ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘုရားထီးတော် တင်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင် ကျေးရွာ ရွှေပင်မြိုင်တောရရှိ တတိုင်းပြည့်စေတီထီးတော်နှင့်စိန်ဖူး တော်အထွတ်တင်လှူပွဲကို စက်တင်ဘာလ (၃) ရက် ၉နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာသဖအမှူးပြုသော သံဃာတော် ၂၅ပါး ကြွရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးတင်စိုးနှင့် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ထီးတော်အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပြည်ထောင်စုနယ်မြေမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ယနေ့ စက်တင်ဘာ(၂)ရက်နေ့ (၁ဝးဝဝ) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၇၅ဝ)ဦးခန့်တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

_DSC4176 _DSC4129

(more…)


Read more

မြစ်ဆုံကော်မရှင် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ သွားရောက်မည်

 

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသော်လည်း လူထုကန့်ကွက်မှုကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထား သော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သမ္မတထံ တိုက်ရိုက်အစီရင်ခံစာ တင်ပြရမည့် ကော်မရှင်အဖွဲ့သည် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ မြေပြင်အခြေအနေ သွားရောက်ဆန်းစစ်မည်ဟု သတင်းရရှိသည်။ (more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂-၉-၂ဝ၁၆ရက် (သောကြာနေ့) နံနက် (ဝ၉းဝဝ) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး အစည်းအဝေး ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

_DSC4070

(more…)


Read more

“ပြည်ခိုင်ဖြိုးတို့လာကြကွယ် လုပ်အားပေးကြမယ်”

 

ပြည်ခိုင်ဖြိုးတို့လာကြကွယ်
လုပ်အားပေးကြမယ်။

သယ်ပိုးကာတစ်ယောက်တစ်လက်
လက်ဆင့်ကမ်းလို့ဆက်။

တို့ပြည်သူအတွက်တို့တစ်တွေ
စုပေါင်းဆောင်ရွက်နေ။

တည်ဆောက်ပြုပြင်ဘုရားများ
ဆေးရုံ-ဈေး-ကျောင်း-လမ်းတံတား။

ပြည်ခိုင်ဖြိုးရောက်တဲ့နေရာ
ငြိမ်းချမ်းလွန်သာယာ။

ခေတ်မီအောင် နိုင်ငံ့အကျိုး
တည်ဆောက်တို့သယ်ပိုး။

ခိုင်ခိုင်မာမာ ဖွဲ့စည်းခဲ့သည်
ပြည်ခိုင်ဖြိုးပါတီ။

ဘယ်သူခွဲခွဲမကွဲဖို့
တို့များဓိဌာန်ကြပါစို့……။

Credit -Myo Chit Thawy

Read more

၃၈ နှစ်အကြာတွင် ယုဂန္ဓာလက်ရွေးစင်အသင်း အာဖရိကဖလားပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိ

Uganda-national-football-team

ယုဂန္ဓာလက်ရွေးစင်ဘောလုံးအသင်းသည် ၃၈ နှစ်ကြာဝေးကွာနေခဲ့သည့် အာဖရိကဖလားဘောလုံးပြိုင်ပွဲကို ပြန်လည် ၀င်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။

ယုဂန္ဓာအသင်းသည် ၂၀၁၇ အာဖရိကဖလား နောက်ဆုံးအဆင့်ခြေစစ်ပွဲတွင် ဘာကီနာဖာဆို၊ ဘော့စ်ဝါနာ၊ ကိုမိုရော့စ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည်။ အိမ်ကွင်းအဝေးကွင်း ၆ ပွဲ ကစားခဲ့ရာတွင် ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဘာကီနာဖာဆိုနှင့်အတူ ခြေစစ်ပွဲ အောင်ခဲ့ခြင်း ဖြစ်သည်။

Read more

ဘာစီလိုနာအသင်းဆီ သံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာတဲ့ ရော်နယ်လ်ဒင်ဟို

ronaldinho-barcelona

 (ဓာတ်ပုံ – အီးပီအေ)

၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဘာစီလိုနာအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်လ်ဒင်ဟိုဟာ အသင်းဟောင်းဆီ အသင်းသံတမန်တစ်ဦးအနေနဲ့ ပြန်လည် ရောက်ရှိလာပါတယ်။

ဘာစီလိုနာဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ နိုင်ငံတကာမှာ အသင်း တိုးတက်မြှင့်တင်ဖို့  နယူးယောက်တွင် ဖွင့်လှစ်မယ့် အသင်းရုံးခွဲသစ်အတွက် ရော်နယ်လ်ဒင်ဟိုကို သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

Read more

ပြန်လည်ကစားရန် ကြံ့ခိုင်မှု အခြေအနေ တိုးတက်နေဟု ရော်နယ်ဒိုပြောကြား

05272752785

မက်ဒရစ်− ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ရီးရဲလ်တွင် ပြန်ကစားရန် နီးစပ်လာစဉ် မိမိအခြေအနေ တိုးတက် လာသည်ဟု ရီး ရဲလ်ကြယ်ပွင့် ရော်နယ်ဒိုက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်က ယူရို၂၀၁၆ အိမ်ရှင်ပြင်သစ်နှင့် ကစားသော ဗိုလ်လုပွဲတွင် ဒဏ်ရာရရှိပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ရရှိရန် ကြိုးစားနေစဉ် ရော်နယ်ဒိုက လူမှုမီဒီယာမှတစ်ဆင့် ၎င်း၏ အခြေအနေကို တင်ပြခဲ့သည်။

Read more

ယူအက်စ်အိုးပင်းမှာ လူးကက်စ်က နာဒယ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်

2016-09-05-064325

ကမ္ဘာ့အဆင့် ၂၅ နေရာမှ လူးကက်စ်က အဆင့် ၅ နေရာမှာ ရပ်တည်နေသူ နာဒယ်ကို အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ နာမည်ကြီး ရာဖေးလ် နာဒယ် ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ တနင်္ဂနွေနေ့ (စက်တင်ဘာ ၅ ရက်) က ယှဉ်ပြိင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အသက် ၂၂ နှစ်အရွယ် ပြင်သစ်တင်းနစ်ကစားသမား လူးကက်စ်က ဂရင်းဆလင်း ချန်ပီယံဆု ၁၄ ကြိမ် ရရှိထားသူ နာဒယ်ကို ပွဲငယ် ၅ ပွဲ ယှဉ်ပြိုင်ကစားပြီး အနိုင်ယူ သွားခဲ့ပါတယ်။

Read more

ဟောင်ကောင်တွင် ရွေးကောက်ပွဲမဲများ စတင်ရေတွက်

Hong-Kong

ဟောင်ကောင်၊ စက်တင်ဘာ ၅

၂၀၁၄ ခုနှစ်က ဒီမိုကရေစီ ဆန္ဒပြပွဲဖြစ်ပွားသည့် ဟောင်ကောင်တွင် ပထမဆုံးအဓိကရွေးကောက်ပွဲအား ကျင်းပ ပြီးစီးကာ မဲများ စတင်   ရေတွက်နေပြီဖြစ်သည်။

Read more