Author: USDP 2016
ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ (၃) ရက် နံနက် (၁ဝ) နာရီက နေပြည်တော်ရှိ ကရုဏာ ကမ္ဘာ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ကြောင်းသိရသည်။
ဗဟိုဦးဆောင်ကော်မတီဝင်နှင့်ဇနီးတို့အား ဘိုးဘွားရိပ်သာကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း (ဗိုလ်မှူးချုပ်-ငြိမ်း) နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ရိပ်သာဧည့်ခန်းမတွင် ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် အဘိုးအဘွားများအား စောင့်ရှောက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားရာ ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့က အလှူငွေကျပ် သိန်းငါးဆယ်တိတိကို ရိပ်သာ ဒုတိယဥက္ကဋ္ဌထံပေးအပ် လှူဒါန်းခဲ့သည်။
စစ်တွေမြို့နယ်ရှိ အသက်တစ်ရာနှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းနှင့် အလှူငွေများ လှူဒါန်း
ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀၀ နှင့်အထက် အဘိုးအဘွားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ဆက်လက်နေထိုင်နိုင် ပါစေကြောင်း ဆုမွန်ကောင်းပြုလျက် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခံ သက်ကြီးဝါကြီးပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာအသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် အလှူငွေများ ပေးအပ်လျက်ရှိသည်။
Read moreရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေများ ရန်ကင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ ပေးအပ်လှူဒါန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း) ဦးဆောင်သည့် “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ လှူဒါန်းသော အသက်(၁၀၀)နှင့် အထက် အဘိုးအဘွား ထောက်ပံ့ငွေများအား စက်တင်ဘာလ (၄) ရက် နေ့လည် (၂) နာရီအချိန်တွင် ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။
Read moreမော်လမြိုင်မြို့”Green 9″ပရဟိတလူငယ်အဖွဲ့ ဖွဲ့စည်း
မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မော်လမြိုင်မြို့ ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူငယ်များစုစည်း၍ “Green 9” ပရဟိတ လူငယ်များအဖွဲ့အား ဖွဲ့စည်းခြင်းကို ၅.၉.၂၀၁၆ ရက်နေ့တွင် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လူငယ်များ စုစုပေါင်း (၇၉) ဦးတက်ရောက်
ခဲ့ကြသည်။
လေဘေးသင့် ပါတီဝင်မိသာစုအား သံဖြူဇရပ်ပြည်ခိုင်ဖြိုး ထောက်ပံ့
သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ၅.၉.၂၀၁၆ ရက်နေ့ နံနက် ၁၂း၃၀ အချိန်ခန့်တွင် မြို့နယ်ပါတီ ဥက္ကဌ ဦးစိုးနိုင်သည် ၂၈.၈. ၂၀၁၆ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြာင့် နေအိမ်ပေါ် အုန်းပင်လဲကျခဲ့သည့် ကျိုက္ခမီမြို့ မြမာလာကျေးရွာမှ အိမ်ရှင်ဖြစ်သူ ပါတီဝင်ဒေါ်အေးသူဇာအား လေဘေးကြောင့် နေအိမ်ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်
ပြည်နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ သံဖြုဇရပ်မြို့နယ် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးအား တွေ့ဆုံ ။
၂၀၁၆ခုနှစ် စက်တင်ဘာ(၅)ရက်နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးတို့မှ သံဖြုဇရပ်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးတို့အား တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် အတွင်းရေးမှူးတို့မှ မိမိကိုယ်ကို စတင်မိတ်ဆက်ကာ မိမိပါတီရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြသည်။
အဘွားနှစ်ဦးအား အလှူငွေကျပ်နှစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် အခြေခံပညာ မူလတန်းလွန်ကျောင်းကို ရေစုပ်စက်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးသန်းမြင့် (ခရိုင်တာဝန်ခံ) ဦးဆောင်ပြီး မိတ္ထီလာခရိုင် အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ မြို့နယ်ကော်မတီဝင် များဖြစ်ကြသော ဒေါ်ဝင်းမြင့်သန်း (စည်းရုံးရေးတာဝန်ခံ)၊ ဦးကျော်စွာမောင် (နယ်မြေ တာဝန်ခံ)၊ ဒေါ်လှလှဝင်း (နယ်မြေတာဝန်ခံ)၊ ဦးရန်မျိုးကျော်၊ ဦးစိုးဦး၊ ရုံးအုပ်ကြီး ဦးမြင့်ဟန်ထွန်းတို့ လိုက်ပါလျက် ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှ ကျေးရွာအုပ်စု ဂွေးကန်ကျေးရွာ နေ အသက် ၁ဝ၆ နှစ် ဒေါ်ဖွားကြည် နှင့် လိန်ပင်ကျေးရွာအုပ်စု ထန်းနောင်း ကုန်းကျေးရွာနေ အသက် ၁ဝ၁နှစ်ရှိ အဘွားဒေါ်စောကြည်တိုး တို့နှစ်ဦးအား စက်တင်ဘာလ (၃) ရက်တွင် အိမ်တိုင်ရာရောက်သွားရောက်ပြီး အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်( နိုင်ငံတော် သမ္မတ-ငြိမ်း)နှင့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းနာယကကြီး ကိုယ်စား(ရာဇသင်္ဂဟဖောင်ဒေးရှင်း)မှ ပေးအပ်လှူဒါန်းသော အလှူငွေ များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ တို့ကို လက်ရောက်ပေးအပ် ကန်တော့ခဲ့သည်။
Read more















