ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် မြို့နယ်ရပ်/ကျေးလပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယခုလ ၃ ရက်က ဒုတိယ အကြိမ် ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်နှင့် ရပ်/ကျေး လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က သြဂုတ်လအတွင်း ဆောင်ရွက်ခဲ့သော ပါတီလုပ်ငန်းဆိုင်ရာများ၊ စက်တင် ဘာလအတွင်းဆောင်ရွက်ရမည့် ပါတီလုပ်ငန်းများနှင့် မြန်အောင် ပြည်ခိုင်ဖြိုးပါတီဝင်များက စုပေါင်းဖွဲ့စည်းထားသော ခြင်္သေ့နှလုံးသား ပရဟိတအဖွဲ့၏ တစ်လတာကူညီပံ့ပိုး ပေးနိုင်ခဲ့မှုများကိုတင်ပြပြီး မြို့နယ်ပါတီကော်မတီနှင့် အရန်မြို့နယ်ပါတီကော်မတီများက တစ်ဦးချင်း မိတ်ဆက်ကာ တိုက်နယ်အလိုက်ဆောင်ရွက်ထားရှိမှုများ ဆွေးနွေးတင်ပြခဲ့ကြသည်။

Read more

ပါတီညီလာခံ အောင်မြင်ခြင်းအထိမ်းအမှတ် သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှတ်တရသစ်ပင်စိုက်ပျိုး

ဒုတိယအကြိမ်ပါတီညီလာခံ (၂ဝ၁၆)အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် သပိတ်ကျင်းမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ (၇)မိုင်-တကောင်းသွားကားလမ်း မိုင်တိုင် ၈ ဖာလုံနှင့် ၉ ဖာလုံ ကြားတွင် အရိပ်ရပင် ၂ဝဝ အား ယခုလ ၂ ရက် နံနက် ၈ နာရီမှ ၉ နာရီအထိ အမှတ်တရစိုက်ပျိုးခဲ့ ကြသည်။
ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် သပိတ် ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသန်းအောင်၊ နယ်မြေတာဝန်ခံ ခရိုင်ပါတီကော်မတီဝင် ဦးကျော် ဇောအောင်၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတူ မြို့နယ်အတွင်းရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီ ဝင်များ စုစုပေါင်း အင်အား ၁၁ဝ ခန့်တက်ရောက်ကာ တပျော်တပါး အမှတ်တရသစ်ပင်စိုက်ပျိုးပေး ခဲ့ကြသည်။
မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှ အမှတ်တရစိုက်ပျိုးခဲ့သောအရိပ် ရသစ်ပင်များမှာ ကျွန်း၊ မဲဇလီနှင့် ယူကလစ် အစရှိသော ပျိုးပင်များ ဖြစ်ကြောင်း သိရသည်။

Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများကို ငွေကျပ် နှစ်သိန်းစီ နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်း စိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ အသက် ၁ဝဝ အထက် ဘိုးဘွား များကိုလှူဒါန်းသော ငွေကျပ် နှစ်သိန်းတိတိစီကို စက်တင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်အတွင်းရှိ အဘိုး၊ အဘွား နှစ်ဦးကို ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

စစ်တွေသို့ ရောက်ရှိလာသည့် ကိုဖီအာနမ် ကို ဒေသခံများမှ ဆန္ဒပြ

ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနမ် ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းက စစ်တွေသို့ရောက်ရှိလာစဉ် လေဆိပ်ထွက်လမ်း တစ်လျှောက်၌ ဒေသခံ ၃၀၀ ခန့်က ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

4_20

(more…)


Read more

လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန်မလိုအပ်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံတွင် လီဆူအမျိုးသားတိုးတက်ရေးပါတီက လီဆူအထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသတ်မှတ်ပေးရန် ဆွေးနွေး ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရန် မလိုအပ်ကြောင်း ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဘောထားထုတ်ပြန်သည်။ (more…)


Read more

အဝေးသင်တက္ကသိုလ် စာမေးပွဲရက်များ ထုတ်ပြန်

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်များ၏ အနီးကပ်သင်တန်းနှင့် အတန်းတင်စာမေးပွဲ အချိန်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ပထမအသုတ်ဖြစ်သည့် သိပ္ပံ အထူးပြု ဘာသာရပ်တွဲအားလုံးအတွက် အတန်းတင်စာမေးပွဲကို အောက်တိုဘာ ၃ ရက်ကနေ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (more…)


Read more

အဲကမ္ဘောဇ၏ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ချင်းမိုင်မြို့သို့ ပျံသန်းမည်

ပြည်တွင်းခရီးစဉ်များကိုသာ အဓိကထား ပျံသန်းပြေးဆွဲလျက်ရှိသော Air KBZ လေကြောင်းသည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို နိုဝင်ဘာအတွင်း စတင်ပျံသန်းပြေးဆွဲမည်ဟု သတင်း ရရှိသည်။ (more…)


Read more

လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ (more…)


Read more

စက်တင်ဘာ ၁၃ ရက်သည် အီဒွလ်အဿွာဟာ(ဘက္ကရီအီးဒ်)နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

၁၃၇၈ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက် (၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်) အင်္ဂါနေ့သည် အီဒွလ် အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။

Read more

ဂါရတ်ဘေးလ် တစ်ပတ်ယူရို လေးသိန်းကျော်ဖြင့် ရီးရဲလ်နှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူ

1809279-38182871-2560-1440

ရီးရဲလ်မက်ဒရစ်နှင့် ဂါရတ်ဘေးလ်တို့သည် တစ်ပတ်လုပ်ခယူရို ၄၁၇,၀၀၀ ဖြင့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်ကိုသဘောတူလိုက်ကြောင်း ဗြိတိန် သတင်း ဌာနများက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဘောလုံးရာသီများက ဂါရတ်ဘေးလ်သည် ပရီးမီးယားလိဂ်သို့ ပြန်ရောက်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းသည် ရီးရဲလ်တွင် အခြေကျနေပြီဖြစ်ကာ ရီးရဲလ်က လည်း ၎င်း၏စွမ်းဆောင်ရည်ကြောင့် အလွန်ပျော်ရွှင်နေကြောင်း သိရသည်။

Read more