Author: USDP 2016
လျှော့သောက်သင့်တဲ့ အရည်များ
နာမည်ရဆိုင်ကြီးတွေမှာ ကိုယ်နှစ်ခြိုက်စွဲမက်ပြီး သောက်သုံးနေတဲ့ အချိုရည်၊ ဖျော်ရည်တွေက ကျန်းမာရေးကို ဆိုးဝါး ထိခိုက်စေတတ်တာတွေ ရှိကြောင်း သိပါရဲ့ လား။ သကြားတွေ၊ ပြည့်ဝ အဆီတွေက ကျန်းမာရေးထိခိုက်တဲ့ ဓာတု ပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ ဆိုင်ကြီးခမ်းနားတွေမှာ ဈေးကြီးပေးပြီး သောက်သုံးရတဲ့ အခုပြောပြမယ့် သောက်စရာတွေက တွေ့နေကျ၊ သောက်နေကျတွေဆိုရင် ရှောင်ကြဉ်လျှော့ချနိုင်မယ်ထင်ပါတယ်။

Read more
တောင်တရုတ်ပင်လယ် အကျိုးဆက် Obama တရုတ်နှင့်ဆွေးနွေးမည်
G- 20 ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံကို စနေနေ့မှာ ရောက်သွားတဲ့ အမေရိကန်သမ္မတ Barack Obama က သူဟာ ဒေသတွင်းနယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့နေရာတွေမှာ တရုတ်ရဲ့ လုပ်ဆောင်မှုတွေ အတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာနိုင်တယ်ဆိုတာ တရုတ်အစိုးရကို ပြောကြားဖို့ရှိကြောင်း တနင်္ဂနွေနေ့ အမေရိကန် ရုပ်သံ CCN မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

Read more
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီ အဆင့်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာလ (၄) ရက် နံနက် (၈) နာရီက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများအား ပါတီ၏ရှေ့ဆက်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။

Read more
အမျိုးသမီးများ လူနေမှုဘဝ မြင့်မားလာစေရေး အလှအပနှင့် ကျန်းမာရေး အထောက်အကူပြု ရက်တိုသင်တန်း ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သော အမျိုးသမီးများ ကျန်း မာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ အမျိုးသမီးရေးရာကဏ္ဍ၊ အလှအပ ရေးရာနှင့် ကျန်းမာရေးရာအထောက် အကူပြုရက်တိုသင်တန်းအား ယခု လ ၂ ရက်မှ ၃ ရက်အထိ မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်တန်းပို့ချဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Read moreပြည်ခိုင်ဖြိုးအသင်းကြီးမှ ပြည်ခိုင်ဖြိုးပါတီသို့၂၁ နှစ်ခရီးစဉ်တစ်လျှောက် အမျိုးသားနိုင်ငံရေးအလံလွှင့်ထူဆဲ ပါတီတွင်းဒီမိုကရေစီရှင်သန်ဆဲ
မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းဖြင့် ဝင့်ဝင့်ထည်ထည် သမိုင်းထွန်းပြောင် ခဲ့သည်။ မြန်မာတို့သည် ခရုဆန်လွတ်၊ ငှက် တောင်ကျွတ်ပမာ တိုင်းတစ်ပါးသားနယ်ချဲ့ လက် အောက်သို့ ကျွန်သပေါက်အဖြစ် ကျရောက်ခဲ့ သည်။ မြန်မာတို့သည် အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက် ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည် ထောင်စုကြီးကို ထူထောင်ခဲ့သည်။ မြန်မာတို့ သည် လွတ်လပ်ရေးရစမှာပင် အာဏာရရှိရေး အတွက် ဝါဒကွဲ၊ လက်ဝဲ၊ လက်ယာသူပုန်မျိုးစုံ ထကြသဖြင့် ပြည်တွင်းစစ်မီးတောက်လောင် သည့်ဒဏ်ခံရသည်။

Read more
ကြံခင်းမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပူဇော်ကန်တော့
မြန်မာတစ်နိုင်ငံလုံးရှိ အသက် ရာကျော်ဘိုးဘွားသက်ရှည်များ အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂ မဟာသီရိ သုဓမ္မဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)နာယကအဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းက ပူဇော်ကန်တော့လျက်ရှိသည်။ ထိုသို့ ပူဇော်မှုများပြုလုပ်ရာတွင် ယခုလ ၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင် ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များသည် ကြံခင်းမြို့နယ် ဇီးပင်ကွင်းကျေးရွာနေ အသက် (၁ဝ၂နှစ်)ရှိ အဘွား ဒေါ်သိန်းရှင်အား ဖောင်ဒေးရှင်းမှ လှူဒါန်း သည့် အာယုဂုဏပူဇာ ငွေကျပ် နှစ်သိန်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇီးပင်ကွင်း ကျေးရွာအုပ်စု အုတ်ပုံရွာတွင် နေထိုင်သော အဘွားဒေါ်မိုးစိန် အသက်(၁ဝ၂နှစ်)အား သွားရောက် ကန်တော့ကြရာ ဘွားသက်ရှည်က ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း) ကျန်းမာပါစေကြောင်း ဆုမွန်များ ပို့သပြီး ယခုလာရောက် ကန်တော့ သူတို့မှာလည်း ဘဝအဆက်ဆက် က ဆွေမျိုးတော်စပ်သူများဖြစ်၍ သားသမီးများကို တွေ့ရသကဲ့သို့ ဝမ်းသာပါကြောင်း၊ သတိမှတ် ဥာဏ်ကောင်းမွန်စွာ ဆုတောင်း မေတ္တာပို့သ လျက်ရှိသည်ကို တွေ့ မြင်ခဲ့ရသည်။
Read more














