone သူလျှိုဆော့ဖ်ဝဲကို ကာကွယ်ရန် Apple လုံခြုံရေးဆော့ဖ်ဝဲလ်အသစ်ထုတ်ပေး

iPhone များနှင့် iPad များ၏ Operating System (OS) တွင် ပါဝင်သော ချွတ်ယွင်းချက်များကို  အသုံးချ၍ အရှေ့အလယ်ပိုင်းဒေသရှိ အစိုးရဆန့်ကျင်သူတစ်ဦး၏ iPhone ကို ပစ်မှတ်ထားခဲ့ကြောင်း လုံခြုံရေး သုတေသီများက ပြောကြားပြီးနောက် ယင်းရှားပါး အဆင့်မြင့်တန်ဖိုးကြီး သူလျှိုဆော့ဖ်ဝဲ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် Apple ကုမ္ပဏီက လုံခြုံရေးဆော့ဖ်ဝဲအသစ်တစ်ခု ထုတ်ဝေခဲ့သည်။

iphone

(more…)


Read more